Yoongiတစ်ယောက် အခန်းထဲမှာထိုင်နေရင်း မနေ့ညက Jiminဖြစ်သွားတဲ့ပုံလေးကို စဉ်းစားနေမိသည်။
"ချစ်ဖို့ကောင်းလွန်းတယ်"
"ဘာလဲ Hyung တိတ်တိတ်ပုန်းမိန်းမလား"
Yoongiမရည်ရွယ်ပဲ သူ့ဘာသာရေရွတ်မိသွားပေမဲ့ ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ ကောင်လေးအသံကို ကြားလိုက်ရလေသည်။ လူမိသွားသည်မလို့ ချက်ချင်း ရုပ်ကိုတည်ကာ ချောင်းဟန့်လိုက်သည်။
"ဘာလဲ ငါဘာမှမပြောဘူး"
"ရော့ မှတ်တမ်းတွေ ကျွန်တော်သွားပြီ"
Jiminမနေ့ထဲက သိပ်မကြည်သည်မလို့ ဆောင့်အောင့်ကာ ထွက်သွားလေတော့သည်။ သူ့ကိုဘာတွေမကြည်မလင်ဖြစ်ပြီး စိတ်ကောက်နေမှန်းမသိတဲ့ ပေါက်စကိုကြည့်ရင်း Yoongiရီသာ ရီမိတော့သည်။
"Yoongi-ah"
ရုတ်တရက်အခန်းထဲကို ဝင်လာတဲ့ JeongGuk။ ဘေးမှာလည်း Taehyungပါလာသည်။
"အေး JeongGuk တော်သေးတာပေါ့ ဒီလိုပုံနဲ့ဆို အများကြီး မထိခိုက်ဘူးပဲ"
"အင်း ငါ ဘာမှမဖြစ်ဘူး အခုလာတာ Hyungအတွက်"
JeongGukစကားကြောင့် Yoongiမျက်လုံးတွေက Taehyungဆီရောက်သွားသည်။ အမြင်မှာတော့ ဘာဒဏ်ရာမှမတွေ့မိ။
"Taehyung ထိခိုက်သွားလို့လား"
"ဟင့်အင်း အပြင်ပိုင်းက မထိခိုက်ပါဘူး အခုရက်ပိုင်း သူထူးဆန်းနေလို့"
Yoongi က ဘာထူးဆန်းတာလဲ ဆိုသောသဘောဖြင့်ကြည့်ရင်း Taehyungနဲ့ JeongGukကိုထိုင်ခုံမှာထိုင်စေလိုက်သည်။
"Taehyung မင်းခံစားရသမျှကို Hyungကို ပြောပြ"
Yoongiက Taehyungကို ကြည့်ရင်း မေးလိုက်သည်။ JeongGukကလည်း စိတ်ဝင်တစား ကြည့်နေလေသည်။
"ကျွန်တော် ဒီရက်ပိုင်း ခေါင်းခန ခနမူးတယ် ပြီးတော့ ခန ခနလည်းမေ့တယ် ကိုယ်ပြောခဲ့တာတွေ လုပ်ခဲ့တာတွေတောင် တချို့တလေ မမှတ်မိဘူး"
Taehyungအဖြေကို နားထောင်ပြီး Yoongiစိတ်ပူသွားမိသည်။ ဦးနှောက်အကြိတ်တည်ခြင်းရဲ့လက္ခဏာတွေမလို့ စိတ်ပူမိခြင်းပင်။