ရေစက်စက်ကျနေတဲ့ ေကာင်းရှန်ကို ဆေးရုံကုတင်ပေါ်ပစ်တင်ပြီး ရိပေါ်ရဲ့ခြေလှမ်းတွေကို တစ်စုံတစ်ဦးရှိရာ ဦးတည်တယ်။
"ဒီမယ် လူနာရှင်ရှိနေမှရပါမယ်ရှင် ! "
နပ်စ်မလေးက ပြာပြာသလဲ အနောက်ကနေ လှမ်းအော်တော့
ကျစ်စ် တစ်ချက်စုတ်လိုက်ပြီး အခန်းအပြင်ဘက် လူနာရှင် ခုံတန်းလျားပေါ်ငုတ်တုတ်ပစ်ထိုင်လိုက်သည်။
စိတ်ထဲမှာလေးလံနေသလို။"ေဆးရုံမဆင်းရသေးခင် လူနာက အခုလိုပျောက်ပျောက်သွားလို့မရဘူးရှင့် ။စိတ်ကျရောဂါသည်မို့လို့ ပိုပြီးဂရုစိုက်ရပါမယ် "
ကောင်းရှန်ရဲ့အဝတ်စိုတွေကို လက်မှာပိုက်ထားတဲ့ Nurse က ရေတပိုင်းစိုနေတဲ့ ရိပေါ်ကိုသတိပေးသလိုပြောလာတယ်။
"သိပြီ "
အင်းမလှုပ်အဲမလှုပ်နဲ့ ဒီလူနာရှင်က ဘယ်လိုမျိုးလဲဆိုတဲ့ အကြည့်မျိုးနဲ့ပါကြည့်လာတဲ့အခါ စိတ်ဆတ်လွယ်တဲ့သူက အခန်းတံခါးကိုဝုန်းခနဲစောင့်ပိတ်ဝင်ရင်း မင်ရန်တို့ရောက်လာမယ့်အချိန်ကိုသာ ပေကပ်ကပ်မျော်နေခဲ့တယ်။
ခရစ်စမတ်ရောက်ရန် ရက်ပိုင်းအတွင်းသာ လိုတော့သည်မို့ ညနေပိုင်းနှင်းထုဟာ ကားလမ်းတွေ ပိတ်နိုင်တဲ့အထိ ထူထပ်ကြောင်း။
လိုအပ်မှုမရှိလျှင် အပြင်သို့မထွက်ပဲ လုံခြုံတဲ့အဆောက်အဦးအတွင်း၌သာ နေသင့်ကြောင်းတွေကို အခန်းတွင်း မိုးလေဝသ ချန်နယ်တစ်ခုက အဆတ်မပြတ်ထုတ်လွှင့်နေတယ်။ရိပေါ်က ကုတင်ခြေရင်းမှာ လက်သည်းကိုက်ရင်း ဟိုဘက်ဒီဘက်လျောက်ကာ မင်ရန်နဲ့ကျိရန်တို့ကိုစောင့်နေရတယ်။ဆွဲဆန့်ထားတဲ့ စိတ်တွေက မရှည်ချင်။သူအခုချက်ချင်းပင် ဟိုလူရှိရာကိုသွားချင်နေပီ။
"လာပြီလား ..."
အခန်းတွင်းဝင်ရောက်လာတဲ့ မင်ရန်က သူစီးလာတဲ့ ဆိုင်ကယ်သော့နဲ့ helmet ကိုချွတ်ပြီး ရိပေါ်ကိုလှမ်းပစ်ပေးလိုက်တယ်။
ပါးစပ်ကလည်း "ခွေးသား အခုမှအသည်းသန် ဘာထဖြစ်တာလဲ" လို့ဆဲရေးရင်း။ရိပေါ်ကလည်း ဆိုင်ကယ်သော့တွဲကို လှမ်းဖမ်းပြီး " စောက်ကြောကိုရှည်တယ် "လို့ ဆဲရင်း လက်ခလည်ထောင်ပြလိုက်တယ်။အချိန်အားဖြင့် ညလယ်ရောက်နေပီ။ မီးလင်းဖိုဘေးမှာ သူ့ကိုဟိုလူကြီးစောင့်မှာ။
YOU ARE READING
NEVER EVER (Complete)
Fanfictionဝင်သက်ထွက်သက်များ ။ ဝင္သက္ထြက္သက္မ်ား...။ Give me Hope ! Have a heart !