🐰1🐯

5.3K 292 23
                                    

Jeonမျိုးဆက် ရှင်ဘုရင်များ အုပ်စိုးတဲ့ မြို့တော်ကြီးတစ်ခု။ မြို့တော်တစ်ခုလုံးက ခေတ်နဲ့အညီတင့်တယ်နေသလို ဘုရင်ကိုယ်တိုင်ကလည်း ကိုယ်ကျင့်တရား ကောင်းလွန်းလှသည်။

ဘာပြဿနာဖြစ်လာဖြစ်လာ တရားမျှတစွာ ဖြေရှင်းပေးခဲ့သည်မလို့ တိုင်းသူပြည်သားတိုင်းရဲ့ ချစ်ခင်နှစ်သက်မှုကိုရသလို တော်ဝင်မိသားစုပီပီ မကျေနပ်သူနဲ့ လုပ်ကြံချင်သူများလည်း ရှိခဲ့သည်။

ဘုရင်ဆိုတိုင်း အာဏာလွှမ်းမိုးချုပ်ကိုင်နေတာမျိုးမရှိပဲ တိုင်းပြည်တစ်ခုလုံးကို နွေးထွေးစွာ ဆက်ဆံခဲ့လေသည်။

Jeonဘုရင်၏မိသားစုတွင် မိန်းမနှစ်ယောက်၊ သားနှစ်ယောက် ၊ သမီးတစ်ယောက်နှင့် ညီတစ်ယောက်ရှိလေသည်။ မိန်းမနှစ်ယောက်ဖြစ်ပေမဲ့ ရန်ညှိုးထား ပုတ်ခက်မေတာမျိုးမရှိပဲ မိသားစုက အဆင်ပြေသည်။ မယားကြီးကလည်း ညှာတာသလို မယားငယ်ကလည်း လေးစားသည်။ တော်ဝင်မိသားစု၏ မိန်းမများပီပီ အိနြေ္ဒသိက္ခာလည်း ကြီးကြသည်။

ပထမမိန်းမနဲ့ရတဲ့ သားဖြစ်သူ Jeon JeongGukကို အိမ်ရှေ့စံရာထူး အပ်နှင်းထားပြီး ဒုတိယမိန်းမနဲ့ရတဲ့ သားနဲ့သမီးကိုလည်း မင်းသားငယ်နဲ့မင်းသမီးလေးအဖြစ် လိုလေသေးမရှိ ထားပေးကြသည်။

မောင်နှမသုံးယောက်မှာလည်း ပြိုင်ဆိုင်တိုက်ခိုက်နေတာမျိုးမရှိပဲ ချစ်ခင်ကြသည်။

JeongGukက အကြီးဆုံးမလို့ အိမ်ရှေ့စံရာထူးကို ရထားတာမျိုးလည်းမဟုတ်ပဲ အရည်အချင်းဖြင့်ရွေးခြယ်ထားခြင်းဖြစ်သည်။ အရာရာမှာထူးချွန်လွန်းသည့်မင်းသားလေးကို ဘုရင်ကိုယ်တိုင်ပင် မမှီတဲ့နေရာမျိုးရှိသည်။

JeongGukက စိတ်သဘောထားဖြောင့်မှတ်သလို အနေအေးသည်။ သူပိုင်ဆိုင်သည့်အရာမှန်သမျှကို သူ့ခွင့်ပြုချက်မပါပဲ ထိကိုင်တာကို လုံးဝမကြိုက်ပေ။

***

တိတ်ဆိတ်နေတဲ့ညအချိန်တွင် နေ့ဘက်အလား ထိန်လင်းနေတဲ့နေရာကတော့ Jeonတော်ဝင်မိသားစု၏ အိမ်တော်ပင်။

အစောင့်အကြပ်များကလည်း တာဝန်ကျသည့်နေရာ အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည်။ ရုတ်တရက်မြည်လာသော အချက်ပေးသံက တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သည်။ လင်းလာသော မီးနီက အိမ်ရှေ့စံရဲ့ အခန်းက အချက်ပြနေခြင်းဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။

Don't Touch Royal's (Completed)Hikayelerin yaşadığı yer. Şimdi keşfedin