9(U/Z)

3.3K 421 5
                                    

'ဟိုးကတည်းက မင်းရှိတယ်
ဒီရင်ဘက် ဘယ်ဘယ်ခြမ်းမှာနေရာယူ
မင်းသာ ငါ့အချစ်ဦး...
ငါ့အချစ်ထူး။'

အလုပ်သင်ရှေ့နေပေါက်စလေးရဲ့  ကော်ဖီသောက်ချိန်ဟာ သီချင်းသံဖြင့်ဝေဆာလျက်ရှိသည်။

'တွေးတွေးပြီး မဆွေးရအောင်
မလွန်ခင်လေး အချိန်မှာဆုံးဖြတ်ပါ
ငါ့ကိုယ်ငါလည်း မချစ်ပါဘူး
မင်းကိုငါ့အသက်ထက်ပိုချစ်တယ်...'

တစ်ချက်ချက် သူ့ဆရာများနားညီးပြီးစိတ်တိုသွားမလားဟူ၍ ရှောင်းလောင်ရှီးထိုင်ခုံကို ချောင်းရတာလဲအမော။
ဆရာက အနေတည်တံ့သလို ဒေါသထွက်ရင်လည်း ဌာန တစ်ခုလုံးနေစရာမရှိပေ။

'နင်သာ ငါ့တစ်ယောက်ထဲအတွက်
ငါ့ရဲ့ကိုယ်စောင့်နတ်လို
သိမ်ငယ်ဇောနဲ့ရေးတဲ့ မြတ်နိုးချင်းပန်းချီကားတစ်ချပ်လို
အသက်ရှင်ချင်းတစ်ခုရဲ့ ဝင်သက်တစ်ခုလို...
ရှိုက်ငိုချင်းများရဲ့  ဝင်သက်တစ်ခုလို...။

သီချင်းတောင်မဆုံးသေး လှမ်းကြည့်လာသည့် ရှောင်းလောင်ရှီး။
ပြာကျနိုင်လောက်သည့် အကြည့်တစ်ခုနောက်တွင် ခန္ဓာရှိအကြောပေါင်းတစ်ထောင် တောင့်တင်းသွားသလို

"ရွှီဖန်း ! "

ခုံကို ဘောပင်ဖြင့်ထောက်ခါ ထပ်ခေါ်လာသောကြောင့် ပွင့်နေသည့် သီချင်းကို ချက်ချင်းပိတ်ပြီး ပြာပြာသလဲ လောင်ရှီးအနားကိုပြေးသွားရသည်။

"သီချင်း နာ.."

"နောက် မဖွင့်တော့ပါဘူး ဆရာ ! "

ဒီကလေးက သွက်သွက်လက်လက်ရှိပေမယ့် တကယ့် အူကြောင်ကျားအစစ်။

သီချင်းနာမည် လေးမေးမလို့ဟာကို ဘယ့်နှယ် လူကိုမာဖီးယားခေါင်းဆောင်လို ဆက်ဆံနေလဲမသိပါ။

"ဟင်းး သီချင်းနာမည်ကိုမေးတာဟ
ငကြောက်ရ ! '

"မ မသိဘူးဆရာ Weibo မှာတက်လာလို့ဖွင့်ကြည့်လိုက်တာပါ ! "

ဒိုင်းခနဲ ပစ်သွင်းလာသည့်မျက်စောင်းတစ်ချက်အဆုံးမှာ
ရှောင်းလောင်ရှီးသာ နဂါးဖြစ်လျင် အရွှီလေး ပြာကျနေလောက်ပီထင်ပါ၏။

"သွားတော့ !   ဒီနေ့အမှုတွဲဖိုင်တွေအကုန်စစ်ထား။
ဟိုးတလောက လူသတ်မှုရဲ့ သက်သေတွေအကုန်ပြန်စုထား ။
နောက်တစ်ပါတ် ရုံးချိန်းမင်းသွားရမယ်။
-
-
ပြီးတော့ မနက်ဖန် ကော်ဖီမသောက်နဲ့ ! "

NEVER EVER (Complete)Where stories live. Discover now