"မမ"
"အားရန်နဲ့ စစ်သူကြီး ဒီကို အဘယ်ကြောင့်လာတာလဲ"
"ဗိုက်ထဲက ကလေးလေးကို လွမ်းလို့လေ"
"စစ်သူကြီးကကော"
"ပေါက်စနဲ့အတူပါလာပါ"
"ထိုင်ပါအုံး အချိုပွဲယူလာပေးပါ"
"ဟုတ်ကဲ့မယ်မယ်"
"အိုး စစ်သူကြီးရောက်နေပါလား"
"ကွေ့ဖေးမယ်မယ်ကို ဂါရဝပြုပါတယ်"
"နေသာသလိုနေပါ ဒီမိဖုရားက မိဖုရားခေါင်ဆီလာတာပါ နှစ်သိမ့်အားပေးရင်းပေါ့ ဒီလို အချိန်က လင်ယောက်ျားရဲ့နွေးထွေးမှုကိုလိုအပ်တယ်လေ"
'တစ်ဖက်လှည့်နဲ့ ဖေးလီကို နှိမ်ပြောနေလေသည်'"ကွေ့ဖေးပုံစံကလဲ ကိုယ်ဝန်ရှိတာနဲ့မတူသလိုပဲနော် မြောက်ကြွနေတာပဲ"
"အသင်လို အပျော်ကြူးသူက ဆေးပညာနားလည်မယ်ထင်သလား"
'ဘေးက စစ်သူကြီးကတော့ သူသတ်ငွေ့တွေထနေသည်'
"ကျနော်မျိုး ဆေးပညာမကျွမ်းဘူးလို့မည်သူပြောလဲ သေချာအောင် ကွေ့ဖေးကို စမ်းသပ်ခွင့်ပြုပါလား"
"သင်လိုနိမ့်ကျတဲ့သူက ငါမိဖုရားအသားကိုထိစရာလား"
(ခခ ထပြီးကန်ပစ်လိုက်စမ်းပါ သူ့ကိုယ်သူတောသူဆိုတာမေ့နေသလား မရှိတဲ့ကိုယ်ဝန်ကိုဗန်းပြ)
*ငါလဲ ခြေထောက်တွေယားးနေပြီ*
"ဒီမိဖုရားခေါင်ကို မထီမဲ့မြင်ပြုနေတာလား ကွေ့ဖေး ဝမ်ဖေးရန်က ငါမိဖုရားမောင်တော်ပါ သင့်ထပ်မျိုးရိုးမြင့်တယ်"
'ချီယုကဒေါသထွက်လွန်ပြီး လက်သီးစုပ်ထားလေသည်'*မှတ်ထား ဝမ်ဖေးလီ ငါနင့်ကိုအရှက်ရအောင်ပြန်လုပ်မယ်*
"တောင်းပန်ပါတယ်မိဖုရားကြီး ကျနော်မျိုးမ ရိုင်းပြမိပါတယ်"
"ရတယ် မယ်မင်းအခုလို လာနှစ်သိမ့်စရာလဲမလိုဘူး အရှင် ငါ့ကိုဂရုမစိုက်တောင် ငါ့မှာမိသားစုရှိတယ် စိတ်ပူပေးမယ့်မောင်တော်လဲရှိတယ် မရှိတဲ့မယ်မင်းကပဲ အရှင့်ယုယမှုကိုလိုအပ်မှာပါ"
YOU ARE READING
Happy System(Completed)
RomanceSystem Start date=14/6/2021 End date=20/11/2021 Author= Yin Lay