Jimin အရင်ရောက်နှင့်နေတာမလို့ ကော်ဖီဆိုင်ထဲက ခုံတစ်ခုမှာ ဝင်ထိုင်ရင်း စောင့်နေလိုက်သည်။ သူအတွက် ကော်ဖီတစ်ခွက်မှာပြီး Taehyungက စတော်ဘယ်ရီကြိုက်သည်ဆိုတာကြောင့် စတော်ဘယ်ရီမစ်ရှိတ်သာ မှာပေးထားလိုက်သည်။
ခနကြာတော့ Taehyungက JeongGukကားအတွင်းမှ ထွက်လာသည်ကို မြင်လိုက်ရသည်။ အိမ်ရှေ့စံကားမလို့ ကားဘယ်လောက်များများ သိနေကြတာများသည်။
Taehyung ကားပေါ်ကဆင်းလိုက်တော့ JeongGukက လှမ်းခေါ်ရင်း
"အပြန် ဖုန်းဆက်လိုက် ကျွန်တော် လာကြိုမယ်"
"ရပါတယ် Hyungဘာသာ ပြန်ခဲ့မယ် Jiminieလည်း ရှိတာပဲကို"
"ကျွန်တော် လာကြိုမယ် "
Taehyungအပြောကို လက်မခံပဲ တစ်ခွန်းတည်းသာ သေချာပြောကာ မောင်းထွက်သွားလေသည်။ Taehyungလည်း ဘာမှတွေးမနေတော့ပဲ Jiminရှိရာဆီသာ လျှောက်လာလိုက်သည်။
"Jiminie ကြာသွားလား Sorry"
"မကြာပါဘူး ငါလည်း အခုပဲရောက်တာ မင်းအတွက် မှာထားတာ သောက်"
ရှေ့က စတော်ဘယ်ရီမစ်ရှိတ်ခွက်ကို Taehyungဆီ တိုးပေးလိုက်ရင်း ပြောလာသည်။
"အင်း ကျေးဇူး Jiminie အဆင်ပြေရဲ့လား မျက်နှာလည်း မကောင်းဘူး"
Jiminက ချက်ချင်း မဖြေသေးပဲ ကော်ဖီခွက်ကို မွှေနေသည်။ Taehyungလည်း Jiminကိုသာ စိုက်ကြည့်နေမိသည်။
"ငါ...ငါ Yoongi Hyungကို သဘောကျတယ်"
"အင်း...ငါသိတယ်လေ"
Taehyung အံ့သြသွားမယ်ထင်ခဲ့ပေမဲ့ Taehyungက လေသံ အေးအေး ဖြင့်သာ ပြန်ဖြေလာသည်။
"မင်း..သိနေတာလား..အင်း..ငါလည်း..မင်းနဲ့ အိမ်ရှေ့စံ အကြောင်း သိထားတယ်"
ဒီတစ်ကြိမ်မှ Taehyung တကယ်အံ့သြရတော့သည်။ သူတို့အကြောင်းကို ဘယ်သူမှ မသိဘူးလို့ထင်ထားခဲ့သည်လေ။
"ဟင်...ဘယ်လို..မင်းက...ခန ငါတို့က တွဲနေတာ မဟုတ်ဘူးနော်"
Taehyung အထစ်ထစ် အငေါ့ငေါ့ ရှင်းပြနေတော့ Jiminက သက်ပြင်းချရင် ပြန်ပြောသည်။
"အင်း ရိပ်မိပါတယ်...ဒါပေမဲ့ မင်းတို့ တစ်ယောက်ကို တစ်ယောက် ချစ်နေကြတယ်မလား Taehyungie"
![](https://img.wattpad.com/cover/241636555-288-k575596.jpg)