Warning - This part will contain some mature usages.
အမှုfileတွေကြားထဲ ငိုက်စိုက်နေသောခေါင်းမှာ မကြည်လင်သင့်အလျောက် စိတ်တိုစရာကိစ္စကိုပါ ထိုကလေးဟာ တစ်ခေါက်ပြီးတစ်ခေါက် လာလာပြုမူနေလေသည်။
ဒေါက်!
ဒေါက်!
ဒေါက်!တံခါးခေါက်သံ သုံးချက်မြောက်မှာ လူက ဒေါသပုန်ထလာ၏။တစ်ခေါက်လည်းမဟုတ် နှစ်ခေါက်လည်းမဟုတ်။
ဝမ်ရိပေါ်က ဆိုးတယ်။
ရိုင်းတယ်။
ပြီးတော့ ဉာဏ်များတယ်။ဒေါက်
"ဘာလဲ အခုတစ်ခေါက်က ? "
"ရေချိုးမလို့ !"
Bathrobe ကိုကြိုးသိုင်းဝတ်ပြီး မှုန်ကုပ်ကုပ်ဖြစ်နေသော ဝမ်ရိပေါ် ကို နားရင်းတွေပဲဖြတ်အုပ်ချင်စိတ်ကိုထိန်းကာ လက်ပိုက်ပြီးမျက်လုံးဖြင့်သာ မှေးကျဥ်းကြည့်လိုက်၏။
"မင်းအခန်းက ဘာဖြစ်နေလို့လဲ ?"
"ရေပူမလာတော့ဘူး ပျက်သွားလို့ !"
ဝမ်ရိပေါ်က ရုပ်တည်နဲ့ ဗြောင်လိမ်ဗြောင်စားလဲ လုပ်တတ်သေးတယ်။
"အဲ့တော့ ? "
"အဟမ်း...ရေချိုးခန်း...ပေးသုံး !"
"မပေးနိုင်ဘူး...လစ်!"
ဝုန်းခနဲ တံခါးကိုစောင့်ပိတ်ပြီးနောက် ဖတ်လက်စ သက်သေဖိုင်တွဲတွေဆီ လက်မရောက်ခင်မှာပဲ ရှောင်းကျန့်၏ လှုပ်ရှားမှုတွေရပ်တန့်ရသည်။
"ရှောင်းကျန့်ရား ညဘက်ကြီး ရေအေးတွေနဲ့ မချိုးချင်ဘူးကျွန်တော်ချမ်းတယ်လို့ ! "
ဝမ်ရိပေါ်က အမြဲအဲ့လိုပဲ ရှောင်းကျန့်ရဲ့ ပျော့ကွက်ကို သူ့ရဲ့နိုင်ကွက် အဖြစ်ပါသုံးတတ်သေးတာ။
အပြင်မှာနှင်းတွေတဖွဲဖွဲကျနေတာကို ပြောင်လက်နေသော မှန်တံခါးကတစ်ဆင့်မြင်လိုက်ရတယ်။ရှောင်းကျန့်သက်ပျင်းချလိုက်တယ်။
စက္ကန့်ပိုင်းအတွင်း ရိပေါ်လည်း အခန်းထဲကို ရောက်လာတယ်။~~~
ရေနွေးခပ်ဖွဲဖွဲက နို့နှစ်လိုဝင်းမွတ်နေတဲ့ မျက်နှာချောချောပေါ် ကျရောက်နေခြင်းကို ရိပေါ်က အရသာ တစ်စိမ့်စိမ့်ခံရင်း မျက်လုံးတွေမှေးစင်းထားမိသည်။
YOU ARE READING
NEVER EVER (Complete)
Fanfictionဝင်သက်ထွက်သက်များ ။ ဝင္သက္ထြက္သက္မ်ား...။ Give me Hope ! Have a heart !