10(U/Z)

3.7K 427 7
                                    

"တော်ပီကွာ ဒီတစ်ခါတော့လုံးဝဘဲ ! "

ဖုန်းစက်ကို ဆောင့်အောင်ပိတ်ပြီး မိမိ မိုခါး ခွက်အား သူ့ချောကလက်ကော်ဖီ အမှတ်နဲ့ လှမ်းကိုင်လာသည့် စုန့်ကျိရန်ရဲ့လက်ကို သောက်မြင်ကပ်စွာ ရိုက်ချပစ်လိုက်သည်။

"ခွက်မှားနေပီ နွားရဲ့ ! "

"ဟီး...ယောင်သွားလို့ပါကွ မင်းကလဲ ! "

"ဘောကိုယောင်နေလိုက် ဟိုကောင်
ဟောက်ရွှမ်းနဲ့ တွဲထဲက မင်းနေ့တိုင်းယောင်နေတာနော် ! "

"ဖွီး မနာလိုမဖြစ်နဲ့ငါ့ကောင် မင်းတောင် လင်ရတာ နှစ်ချီနေပြီ သူ့လိုယောင်ဘူးလို့လား ! "

Faကောင် မင်ရန်ရဲ့ အမေးစကားမှာ လူကဘာဖြေရမှန်းမသိ ရှက်ကိုးရှက်ကန်းနဲ့ ရှေ့က မိုခါးခွက်ကို ကောက်မော့တော့ လျာပါကျတ်သွားသည်။
ဟွန့် ဒါ ဟိုလူကြီးကြောင့်။

"ရိပေါ် ! မင်းရှောင်းကျန့်ကောကို ချစ်နေပီလား !"

ကျိရန်အမေးမှာ ထပ်ပြီးဆွံ့အသွားရပြန်ပီ
ကျစ်စ် ဒီကောင်၂ကောင် ဘာဖြစ်နေမှန်းမသိဘူး လူကိုအနေရခက်အောင် ။
ဒါလည်း ဟိုလူကြီးကြောင့်ပါပဲ။

ထိုမှစ၍ သောက်လက်စ Coke ဘူးကိုစားပွဲပေါ်တင်ပြီး ဆက်ပြောလာတဲ့ မင်ရန်ရဲ့စကားတွေမှာ လေးနက်ခြင်းတွေပါလာသည်။

" ဖြစ်ပြီးခဲ့တဲ့ကိစ္စတွေအပေါ် မင်းယူကျုံးမရဖြစ်နေတာ ငါတို့သိတယ် ရိပေါ်
ဒါပေမယ့် အပြစ်တွေအကုန် အကိုရှောင်းကျန့်အပေါ် ပစ်တင်ပြီး စိတ်ဖြေတာတော့ မဟုတ်သေးဘူး...ဒါကကလေးဆန်လွန်းတယ်။

ဒီနှစ်တွေအတွင်းမှာ မင်းလည်း ရှောင်းကျန့်ကော အကြောင်းတွေ သိသင့်သလောက် သိပီးနေပီပဲဟာ!
သူ့မှာ ဘာမှဖုံးကွယ်ထားတာမရှိဘူးဆိုတာရော။
ပြီးတော့ မင်းလူကြီး မင်းအပေါ်ဘယ်လိုသဘောထားလဲဆိုတာ ငါတို့တောင်မြင်နေရပီ ရိပေါ်။

ဒီတော့ ရှောင်းကျန့်ကောကို မချစ်ရင်တောင် မင်းလုပ်ရပ်တွေပြင်သင့်ပီ။

ပိုင်ဆိုင်နေတဲ့အချိန် သတိလက်လွှတ်နေခဲ့ပြီး
ဆုံးရှုံးခါမှ မျက်ရည်စက်လက်ထိုင်ငိုနေမယ့်အထဲ မင်းကိုမပါစေ့ချင်ဘူး။အချစ်ကမရူးပေမယ့် သံယောဇဥ်တွေက ရူးတတ်တယ်။
ငါမင်းအတွက်ပြောနေတာ ရိပေါ် ! "

NEVER EVER (Complete)Where stories live. Discover now