"ကျန့်အာ ရိပေါ်ကားတိုက်ခံရပြီးအက်စီးဒန့်"
ဖုန်းထဲမှ ဆက်ပြောလာသည့် စကားများကိုဆုံးအောင် ဆက်နားမထောင်နိုင်တော့။ရုံးချိန်းတွင် တင်ပြရမည့်အရေးကြီးသက်သေများအား ရွှီဖန်း လက်ထဲသို့ ထိုးထည့်ပေးပြီးနောက် မက်ဆေ့ပို့လာသည့် location အတိုင်း ဆေးရုံတည်နေရာကို ဦးတည်မိသည်။
"ဟို အရပ်ရှည်ရှည် မျက်လုံးမှေးမှေး ဆံပင်အပြာ ဟိုက်လိုက်ဖောက်ထားတဲ့ ကောင်လေးတစ်ယောက် အက်စီးဒန့် ကေ့စ် ! "
ဆေးရုံ ကောင်တာရှိ သူနာပြုမလေးမှာ ပြူးတူးကြောင်တောင်ဖြင့် ရှောင်းကျန့်မေးနေသည်များကို နားမလည်။
ဟုတ်လည်းဟုတ်သည် များပြားလှသော လူနာတွေကြား ဒီလိုပုံပန်းသဏ္ဍာန်ပြောပြမေးရုံနဲ့ ဘယ်လိုသိနိုင်မှာလဲ။"အာ ဆောရီး လွန်ခဲ့တဲ့ ၁နာရီလောက်က အက်စီးဒန့်ဖြစ်တဲ့ လူနာဝမ်ရိပေါ် ရဲ့အုပ်ထိန်းသူပါခင်ဗျ ! "
"အော် ဟုတ်ကဲ့ အရေးပေါ် အခန်းနံပါတ် ၂၄ပါရှင့်! လူနာရဲ့ အုပ်ထိန်းသူနော်?ဘယ်လိုလုပ် ၂ယောက်တောင် "
သူနာပြုမ လေးက လက်ထဲကလူနာမှတ်တမ်းလေးကို တစ်ချက် ရှောင်းကျန့် ကိုတစ်ချက် မော့ကြည့်လာသည်။
ဂရုစိုက်မနေပဲ ညွှန်လိုက်သည့်အခန်းနံပါတ်ကိုသာ ခြေလှမ်းကျဲများဖြင့် ရှာဖွေလျက်။အခန်းထဲကို ဝင်ဝင်ချင်း ရိပေါ်ရဲ့ အစင်းရာ ခြစ်ရာများနဲ့ မျက်နှာနုနုကိုတွေ့လိုက်ရသည်။ကျောက်ပတ်တီးပတ်ထားသည့် ခြေထောက်တစ်ဖက်ကိုလဲ မိုးပေါ်ထောင်ကာ အပေါ်မှကြိုးနဲ့ ခဲဆွဲထားတဲ့အခြေအနေအရ အရိုးအက်သွားခြင်းဖြစ်နိုင်သည်။ရင်ဘတ်ထဲတွင် တင်းခနဲ ဂရုစိုက်ပေါ့လျော့မိတဲ့ သူ့ကိုယ်သူသာ အပြစ်တင်ချင်သည်။
တံခါးမခေါက်ပဲ ဝင်လာသည့် ရှောင်းကျန့်ကိုမြင်တော့ အံ့အားသင့်သွားပြီး ပေါက်ပြဲနေသောနှုတ်ခမ်းမှာ ခပ်ဟဟ ဖြစ်သွား၏။
ဆိုးပေလေးကို မြင်တော့လဲ စိတ်တော့အနည်းငယ် အေးသွားသည်။ဆူလဲမဆူရက်။"အကို ရှောင်းကျန့်ထင်တယ် ! "
လူနာကုတင်ဘေးဘက်က အသံလာရာကိုကြည့်မိတော့ မျက်လုံးထဲ ကော်ပတ်ရုပ်လှလှလေးကို တွေ့လိုက်ရသည်။ပါးချိုင့်ရေးရေး။နှာတံဖြောင့်တယ် ။မျက်တောင်မွှေးရှည်တွေက ဆေးသားအကူညီကြောင့်ကော့ညွတ်နေတယ်။စူးရှတဲ့မျက်ဝန်းတစ်စုံမှာ အညိုရောင်မျက်စံတွေရှိတယ် ရှောင်းကျန့်လိုမျိုး ။လူချင်းတစ်ခါမှ မတွေ့ဖူးပေမယ့် ရင်းနှီးနေသည့်ကိုယ်သင်းနံ့ နာမည်ပိုင်ရှင်လေး။
YOU ARE READING
NEVER EVER (Complete)
Fanfictionဝင်သက်ထွက်သက်များ ။ ဝင္သက္ထြက္သက္မ်ား...။ Give me Hope ! Have a heart !