🐰23🐯

791 98 3
                                    

Hoseok ခေါင်းငုံ့နေရာမှ မတ်တပ်ထရပ်လိုက်သည်။ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချပြီး မင်းကြီး ရှိရာသို့ အကျယ်ကြီး လှမ်းအောက်လိုက်တော့သည်။

"အဖေ ဒုတိယအကြိမ် အခွင့်အရေးပေးပါ ဒါကချော်လဲသွားတာပါ တိုက်ပွဲအစစ်မှာ ချော်လဲရင် သေမှာပေမဲ့ ဒီပွဲမှာတော့ ဒုတိယအကြိမ် ကြိုးစားပါရစေ"

JeongGukရော Taehyungရော ဘာမှ ပြောမထွက်ပေမဲ့ Hoseokစကားကို မင်းကြီးက ရီရင်း စကားပြန်သည်။

"အဲ့လို တိုက်ပွဲမျိုးမရှိဘူး သားတော်..ဒုတိယအကြိမ်တဲ့လား"

"ဒါ..ဒါဆို အရင် ကျွန်တော် ဆယ်ရှစ်နှစ်ပြည့်မွေးနေ့မှာ လိုချင်တာတောင်းဖို့ပေးခဲ့တဲ့ဆုကို အခု ဒုတိယအကြိမ်အဖြစ် သုံးချင်ပါတယ်"

Taehyung ရော JeongGukရော အံ့သြမိသည်။ Hoseokက သူတို့အတွက် သူလုပ်နိုင်သမျှ အားလုံးကို လုပ်ပေးနေသည်။ Hoseokရဲ့ တောင်းဆိုချက်ကို မင်းကြီး လိုက်လျောလိုက်ရသည်။

ဒုတိယအကြိမ် တိုက်ခိုက်မှုမှာ Hoseokက ဝံပုလွေတစ်ယောက်လို သန်မာလျင်မြန်လွန်းနေသည်။ စိတ်အားထက်သန်နေမှုကြောင့် JeongGukပင် ပြန်အံ့သြရလောက်အောင် ကျွမ်းကျင်နေလေသည်။ တကယ်တော့ Hoseokက အရင်တည်းက အရည်အချင်း ပြည့်ဝသူဖြစ်သည်။ စိုးရိမ်တတ်လွန်းတဲ့စိတ်တွေက သူ့ကိုပိတ်ပင်ထားခဲ့ခြင်းပင်။ အခုတော့ တစ်နေ့ထက်တစ်နေ့ ထိုအပိတ်ပင်တွေက ပျောက်ကွယ်လာသည်။

မင်းသားနှစ်ယောက်ရဲ့ တိုက်ပွဲကို မင်းကြီးပင် အံ့သြတကြီးဖြစ်သွားရလေသည်။ Hoseokကို ဒီလိုပုံစံနဲ့ မြင်ချင်ခဲ့တဲ့ JeongGukရဲ့ ဆုတောင်းလည်း ပြည့်ခဲ့သည်။ Hoseokရဲ့အောင်မြင်မှုနဲ့အတူ မင်းကြီးရဲ့ တရားဝင်ခွင့်ပြုချက်ဖြင့် Taehyungနဲ့အတူရှိနေခွင့်ရခဲ့လေသည်။

မကြာခင်လည်း Hoseokရဲ့ အိမ်ရှေ့စံခန့်အပ်ပွဲ ကျင်းပရန် ဆုံးဖြတ်လိုက်ကြသည်။ Hoseokက ငယ်သေးပေမဲ့ မင်းကြီးက နောင်ရေး စိတ်အေးချင်တာမလို့ Purpleတိုင်းပြည်ရဲ့ မင်းသမီးလေးARMYနဲ့ ပေးစားရန် စီစဉ်နေလေတော့သည်။

***

Hoseokနိုင်သွားပေမဲ့ စိတ်ပူစရာကောင်းလွန်းတဲ့ အပေးအယူကို မတိုင်ပင်ပဲ လုပ်ခဲ့တဲ့ JeongGukကို Taehyung စိတ်ကောက်သွားတော့သည်။

Don't Touch Royal's (Completed)Donde viven las historias. Descúbrelo ahora