13(U/Z)

3.7K 481 12
                                    


စူးရှတဲ့ မျက်ဝန်းတွေပေါ် မျက်မှန်းဝိုင်းအကြည်လေးဆင်မြန်းကာ  သတင်းစာငုံ့ဖတ်နေတဲ့ ရှောင်းမြေခွေးကြီးနဲ့ ယောကျာ်းဖြစ်သူ ရိပေါ်တို့ဟာ ဧည့်ခန်းကျယ်ကြီးအတွင်း  အသဲအသန်ငြင်းခုန်နေလျက်ရှိတယ်။

"တစ်ပတ်! "

"မရဘူး တစ်လ ! "

"နှစ်ပတ် ဗျာ ! "

"နှစ်လ! "

"ကျစ်စ် ၁၅ရက်ဗျာ !

"သုံးလ !"

"တောက်ခ်  ရှောင်းကျန့် စောက်ရေးမပါတာတွေမပြောနဲ့။ကျွန်တော် ဆိုင်ကယ်စီးရတာ ကြိုက်မှန်းသိလို့ ခင်ဗျားသက်သက်မဲ့ ညစ်နေတာ ! "

အလိုလိုက်ခံထားရတဲ့ကလေးတွေဟာ အခြားကလေးတွေထက် ပိုဆိုးလေ့ရှိတယ်။ပိုရိုင်းလေ့လည်းရှိကြောင်း ရိပေါ်ရဲ့အသုံးအနှုန်းတွေကို နားထောင်နေရခြင်းအားဖြင့် အတတ်သိနိုင်တယ်။

"မင်းဆိုင်ကယ်စီးရတာကြိုက်မှန်းငါသိတယ်။
လောလောဆယ် အရိုးအက်ထားတဲ့ခြေထောက်နဲ့ စီးလို့မရသေးမှန်းကော မင်းသိလား။ငါ့လုပ်စာကို ဝှီးချဲနဲ့ထိုင်စားချင်သေးတယ်ပေါ့။ဒီကြားထဲ အသေဆိုးနဲ့သေရင် ငါကမုဆိုးဖိုဖြစ်ပြီးနာမည်ပျက်အုံးမယ် ! "

ရိပေါ် ဆေးရုံဆင်းထဲက စကားအကောင်းမပြောဖြစ်ကြတဲ့ ၂ယောက်ဟာ တွေ့တိုင်းလဲ တကြက်ကြက်။ရှောင်းကျန့် စိတ်ဆင်းရဲစေမယ့်အရာမျိုးလုပ်ထားပေမယ့် ရိပေါ်ကအလျော့ပေးဖို့စိတ်ကူးမရှိဘူး။ရှောင်းကျန့်လည်း ထို့နည်းတူ။

"ဟေး ခင်ဗျားရှေ့နေဖြစ်ပြီး စကားတတ်တိုင်းလူကိုမှိုချိုး မျှစ်ချိုးမပြောနဲ့ ! "

"မင်းမှိုကို ထိတောင်မထိဘူး။ချိုးဖို့ဆို ဝေးစွ! "

"ရှောင်းကျန့် ခင်ဗျား! ! ! !"

ရိပေါ်ကိုတစ်ချက်မျှတောင်စောင်းငဲ့မကြည့်ပဲ သတင်းစာကိုသာ သဲကြီးမဲကြီး ပြန်ငုံ့ဖတ်လျက်ရှိတယ်။ဘဝမှာအမုန်းဆုံးအရာဟာ ရှောင်းကျန့်ဆီက လျစ်လျူရှု ခံရခြင်းပဲလို့ပြောရင် လွန်ရာကျမယ်မထင်ဘူး။

အေးစက်လွန်းတဲ့ရှောင်းကျန့်လက်အတွင်းက အခိုးအငွေ့လောက်ပဲဖြစ်ဖြစ်တော့ သူအရေးပါချင်ပါတယ်။

NEVER EVER (Complete)Where stories live. Discover now