(This part contain some adult (16+) usages:
So read your own risk ! )Our motto is to win , not to defeat
ငါတို့၏ ဆောင်ပုဒ်သည် အနိုင်ရရန်သာ အရှုံးပေးရန်မဟုတ်ပေကျင်းတရားစီရင်ရေးခန်းမ
~~~~
မီးကိုရေနဲ့ငြိမ်းထားသကဲ့သို့
အပ်ကျသံပင်မကြားရအောင် တိတ်နေတဲ့အခန်းကျယ်ကြီးထဲတွင် မိစ္ဆာတစ်ကောင်ကို
ချောင်ပိတ်ရိုက်နေသည်။"ကျိုးကျစ်ဟန်! ခင်ဗျားအရင်ပတ်က ရုံးချိန်းမှာထွက်ဆိုခဲ့တဲ့
'အမှုဖြစ်တဲ့အချိန် ကျွန်တော့်ဇနီးနဲ့ Bijoux hotel မှာညနေစာ စားနေခဲ့ပါတယ် '
ဆိုတဲ့ အလီဘိုင်က အမှားကြီး !အမှုကျူးလွန်တဲ့အချိန်က ညနေ ၇နာရီ ၂၀မိနစ်
ခင်ဗျားhotel ကိုရောက်တဲ့အချိန်က ၈နာရီလို့အလီဘိုင်ပြထားတယ် ။တကယ်တော့ ခင်ဗျားဇနီးနဲ့ ချိန်းတဲ့အချိန်ည၈နာရီ ထက် ၃၀မိနစ်ကျော်မှခင်ဗျားရောက်လာခဲ့တာ။
နောက်တော့hotelက cctv recoder တွေကိုလာဘ်ထိုးပြီး မှတ်တမ်းတွေကို ဖျက်ခိုင်းတယ် ။
မထင်မှတ်ထားတာ တစ်ခုက အဲ့ဒီ့က စားပွဲထိုးလေးကခင်ဗျားပြုတ်ကျကျန်ခဲ့တဲ့ ဟော့ဒီ နားဆွဲလေး ကိုကောက်ယူမိတာပဲ ! "အိတ်အကြည်နဲ့ ထုတ်ပိုးထားတဲ့ဖန်စီနားဆွဲလေးတစ်ခုကို သက်သေအဖြစ်ထောင်ပြမိတော့ တရားခံရဲ့မျက်နှာဟာ မြင်မကောင်းလောက်အောင် မှောင်မိုက်သွားလေ၏။
"ဒါ ဒါ ! ! ! "
အဟက် ! မလန့်ပါနဲ့အုံး ဒါအစပဲရှိသေးတာကို။သူများသားသမီးကို ဖျက်လိုဖျက်စီးလုပ်ခဲ့တုန်းက အပြုံးတွေမြင်ချင်သေးတယ်လေ။
"တရားလိုရှေ့နေ ဆက်ပြောပါ ! "
"အားလုံးပေါင်း အချိန်ကွာဟ ချက်ဟာ ၁နာရီ၁၀ မိနစ်နဲ့ ၂၃ စက္ကန့် !
ကျောင်းသူ ဆွေ့အာကို နာရီဝက်တိတိ မုဒိန်းကျင့်တယ် ကျန်တဲ့အချိန်မှာ ပိုက်ဆံပေးပြီးနှုတ်ပိတ်ဖို့ ပြောတယ်။ လက်မခံတော့ အကြမ်းဖက်ချိန်းခြောက်ရိုက်နှက် တဲ့အထိ လုပ်တယ်။
အဲ့ဒီ့မှာတင် ည၈နာရီ ၂၁ ဖြစ်နေပီ
ကျန်တဲ့ ၉မိနစ်ကျော်က ခင်ဗျားဇနီးရှိတဲ့နေရာဆီကိုလာတဲ့ကြာချိန်ပဲ ! "
YOU ARE READING
NEVER EVER (Complete)
Fanfictionဝင်သက်ထွက်သက်များ ။ ဝင္သက္ထြက္သက္မ်ား...။ Give me Hope ! Have a heart !