3( U/Z )

4.1K 435 3
                                    

Back to memories

"မဖြစ်နိုင်ဘူး ! "

"ဒီတစ်ခါ ထဲပါကွာ ! ! ! "

"လုံးဝပဲ ဆရာ ! ! ! "

"..."

ရုံးခန်းထဲတွင် အော်ကြီးဟစ်ကျယ်ငြင်းခုန်နေတဲ့ ရှေ့နေ ဆရာတပည့်၂ယောက်။

"ဒီအမှုကို ကျွန်တော်မကိုင်နိုင်ဘူး!
ကျွန်တော်မှ မဟုတ်ဘူး ဘယ်သူမှမကိုင်ချင်တာ ရှေ့နေတစ်ယောက်ပဲဖြစ်ချင်တယ် နိုင်ငံရေးသမားမဖြစ်ချင်ဘူး ဆရာ ! "

"အေး ဘယ်သူမှမကိုင်ချင်တဲ့အမှုမို့လို့
မင်းကိုအားကိုးတာပေါ့ကွ စဥ်းစားစမ်းပါရှောင်းကျန့်ရာ မင်းမှမဟုတ်ရင်မဖြစ်ဘူးဆိုတာသိသားနဲ့ ငါ့မျက်နှာတော့ထောက်ပါအုံးလား "

ရှေ့နေချုပ်ကြီးဖြစ်နေလို့ပေါ့ မဟုတ်ရင်လည်းတစ်ကယ်ပြေးထောက်ချင်စိတ်ပေါက်နေပီ။အောက်က ဖွားဖက်တော်နဲ့။

ရှောင်းကျန့်တစ်ကယ် စိတ်ပျက်သည် အခုသူ့ကို တာဝန်ယူခိုင်းသည့်အမှုဟာ ယွမ်သန်းပေါင်းထောင်ချီပြီး ငွေအလွဲသုံးစားလုပ်သည့်အမှု ။

သို့သော်တရားခံအစစ်က သက်သက်ရှိပါလျက်နဲ့ မဆိုင်တဲ့အောက်ခြေဝန်ထမ်း ကိုချိန်းခြောက်ပြီး အစားဝင်ခံခိုင်းခြင်း။
တကယ့်တရားခံစင်စစ်ကအဲ့ဒီ့Company ပိုင်ရှင်ရဲ့သား ဒါရိုက်တာကောင်! ပြီးတော့အဲ့ကောင်ရဲ့အဖေ company ပိုင်ရှင်က
ရွေးကောက်ပွဲမှာအနိုင်ရဖို့ မဲဆွယ်နေတဲ့ ' အမတ်လောင်း ' တစ်နည်းအားဖြင့် နိုင်ငံရေးသမား။

တကယ့်ကို သပွတ်အူလည်နေတဲ့ ချီးထုတ်ကြီးမို့ ရှေ့နေတွေက လက်ရှောင်ရင်း နောက်ဆုံးခေါင်းခံရတာက ရှောင်းကျန့်ဖြစ်လာသည်။

တရားလိုရှေ့နေ နေရာမှာတောင်မဟုတ်ဘူး
ဘုမသိ ဘမသိနဲ့အစွပ်စွဲခံရတဲ့ တရားခံရဲ့ရှေ့နေ တဲ့လေ။
သေချာပေါက် ဒီလူ့အရေခြုံ ဂုတ်သွေးစုတ်တွေနဲ့ ရင်ဆိုင်ပြီးအခြေအတင် ဖြစ်ရတော့မည့် ကိစ္စကြီး။
အမှုကမရိုးရှင်းတဲ့အပြင် နိုင်ငံရေးဆိုတာတစ်စထုတ်ရင် တစ်ဆုံးပေါ်လာမည် ထုတ်တဲ့ရှေ့နေကတော့ ခေါင်းပြတ်ဖို့ပြင်ပေါ့။

"ရှောင်းကျန့်ရာ မင်းကအမှုတိုင်းကို ကိုင်နိုင်နေတာပဲ ငါ့တပည့်ရင်းဖြစ်တဲ့မင်းကိုမှအားမကိုးရင် ဘယ်သူ့အားကိုးရမလဲလို့ ? "

NEVER EVER (Complete)Where stories live. Discover now