Arc.7.5

6.9K 814 39
                                    

"ဖူးစာရေးနတ်သားချန်ရုံ ပြန်လာပါပြီ အရှင်"

"ညီလာခံ အမြန်လုပ်စေ"

"ချန်ရုံ  မင်းးး"

"ဆရာ့ကို ဂါရဝပြုပါတယ် တာဝန်တွေလဲပြီးခဲ့ပါပြီ"

"ဘာကိုပြီးတာလဲ  မင်း ငါ့ကို ဘုံ ပျောက်အောင်လုပ်နေတာလား မြှားမပစ်တတ်ဘဲ ဘာကြောင့် မြှားနတ်မောင်လုပ်ရတာလဲ"

"ဒီတပည့်က မြှားပစ်ချန်ပီယံပါ ဆရာတွဲပေးတဲ့ ဖူးစာက ကံအကြောင်းမလှလို့ တပည့်ရဲ့မြှားက သိဒ္ဓိအစွမ်းနဲ့ ကွေ့ပြီးမှန်သွားတာ"

"တိတ်စမ်း နတ်ဖြစ်တဲ့မြေခွေးလုံမေ ကို တိရစ္ဆာန်တစ်ကောင်နဲ့ဖူးစာဖက်ပေးတယ် အဲ့ဒါကြီးလေးတဲ့အပြစ်ဒဏ်ပဲ "

"ဆရာကလဲ  မြေခွေးကလဲ  ခွေးးပဲလေ တိရစ္ဆာန်ခြင်းအတူတူ"

"တော်စမ်း လုံမေက နတ်မြေခွေးး သူက နတ်ဆိုးအရှင်ရဲ့ဧကရီဖြစ်လာမှာ မင်းကြောင့် ဒီကောင်းကင်ဘုံမှာ စစ်ဖြစ်ရတော့မယ် "

*ဘာကြီးလဲ သူ့မယားကို ခွေးနဲ့ချည်မိတာ ခွေးတိုင်းပြည်သွားဖြစ်ပေါ့ အရင်လို သိကြားမင်းမိန်းမ နဲ့သူနဲ့လဲ မဟုတ်ပါဘဲ အင်းပေါ့လေ ဒင်းက ခွေးနဲ့မယားလုဘက် ဖြစ်သွားတာပေါ့ *

"အဟိ"

"ဒီအခြေနေကို ရီနိုင်သေးတယ် ပိုဆိုးတာက မင်းကိုယ်မင်း ဖူးစာကြိုးချည်လာတာပဲ"

"အမ်  ဘယ်မှာချည်လို့လဲ "

"ကောင်းကင်အရှင်က ညီလာခံ ခေါ်ဆောင်လိုက်ပါတယ်"

"လာ သွားကြမယ် ဒီကိစ္စက ကောင်းကင်တစ်ခုလုံးပြန့်နှံ့နေပြီ ဒီတစ်ခါ လေနတ်သားကော မီးနတ်သမီးပါ မကယ်နိုင်တော့ဘူး"

*ဘာတွေ ကြီးသွားလို့လဲပါ့ ငါက မြှားအပိုပဲ မှန်တာကို ဘယ်မှာချည်လို့လဲ သူ့မိန်းမခွေးနဲ့ညားလို့လားပါ့ ဒီချိန်ဆို ခွေးဖင်ပူး ပြီးလောက်ကောပါ့ အဟိ မွေးလာရင် မြေခွေးတစ်ပိုင်း ခွေးတစ်ပိုင်းမွေးမှာလားး နတ်မြေခွေးဆို လူပုံစံပြောင်းရတာပဲ လူတစ်ပိုင်း ခွေးတစ်ပိုင်းမွေးမှာလားး လူခန္ဓာ ခွေးအမြီးးနဲ့ မြေခွေးခေါင်းလားပါ့ ခွေးတူဝက်တူဆိုတာ ခွေးတစ်ပိုင်းဝက်တစ်ပိုင်းမို့နေမှာ အခုက ခွေးတူလူ  မဟုတ်ပါဘူးးသူကနတ်ဆိုတော့ ခွေးတူနတ်တူပါ့ တစ်နေ့တော့အဲ့ဒီ ခွေးနတ်စပ်ကြားမျိုးစိပ်ကို သွားလေ့လာရမယ်*

Happy System(Completed)Where stories live. Discover now