JeongGuk သိထားပြီး ရန်သူကို ဖြစ်သော်လည်း ထုတ်ပြလို့ရသည့် အခြေနေမဟုတ်သေးတာမလို့ အခြေနေကိုသာ စောင့်ကြည့်နေရသည်။
ညစာစားပွဲဝိုင်းမှာ ဘာမှမဖြစ်သလို အေးအေးဆေးဆေး စားသောက်နေတဲ့ ဦးလေးတော် ကိုJeongGuk မုန်းမိသည်။ ဦးလေးတော် အရမ်းတော်သည်။ သူ သံသယပင် မဝင်နိုင်လောက်အောင် တော်သည်။
"Taehyung စားလေ အခုတလော အစားနည်းလိုက်တာ"
ဦးလေးတော်က ပြောရင်းပင် Taehyungပန်းကန်ထဲ ဟင်းတချို့ ထည့်ပေးလာသည်။ လေသံက သူခပ်တဲ့ ဆေးတွေကြောင့် Taehyung အပေါ်သက်ရောက်မှုရှိနေကြောင်းကို အတည်ပြုနေသယောင်။ Taehyungကတော့ ဘာစကားမှ မပြောပဲ ပြုံး၍သာ ဆက်စားနေသည်။
"ဒါနဲ့JeongGuk အဖေပြောထားတဲ့ကိစ္စ ဆုံးဖြတ်ပြီးပြီလား မိန်းကလေးဖက်ကတော့ အကုန် အဆင်သင့်ပဲတဲ့ မင်းဆုံးဖြတ်ဖို့အချိန်ရောက်ပြီ"
JeongGuk စိတ်ပျက်စွာ သက်ပြင်းတစ်ချက်ချမိသည်။ အိမ်တော်အတွင်းမှာ ဘာတွေဖြစ်နေမှန်းမသိပဲ ဒီလက်ထပ်ဖို့ အကြောင်းကိုပဲ စိတ်လောနေတဲ့ အဖေဖြစ်သူကို စိတ်ပျက်မိသည်မှာ အမှန်။
"သား...သူ့ကို မချစ်ဘူး အဖေ"
JeongGukရဲ့ အဖြေကို မင်းကြီးက သဘောမကျတာကြောင့် စားလက်စ လက်ထဲက ဇွန်းကို ချလိုက်ပြီး JeongGukကိုမော့ကြည့်သည်။ ထိုနောက် Taehyungဆီကို အကြည့်များ လွှဲလိုက်ရင်း
"ဘာလဲ မင်းချစ်တဲ့သူရှိနေလို့လား သား မင်းသိလား အချစ်ဆိုတာက အနေနီးရင် ဖြစ်လာတတ်တဲ့ အရေးမပါတဲ့ ခံစားချက်ပဲ မင်း လက်ထပ်ပြီးရင်လည်း အဲ့မိန်းကလေးကို ချစ်လာမှာပဲ "
Taehyungအနေခက်တာကြောင့် ထမင်းပင် ဆက်မစားမိပဲ ခေါင်းငုံ့ကာ ငြိမ်နေမိသည်။ JeongGukလည်း မင်းကြီးစကားကြောင့် ဒေါသထွက်လာမိသည်။
"ကျွန်တော် လက်မခံဘူး အခုကျွန်တော့်မှာ ဘယ်လို ပြဿနာတွေ ဖြစ်နေလဲဆိုတာရော အဖေသိရဲ့လား..ကျွန်တော့်ဖက်လည်း နည်းနည်းလောက်တော့ ကြည့်ပေးပါဦး ကျွန်တော် အပြက်ပြောပြီးပြီ ကျွန်တော်ချစ်တဲ့သူက လွဲရင် ဘယ်သူ့ကိုမှ လက်မထပ်ဘူး"
![](https://img.wattpad.com/cover/241636555-288-k575596.jpg)