15(U/Z)

4.5K 457 23
                                    

Warnings : This part will contain some mature usages

["လာ...ကားဆီအရင်ရောက်အောင်ပြေးမယ်"]

လူရှင်းတဲ့ ဟိုက်ဝေးလမ်းတနေရာအရောက်မှာ ကားရပ်ပြီး ၂ယောက်လုံးအမောဖြေကြတယ်။ ပြီးတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးဘာစကားမှမပြောပဲ ရယ်နေကြပြန်တယ် ။ဘယ်လိုတောင် ကို့ယို့ကားယားနိုင်မှုကြီးလဲလို့တွေးပြီးတော့။

ဆောင်းဦးညနေခင်းဟာချမ်းစိမ့်စိမ့်နဲ့ နှင်းခပ်ဖွဲဖွဲကြားကနေ အမှောင်ဘက်သန်းလာတယ်။

​ နားထင်နားတစ်ဝိုက်မှာ  ချွေးအနည်းငယ်စို့နေတဲ့ရှောင်းကျန့်က ရှပ်အပြာရဲ့အပေါ်ဆုံး ကြယ်သီးလေး၂လုံးကိုဖြုတ်ကာ ကားခုံကိုအနည်းငယ်လျောချပြီး အမောဖြေနေတယ်။

ချွေးထွက်သန်တဲ့ ရိပေါ်ကတော့ အမိုးဖွင့်ထားတဲ့ကားပေါ်မှာတောင် ရှောင်းကျန့်ကိုဘေးတစောင်းငေးကြည့်ရင်း အတော်လေး ပူနေတယ်လို့ထင်နေတုန်းပဲ။

"If you ever leave me, baby
Leave some morphine at my door
'Cause it would take a whole lot of medication
To realize what we used to have
We don't have it anymore..."

radioကလာနေတဲ့ Bruno Mars ရဲ့ it's will rain သီချင်းကို ရှောင်းကျန့်က လိုက်ညည်းရင်း စီးကရက်လက်ကြားညှပ်လို့ ဘေးက ရိပေါ်ကို မသိချင်ယောင်ဆောင်နေတယ်။

ဝမ်ရိပေါ်က သူ့ကိုအရိပ်တစ်ခုလို ဆက်ဆံတာတွေတစ်ကယ်မကြိုက်ပေမယ့် ရူးခါနေအောင် စွဲဆောင်မှုရှိနေတဲ့ ရှောင်းကျန့်ကိုတော့ ခွင့်လွှတ်ပေးထားပါတယ်။

"There's no religion that could save me

No matter how long my knees are on the floor (oh)

So keep in mind all the sacrifices I'm makin'

To keep you by my side
To keep you from walkin' out the door.."

ရိပေါ်က သီချင်းညည်းနေတဲ့ ရှောင်းကျန့်ကိုမကြည့်တော့ပဲ ဆန့်ကျင်ဘက်အရပ်ကို ခေါင်းလှည့်လိုက်ပြီး တစ်စုံတစ်ရာ ပြုလုပ်ဖို့အတွက် မျက်မှောင်ကြုံ့ တွေးနေတယ်။driver seat ကရှောင်းကျန့်ကတော့ ရိပေါ်ကို လုံးဝမရှိသလိုသဘောထားနေတုန်းပဲ။

မကြာခင် ကြယ်လေးတွေပေါက်လာတာကို မြင်ရတော့မယ်။

တံခါးတစ်ဖက်ပေါ်ကို စီးကရက်ညှပ်ထားတဲ့ လက်ညိုးနဲ့ တတောက်တောက်တီးကာ စည်းချက်ကျကျ ညည်းနေတဲ့ရှောင်းကျန့်မျက်ဝန်းတွေက မြူခိုးတွေကြားမှိုင်းညို့လာသရောင်။

NEVER EVER (Complete)Where stories live. Discover now