"သူများ အခန်းထဲကို ပိုင်ရှင်မသိပဲဝင်တာ
ကျူးကျော်မှုပဲနော် ! "အသံပိုင်ရှင် ဝမ်ရိပေါ်က ခါးတွင်သဘက်တစ်ထည် ပတ်ထားကာ အပေါ်ပိုင်းဗလာဖြင့် ရေချိုးခန်းအဝတွင် မှီလျက် ။ လက်ပိုက်ကာ သူ့ရှေ့ကရှောင်းကျန့်၏ လှုပ်ရှားမှုမှန်သမျှကို ကြည့်နေခဲ့တာကြာပီဖြစ်၏။
အမူးပြေဟင်းချိုခွက်မှာ အိပ်ရာဘေးက စားပွဲပေါ်ကိုမရောက်ခင် ရှောင်းကျန့်၏လက်ထဲတွင် ရပ်တန့်လျက်ရှိသည်။
"ဦးလေးစုန့်က ငါ့အတွက်လုပ်ပေးထားတာ ပိုနေလို့ ! "
"မသောက်ချင်ဘူး ! "
"ဘာလို့မသောက်ချင်တာလဲ " လို့မေးရင် ရိပေါ်ပြောပြချင်သေးတယ် ငယ်ငယ်ထဲက မစားတဲ့ ပဲပင်ပေါက်ကို အရမ်းမုန်းနေပီဖြစ်ကြောင်း။
"မသောက်ချင်လဲ လွှင့်ပစ်လိုက် ! "
ဝမ်ရိပေါ်တို့ အရှိုက်ထိတယ် ဆိုတာ ဒါမျိုးလား စူးခနဲ အင့်ခနဲတစ်ချက်။
"အင်း ! "
~~~~
စေတနာတွေက စောက်ပြဿနာဖြစ်ဖို့သက်သက်။ ရှောင်းကျန့် စားပွဲပေါ်ကို တင်ပေးလိုက်တဲ့ ဟင်းရည်ခွက်ဟာချက်ချင်းဆိုသလို ဝမ်ရိပေါ်ရဲ့ လက်ထဲမှတစ်ဆင့် ရေချိုးခန်းထဲက အိမ်သာကြွေခွက်ထဲကို ရောက်သွားပြီဖြစ်ကြောင်း ရေဆွဲချသံကို ကြားရမှ လူက အသိစိတ်ပြန်ကပ်တယ်။
"ဒါပဲလား ! "
"ပြောစရာရှိတယ် ! "
"မြန်မြန်ပြော အဝတ်အစားလဲချင်နေပီ ! "
မနက်မိုးလင်းထဲက မကြည်သည့်စိတ်ဟာ ထိုလူ့ နှုတ်ခမ်းပေါ်က စကားတွေမှာ ပိုပြင်းရှရပြန်သည်။စိတ်အလိုမကျတိုင်း ပခုံးနုနုကိုဆောင့်ဆွဲကာ ဝုန်းဒိုင်းကျဲပစ်ချင်စိတ်တို့ကလည်း တစ်မှောက် ။
စတိုင်ပန်အနက်ရောင်ရဲ့ အိပ်ကပ်တွေထဲ လက်နှစ်ဖက်ကိုကျကျနန လျိုသွင်းပြီးတဲ့နောက်ရှောင်းကျန့်ဘက်က စကားဆက်ပြောလာတယ်။
"မနေ့ညကလို ကိစ္စမျိုးထပ်မဖြစ်စေနဲ့ ဝမ်ရိပေါ် ! ငါ့အိမ်ပေါ်ကို ရွံဖို့ကောင်းတာတွေသယ်မလာစမ်းနဲ့ မင်းကြိုက်တဲ့အပေါစားတွေကို ငါမသတီဘူး ! "
YOU ARE READING
NEVER EVER (Complete)
Fanfictionဝင်သက်ထွက်သက်များ ။ ဝင္သက္ထြက္သက္မ်ား...။ Give me Hope ! Have a heart !