ဖြန်း! ! !"နင့်အကိုကို အခုတောင်းပန်လိုက်စမ်း.."
"မား သူကအရင်သမီးကိုရိုက်တာလေ..."
"အဲ့လိုဆိုတိုင်း နင်ကသွေးထွက်အောင် လုပ်ရလားဟဲ့! ! ! "
လက်ထဲက ကြွေရုပ်ထု ထိပ်ပဲ့လေးကို ကျစ်နေအောင် ဆုပ်ကိုင်ရင်း သူမမဲ့ပြုံးပြုံးလိုက်တယ်။
စတင်ပြီး ကိုယ်ထိလက်ရောက် ရန်ရှာတဲ့ သားဖြစ်သူကိုတော့မသိချင်ယောင်ဆောင်ထားတဲ့ မိခင်ကိုမုန်းလွန်းလို့ ရူးမတတ်ပဲ။ဖြန်း! ! !
လက်ဖဝါးတစ်ဖက်ဟာ ပါးပြင်နုနုပေါ်ကို ထပ်ရောက်လာတယ်။အကြောတင်းစွာပဲ သူမက စူးစူးဝါးဝါးပြန်စိုက်ကြည့်ရင်း မိခင်ဖြစ်သူရဲ့ နောက်ထပ်ရိုက်ချမှုကို စောင့်နေလိုက်တယ်။ မတောင်းပန်နိုင်ဘူး...
သားအမိချင်း အကြည့်စစ်ပွဲမှာ ကြားဝင်ဖြန်ဖြေပြီး အမှတ်ယူသူက အကိုဖြစ်သူ။
"မား ကျွန်တော်ကရပါတယ်...မားလည်း စိတ်ညစ်မနေနဲ့တော့ ညီမလေးကိုလည်းမ ရိုက်ပါနဲ့တော့ "
စောက်ပိုတွေ။ အဲ့လိုပြောပြောပြီး ညီမဖြစ်သူကို ကွယ်ရာကျ လက်ပြန်ရိုက်ချ 'နင့်ကိုဒီအိမ်ပေါ်မှာမမြင်ချင်ဘူး ' လို့ပြောပြီး နှင်ထုတ်တတ်တဲ့ သောက်ကျိုးနဲ အကိုတော်။
"ဟန်ကောင်းရှန်! ! ! နင်နောက်မှငါနဲ့တွေ့မယ် "
ချစ်လှစွာသောသားရဲ့ဖက်တွယ်မှုကိုခံယူပြီး ကျိန်းဝါးသွားတဲ့ မိခင်ဟာ သူမကိုကျ ရန်သူလိုသဘောထားလေရဲ့။တရားသလား။
ကိုကို့ ကိုမုန်းတယ်။
သားသမီး၂ယောက်ကြား အမြဲခွဲခြားဆက်ဆံပြီး သားဖြစ်သူကိုမှ မျက်စိထဲဝင်တဲ့ မားကိုလည်းမုန်းတယ်။ကိုကို့ ကိုအမွေတွေအကုန်ပေးဖို့အတွက် သူမကိုနိုင်ငံခြား 'ပ' လွှတ်ခဲ့တဲ့အဖြစ်ကိုအမုန်းဆုံးပါပဲ။မားက အသည်းမာတယ် ။
ရက်စက်တယ်။
သူမကတော့ ကိုယ့်အတွက်မဟုတ်တော့တဲ့
အရာရာကို စိတ္တဆန်စွာ ဖျက်ဆီးပစ်ချင်တယ်။"ဟယ်လို ရဲစခန်းကလားရှင့် မူးယစ်ဆေးမှုနဲ့တိုင်ချင်လို့ပါ...."
YOU ARE READING
NEVER EVER (Complete)
Fanfictionဝင်သက်ထွက်သက်များ ။ ဝင္သက္ထြက္သက္မ်ား...။ Give me Hope ! Have a heart !