🐰7🐯

1.2K 160 21
                                    

Taehyung တစ်ယောက် JeongGukက အပြင်သွားစရာရှိတယ်ပြောတာကြောင့် ပျော်နေလေသည်။ အိမ်ရှေ့စံပီပီ အလုပ်များသလောက် ကိစ္စရှိမှ အပြင်ထွက်တာမလို့ Taehyungအတွက်တော့ ပျင်းစရာကောင်းလှသည်။

တစ်ခါတလေတော့လည်း အရေးသိပ်မကြီးတဲ့ စာရင်းတွေ ကူလုပ်လေ့ရှိပေမဲ့ ပျင်းနေတာနဲ့ များများ မလုပ်ဖြစ်။ သူ့နေရာမှာတခြားသူသာဆိုရင် လစာလည်းကောင်းပြီး လူရှိန်ရဲ့အပြင် သက်တောင့်သက်သာရှိလှတဲ့ ဒီအလုပ်ကို ချစ်နေမိမှာအမှန်ပင်။

"Hyung Ready? သွားကြစို့"

JeongGukက ကားပေါ်တတ်လာရင်းမှ ပြောလေသည်။ ထိုအချိန်မှသတိရတာက Taehyung ကားသော့ကို အခန်းထဲမှာ ချန်ခဲ့မိပြီဆိုတာကိုပင်။

"အယ် သေစမ်း သော့မေ့ခဲ့ပြီ သွားယူလိုက်ဦးမယ်"

JeongGuk ပြုံးပြီးသာ ခေါင်းရမ်းမိသည်။ တခြားသူသာဆို စိတ်တိုမိမှာမှန်ပေမဲ့ Taehyungနဲ့ ပတ်သက်ရင် အရာရာက သူ့အတွက် ချစ်စရာကောင်းနေသည်။

"နေနေ Hyung ဟိုနားက တစ်ယောက်ကို လှမ်းခိုင်းလိုက်မယ်"

JeongGuk ကားထဲကနေလှမ်းပြောလိုက်တော့ အိမ်တော်ရဲ့ အလုပ်သမားတစ်ယောက်က သွားယူပေးလေသည်။Taehyungလည်း ရီသာပြပြီး မောင်းလာခဲ့လိုက်သည်။

"အခုတလော Hyungခန ခနမေ့တတ်နေသလိုပဲ"

"ဟမ် အင်း ဟုတ်တယ် ဘာဖြစ်မှန်းကိုမသိဘူး"

JeongGukက လှမ်းမေးလိုက်တော့ ကားမောင်းနေရင်းမှ Taehyungစကားပြန်လာသည်။

"အဲ့ဒါမကောင်းဘူး Hyungညတွေ အိပ်မပျော်လို့လား"

"အဲ့လိုလည်း မရှိပါဘူး ဒီတိုင်း မေ့နေတာ ဟီး"

ဘယ်လို အကြောင်းအရာကြောင့်ဖြစ်ပါစေ Taehyungရယ်လိုက်တိုင်း JeongGuk ရင်ခုန်သံ မြန်လာစမြဲပင်။

"ဒါနဲ့ Yoongi Hyungဆီကိုလာတာ ဘာလို့လဲဟင်"

"အာ..သူ့ကို တော်ဝင်ညစာစားပွဲလာဖိတ်တာလေ ဖိတ်စာပါမှဝင်လို့ရမှာမလို့ ဖိတ်စာတစ်စောင်ကို ဖိတ်ခံရသူနဲ့ သူ့အဖော်တစ်ယောက်ပဲ ဝင်ခွင့်ရှိတာ"

JeongGukက သေချာရှင်းပြတော့ Taehyungက စိတ်ဝင်တစား နားထောင်နေလေသည်။

Don't Touch Royal's (Completed)Donde viven las historias. Descúbrelo ahora