ပေကျင်းရဲ့ဒီနှစ် ဆောင်းတွင်းဟာ ယမန်နှစ်တွေကထက် ပိုအေးတယ်။
ညနေပိုင်းဆိုနှင်းတွေကြား အသဲကွဲ သီချင်းတွေနဲ့ဖီးလ်လို့လဲရသေးတယ်။ ဆိုပေမယ့် ရှောင်းကျန့်ရဲ့ကားနီလေးပေါ်က မျောက်လောင်းကတော့ ပါးစပ်ကနေပွစိပွစိနဲ့ အော်ဟစ်ပြီး တကားလုံးဆူညံနေအောင် ဒီဂျေသီချင်းတွေကို ဖွင့်ထားတယ်။တစ်ခါတစ်ခါ အုကန် ဆိုလား ဝုဂန်း ဆိုလားမသိပါဘူး အော်ချင်ရာတွေလျောက်အော်နေသေးတာ။
ဦးလေးစုန့် နယ်ပြန်သွားတဲ့အချိန်တွင်း ဒီဟာလေးကို အကြိုပို့လုပ်ပေးနေရတာ မလွယ်လှ။
ယခုလည်း ကားဆီဖြည့်နေတဲ့အချိန်တွင်း ကစားကွင်းတစ်ခုကို မျက်စိကျကာ အတင်းဝင်မယ်လုပ်နေ၏။
"ရှောင်းကျန့်ရားး..."
"ဟ...မင်းအသက်က အိုပြီးဖင်ဆောင့်နေပီ ဘယ်နေမှာ ကစားချင်နေတာလဲ? "
တီရှပ်အဖြူကို ဂျင်းဘောင်းဘီအပြာနုရောင်နဲ့တွဲဖက်ဝတ်ထားတာကြောင့် ရိပေါ်၏ ရုပ်သန့်ကလေးက ပိုပေါ်လွင်နေတယ်။
ဂျယ်မလူးထားသော ဟိုက်လိုက် ခဲပြာရောင်ဆံပင်လေးများက အမိုးဖွင့်ထားတဲ့ ပြိုင်ကားပေါ်မှာ ဆောင်းလေအရှိန်ကြောင့်တလွင့်လွင့်။
ရှုပ်ရှက်ခက်နေတဲ့နားကွင်းတွေမဝတ်ထားတဲ့ နားပေါက်ကလေးထဲ စိန်ပွင့်တစ်ပွင့်က သေသပ်စွာ တည်ရှိနေတာကြောင့် ကြည့်ကောင်းနေသလောက် စောက်မြင်ကပ်ဖို့တော်တော်ကောင်း။"မသိဘူးဗျာ အိမ်မပြန်ချင်ဘူး ! "
"အဲ့တာဆို နေခဲ့ ! "
ပြောလိုက်ပြန်တော့လဲ မျက်လုံးမှေးလေးတွေကနေ စားမတတ်ဝါးမတတ် လူကိုစိုက်ကြည့်နေတယ်ပြန်တယ်။
"အဟမ်း..၁နာရီပဲ အချိန်ရမယ် ! "
စိတ်ကျေနပ်သွားဟန် ပါးပေါ်က အာတာပူစီများမို့တက်လာတဲ့ အထိ ပြုံးလိုက်တဲ့အခါလဲ ဒီခလေးက ချစ်ဖွယ်ကောင်း၏။
မကြာလိုက်ပါဘူး ချစ်ဖို့ကောင်းနေရာကနေ ကျက်သရေတုန်းသွားပြန်ကော။"ရှောင်းကျန့်ရားးး! "
"ဘာကြည့်တာလဲ ဘာလဲ ! ဟေ့ကောင် ငါမလိုက်ဘူးနော် ကားထဲကပဲစောင့်မှာ ! "
-
-
-
နောက်ဆုံးမှာတော့ တရွတ်တိုက်ဆွဲခေါ်မှုကြောင့် ကစားကွင်းအပေါက်ဝထိ ပါလာခဲ့တာပါပဲ။ဒီဟာလေးက အမြဲတမ်းစိတ်မသက်မသာ ဖြစ်အောင်။
YOU ARE READING
NEVER EVER (Complete)
Fanfictionဝင်သက်ထွက်သက်များ ။ ဝင္သက္ထြက္သက္မ်ား...။ Give me Hope ! Have a heart !