🐰8🐯

1.1K 156 18
                                    

Taehyungကို ခြေဆုံးခေါင်းဆုံး စိုက်ကြည့်နေတဲ့ JeongGukကို Jiminပင် အမြင်ကပ်လာသည်။

"Hyung ဒီနေ့ တကယ်ကို လှနေတာပဲ"

JeongGukစကားကြောင့် Taehyungမြိုချနေတဲ့ ဝိုင်တောင် လည်ပင်းမှာနင်သွားလေသည်။ Jiminကတော့ တဟွတ်ဟွတ်ပင် သီးနေတော့သည်။

"ဘာလှတာလဲ ချောတယ်လုပ်ပါ"

Taehyungက ပြန်ပြောတော့ မျက်ခုံးတစ်ဖက်ပင့်ကာ ရီနေလေရဲ့။ အိမ်ရှေ့စံရဲ့ အမှုအရာကိုကြည့်ပြီး သူ့စိတ်ထဲ ဘာရှိလဲဆိုတာ ဖတ်ဖို့ တကယ်ခက်ခဲလှသည်။

Jiminလေးကတော့ ဘေးမှာ ဝိုင်သီးသွားတာမလို့ လည်ချောင်းထဲ ပူစပ်စပ်ဖြစ်ကာ မျက်ရည်များပင်ဝိုင်းလာလေသည်။

"ရော့ အမြဲ နမော်နမဲ့နဲ့"

လေသံမာမာနဲ့ဆိုကာ ကမ်းပေးလာတဲ့ ရေခွက်လေးကို Jiminလှမ်းယူလိုက်ပြီး မော့ချလိုက်သည်။

"Hyung အဟမ်း ဆေးရုံအုပ်ကလည်း ကျွန်တော်လည်း တမင်ဖြစ်ချင်လို့မှမဟုတ်တာ"

မျက်ရည်ဝိုင်းနေတဲ့အပြင် ခေါင်းငုံ့ကာ ဆူပုတ်ပုတ်နဲ့ ပြန်ရှင်းနေတာကြောင့် မသိရင် အမေဆူလို့ ငိုနေတဲ့ ကလေးနဲ့တူလှသည်။

"နေပါဦး မော့တောင်မကြည့်ပဲ ငါမှန်းဘယ်လိုသိ"

"Hyungအသံ ခွေးချီသွားတောင် မှတ်မိတယ် အယ် ဆေးရုံအုပ်အသံလို့ ပြောတာ"

Jimin ပါးစပ်က လွှတ်ခနဲ့ထွက်သွားတာမဟုတ်ပဲ တမင်ကို ခေါ်ချင်လို့ ဇာတ်လမ်းဆင်နေခြင်းပင်။

"Hyungကို အဲ့လောက်ကြိုက်နေရင်လည်း ခေါ်တော့ မတားဘူး"

Yoongiလည်း သဘောကျတာမလို့ ခွင့်မပြုချင်ပေမဲ့ မကောင်းလို့ လက်ခံသလိုလိုနဲ့ လက်ခံလေသည်။

"ဟင် Hyungကို မကြိုက်ပါဘူး ဘာလဲ Hyungက ကျွန်တော့်ကို ကြိုက်လို့လား"

Jiminစကားကြောင့် ဖြူဖွေးနေတဲ့ Yoongiမျက်နှာပင် နီရဲသွားတော့လေသည်။

"ရားးး ငါက မင်းကိုဘာလို့ကြိုက်ရမှာလဲ Hyungလို့ ခေါ်ရတာကိုကြိုက်ရင်လို့ပြောတာ!! စကားကောင်းကို ပြောမရဘူး သွား ငါနဲ့ဝေးဝေးနေ"

Don't Touch Royal's (Completed)Onde histórias criam vida. Descubra agora