Taehyungနဲ့ Jiminအခန်းထဲရောက်တော့ Yoongiက JeongGukကို ဆေးထည့်ပေးနေလေသည်။ ဖြူဖွေးနေသောအသားအရည် ၊ ထင်းနေသော ကြွက်သားတွေနဲ့ အချိုးကျတည်ဆောက်ထားသော ခန္ဓာကိုယ်က JeongGukဘယ်လောက်လေ့ကျင့်ထားကြောင်းပေါ်လွင်နေသည်။
"Yoongi Hyung ဒီမှာ ဆေးမှတ်တမ်းပါ
သူက အိမ်ရှေ့စံရဲ့ အသိဆိုလို့ ခေါ်လာတာ""မင်းကိုဘယ်သူက Hyungလို့ခေါ်ခိုင်းလို့လဲ
ဆေးရုံအုပ်လို့ပဲခေါ် မင်းနဲ့ငါမရင်းနီးဘူး"Yoongiက ဒဲ့ကြီးပြန်ပြောလိုက်တာမလို့ Jiminက ဆူပုတ်ပုတ်လေးဖြစ်သွားလေသည်။ ဆေးမှတ်တမ်းကို ခုန်ပေါ် အားနဲ့တင်ချလိုက်ပြီး ကလေးတစ်ယောက်လို လက်ပိုက်ရင်း နှုတ်ခမ်းဆူကာ ငြိမ်နေလေသည်။
JeongGukကတော့ ထုံးစံအတိုင်း မျက်နှာတည်ဖြင့် ငြိမ်နေလေသည်။ Taehyungက JeongGukအရှေ့နားသွားလိုက်ပြီး ဖုန်းကိုကမ်းပေးလိုက်လေသည်။
"JeongGukie ခုနက ဖုန်းလာနေလို့"
Taehyungရဲ့ အခေါ်အဝေါ်ကြောင့် အမြဲတည်ငြိမ်နေသော Yoongiပင် အိနြေ္ဒမဆည်နိုင်ပဲ မျက်လုံးပြူးနှင့်ပါးစပ်ဟကာ အံ့သြသွားလေသည်။
"အင်းသိတယ် ပြောပြီးပြီလေ "
JeongGukကလည်း စိတ်မဆိုးတဲ့အပြင် ကောင်းကောင်းမွန်မွန် ပြန်ပြောနေတာမလို့ Yoongi အံ့သြလို့မဆုံး။ Jiminခင်ဗျာလည်း Kim Taehyungကို အာဏာကြီးတဲ့လူတစ်ယောက်ထင်ပြီး တစ်လမ်းလုံးပေါက်ပေါက်ဖောက်လာသမျှကို နောင်တရနေတော့သည်။
JeongGukက ဖုန်းကိုလှမ်းယူလိုက်ပြီး မျက်ခုံးတစ်ဖက်ပင့်တတ်သွားလေသည်။ Taehyungက အခြေနေကိုနားလည်စွာ ရှင်းပြလေသည်။
"ဟို ဟိုလေ လမ်းမှာ လွတ်ကျသွားတာ Hyungလစာထဲက ဖြတ်လိုက်ပါ"
Taehyungစကားကြောင့် JeongGukပြုံးလိုက်မိသည်။ အိမ်ရှေ့စံဖုန်းက ဘယ်လောက်တန်မှန်း သူမသိရှာဘူးထင်ပါရဲ့။ တော်ဝင်မိသားစုအပြင် အခြားသူ ကိုင်လည်းမကိုင်နိုင်သလို ကိုင်ခွင့်လည်းမရှိတဲ့ ဖုန်းမျိုး။
"အဲ့လိုဆို Hyung ကျွန်တော့်ဘေးမှာ တစ်သက်လုံးနေရမယ် ထင်တယ်"
"ဟင်!!!"
JeongGukစကားကြောင့် Taehyungမျက်လုံးပင်ပြူးသွားလေသည်။ ဒီဖုန်းက အဲ့လောက်တန်သည်တဲ့လေ။
![](https://img.wattpad.com/cover/241636555-288-k575596.jpg)