🐰21🐯

760 107 3
                                    

Taehyung နိုးလာတော့ ဂိုထောင်တစ်ခုအတွင်ရောက်နေသည်။ ခေါင်းက မူးဝေနေတာမလို့ ပတ်ဝန်းကျင်ကို သေသေချာချာ မမြင်ရပေ။ အားယူပြီး ထရန်ကြိုးစားကြည့်တော့လည်း ထလို့မရဖြစ်နေသည်။ ရှူသွင်းလိုက်မိတဲ့ ဆေးငွေ့တွေကြောင့် လူက အားတစ်စက်လေးမှ ရှိမနေ။

Taehyungလုပ်ရှားနေတာကို မြင်တော့ မျက်နှာချင်းဆိုင်နားက ကားကိုမှီပြီးရပ်နေတဲ့ ဦးလေးတော်က အနားရောက်လာသည်။

"နိုးပြီလား..ဟား ဟား JeongGukက သူ့ကိုယ်သူ တော်လှပြီထင်နေပုံပဲ ဟက် အခုဆို မင်းကျေးဇူးနဲ့ သူမိုးမီးလောင်နေလောက်ပြီ"

Taehyung ပြောနေတဲ့သူရဲ့ အသံကိုကြားနေရပေမဲ့ အမြင်က ဝါးတားတားသာရှိနေသေူသည်။ JeongGuk ရောက်လာမှာပါဆိုသော မျှော်လင့်ချက်နဲ့အတူ လည်ပင်းနားက ကြယ်သီးလေးကို စမ်းမိတော့ ရှိမနေ။ တကယ်ပဲ သူ့ဘဝ ဒီမှာပဲ အဆုံးသတ်ပြီလား။ သူမရှိရင် JeongGukကို ဘယ်သူဂရုစိုက်မှာလဲ။

"ကြိုးစားမနေနဲ့ ဆေးအရှိန်ကြောင့် မင်းနှစ်ဆယ့်လေးနာရီအတွင်း အားပြန်မပြည့်ဘူး နောက်ပြီး မင်းအချိန်ကလည်း နှစ်ဆယ်လေးနာရီ ကျန်ချင်မှကျန်တော့မှာလေ"

ဦးလေးတော်ရဲ့ စကားတွေကို ဂရုစိုက်မနေပဲ Taehyung အားယူပြီး ထဖို့သာ ကြိုးစားနေမိသည်။ ထိုအချိန်မှာ ကားအနောက်ခန်းထဲက Hoseokမှာလည်း အပြင်ထွက်လာဖို့ ကြိုးစားနေမိသည်။ အနာက်ခန်းတံခါးက ကံကောင်းပြီး ပွင့်သွာပေမဲ့ အပြင်မထွက်လာခင် လှမ်းချောင်းကြည့်မိတော့ ဝတ်ရုံနက်နဲ့ လူတွေဆယ်ယောက်လောက်ရှိနေသည်။ သူမြင်နေရတဲ့ အနောက်ဖက်မှာတောင် ဆယ်ယောက်ဆိုလျှင် အရှေဖက်ရော အားလုံးပေါင်း မည်မျှ ရှိနိုင်သည်မသိ။

်ထွက်သွားသေးပဲ JeongGukကို ဆက်သွယ်ရန် ကြိုးစားရသည်။ သူကိုယ်တိုင်လည်း ဘယ်နေရာရောက်နေမှန်းမသိတာမလို့ ဖုန်းရဲ့တည်နေရာအတိုင်းလိုက်လာရန် JeongGukဆီ စာပို့လိုက်သည်။ အခုချိန်သူထွက်သွားလျှင်လည်း ဘာမှမထူးခြားတာမလို့ JeongGuk အချိန်မှီရောက်လာဖို့သာ ဆုတောင်းနေမိသည်။

***

တစ်ဖက်တွင်လည်း JeongGuk အမှန်တကယ် မိုးမီးလောင်နေသည်။ ဘယ်လောက်ရှာရှာ အသေးစိတ်လွန်းတဲ့ ဦးလေးတော်ကြောင့် ရှာမတွေ့ဖြစ်နေသည်။ JeongGuk သူတစ်ယောက်တည်း မဖြစ်တာမလို့ Yoongiကိုပါ ဖုန်းဆက်ကာ အကူညီတောင်းရသည်။

Don't Touch Royal's (Completed)Tempat cerita menjadi hidup. Temukan sekarang