"မင်းသားငယ်ကို လွှတ်လိုက် ပြီးရင် ဒီအခန်းနားကနေ ထွက်သွားကြ"
JeongGuk အိမ်ရောက်ရောက်ချင်း အစေခံတစ်ယောက်ကို အမိန့်ပေးကာ အခန်းထဲ ဝင်စောင့်နေလိုက်သည်။
Taehyungလည်း ဘေးမှာ တိတ်တိတ်ကလေး ထိုင်နေပေမဲ့ အဆင်ပြေပုံမပေါ်။ နားမလည်နိုင်တဲ့ မေးခွန်းတွေနဲ့အတူ လက်ခံဖို့ကိုလည်း ငြင်းဆန်နေမိသည်။
"Hyung ကျွန်တော့်ကို ခေါ်တယ်ဆို"
Hoseok ရောက်ရောက်ချင်း ပြုံးပြီးမေးလိုက်တော့ JeongGukနဲ့ Taehyungက နာကျင်နေတဲ့ မျက်လုံးတွေနဲ့ မော့ကြည့်လာသည်။ အခန်းက တိတ်ဆိတ်လွန်းနေတာကြောင့် နာရီသံ ချက်ချက်ပင် ကြားနေရသည်။
"အဲ့မှာထိုင် ငါမေးတာတွေကို အမှန်အတိုင်းဖြေ"
JeongGukအရှေ့က ခုံကို မေးငေါ့ပြကာ ထိုင်စေလိုက်သည်။ မေးချင်ပေမဲ့ ချက်ချင်းထွက်မလာနိုင်တဲ့ မေးခွန်းတွေကြောင့် သက်ပြင်းသာ အရင်ချမိသည်။ သူကြောက်သည်။ သူ့ညီငယ်လေးက ဒီလိုမျိုးလုပ်တယ်ဆိုတာကြီးကို အတည်မပြုလိုပါ။
"ကျွန်တော် ဘာလုပ်လို့လဲဟင် Hyung"
Hoseok စိုးရိမ်စိတ်ဖြင့်မေးလိုက်တော့ JeongGukက ကြည့်နေရာမှ မျက်နှာလွှဲသွားလေသည်။
"မင်း ညတိုင်း လာပိုနေတဲ့ Taehyung Hyungအတွက် ချောကလက်အပူမှာ ဘာထည့်ထားလဲ"
"ဟင် ဘာထည့်ရမှာလည်း Hyungရဲ့"
Hoseokက နားမလည်သလိုနှင့် ဖြူစင်စွာမေးလာသည်။ JeongGuk လည်း ထိုမျက်လုံးလေးတွေကို ယုံကြည်ရမလား မယုံကြည်ရမလား မသိလောက်အောင် လမ်းပျောက်ပြီး ကြောက်နေမိသည်။
"အဲ့ဒါကို ဖတ်ကြည့်"
Yoongiပေးလိုက်တဲ့ ဆေးစာရွက်ကို JeongGuk ကမ်းပေးလိုက်သည်။ Hoseokသေသေချာချာ ဖတ်ကြည့်တော့ ဆေးတစ်မျိုးအကြောင်းနဲ့ ဆိုးကျိုးတွေကို ရှင်းပြထားသည်ကို တွေ့ရသည်။
"ဒါက ဘာတွေလဲဟင် "
"ချောကလက်အရည်ထဲမှာ အဲ့ဆေးတွေပါနေတယ်"
မဖြေနိုင်ပဲ ငြိမ်နေတဲ့ JeongGukကြောင့် Taehyungပဲ ဝင်ဖြေလိုက်ရတော့သည်။ Hoseokကတော့ အံ့သြမှု၊ ထိတ်လန့်မှုတွေ ပြည့်နေသော မျက်နှာနဲ့အတူ သူ့ကိုမော့ကြည့်လာသည်။