လက်ထဲက စီးကရက်အတို ကိုအဆောက်အအုံဝ တွင် ထိုးချေကာခြေဖြင့်နင်းလိုက်ရင်း သက်ပျင်းငွေ့ငွေ့ချလိုက်တယ်။
နှလုံးသားက အလိုမတူပါပဲ ' တာဝန်အရ ' ဆိုတဲ့ အခြေနေတွေဟာ ဒီလိုမျိုးအငွေ့ပျံသေဆုံးသွားရင်ကောင်းမယ်။'ရှင်းဟွာ ' စိတ်ရောဂါ အထူးကုဆေးရုံ
၆လတစ်ကြိမ် ဝဋ်ကြွေးလာဆပ်နေရသည့်နေရာလေးမှာ စိတ်ဆင်းရဲဖွယ်အတိဖြင့်
အရင်လိုလှပနေတုန်းပင်။ဆေးရုံဝန်းထဲရှိ စင်္ကြတစ်လျောက် ဆာကူရာ ပန်းများဖြန့်ခင်းထား၏။အပေါ်မှကျရောက်နေသည့် နေရောင်ခြည်နုနုဖြင့် အရာရာဟာ ငြိမ်းချမ်းနှစ်လိုဖွယ်။
လမ်းတစ်လျောက် သူ့ကို လူရင်းသဖွယ် နှုတ်ဆက်လာကြသည့် nurse တွေကို ပြုံးပြမိသည်။"ရှောင်းလောင်ရှီး ရောက်လာပီလား ! "
ရှပ်အင်္ကျီအဖြူကို စတိုင်ပန်အနက်နဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့လူက ဆာကူရာတွေကြားထဲ သိပ်ကိုလှနိုင်လွန်းတယ် ဟူ၍nurse မငယ်လေးများက တိုးတိုးတမျိုး ကျယ်ကျယ်တစ်မျိုး မှတ်ချက်ပေးနေလျက်။
~~~~~~
ဆေးရုံခန်းကို မဝင်သေးပဲ ဆာကူရာ ပင်အောက်ရှိ ခုံတန်းပေါ်တွင် ငုတ်တုတ်ဝင်ထိုင်လိုက်သည်။ဒီကိုရောက်လာတိုင်း ထိုင်နေကျပင်။
ဘာလို့မှန်းမသိ ပန်းမကြိုက်တဲ့ရှောင်းကျန့်က ဆာကူယာအပင်ပေါင်းများစွာထဲမှ ဒီအပင်လေးကို သဘောကျမိ၏။
တစ်စုံတစ်ခုသော အခြေအနေဖြင့်ပင်တူနေလွန်းသည်မလား။အတွေးနဲ့တင် ဟက် ခနဲသွားဖြူတန်းလေးများပေါ်အောင်ရယ်လိုက်မိသည်။
အချစ်ဆိုတာကတစ်ခါတစ်လေ အထူးအဆန်းပဲ။စိတ်သောက ရောက်ခြင်းတွေနဲ့လာရသည့် ဤနေရာမှာ သူသဘောကျရတဲ့ ဆာကူရာအပင်လေးအောက် ထိုင်နေမိပြီး
အဆိုးအဆာလေး တစ်ကောင်အကြောင်းတွေးနေမိသလိုမျိုးလေ။
စိတ်ဆင်းရဲရပေမယ့် စပ်ဖြဲဖြဲဖြစ်နေသလိုမျိုးကြီးရယ်။ရယ်နေတာကို လူမိမှာစိုးသဖြင့် ဘေးဘီပတ်လည်ကို တစ်ချက်ရှိုးလိုက်တော့
အပြုံးနုနုကတော့ မကွယ်ပျောက်ပဲ နှုတ်ခမ်းပါးပါးပေါ်တွင် ချိတ်ဆွဲလျက်။
YOU ARE READING
NEVER EVER (Complete)
Fanfictionဝင်သက်ထွက်သက်များ ။ ဝင္သက္ထြက္သက္မ်ား...။ Give me Hope ! Have a heart !