ထားခဲ့လိုက်တော့ ကြယ်လေးတို့ရေ
ပျော်ရာသွားတယ်မဟုတ်ပေမယ့်
တော်ရာသွားတယ်လို့လည်းမဆိုချင်။
လူတစ်ယောက်အစပျိုးတဲ့ဇာတ်တစ်ခုကို
လူပေါင်းများစွာ မျက်ရည်တွေနဲ့ရင်းခဲ့ရတယ်။ကျန်ခဲ့လိုက်တော့ သံဃောဇဥ်တို့ရေ
ရေစက်ကုန်ပြီလို့ပြောရအောင်လည်း
ထားရစ်ခဲ့တဲ့ အမှတ်တရတွေက ထုထည်ပမာ
အားလုံးကောင်းဖို့ ရင်းခဲ့ရတယ်။
ကျန်ရစ်သူတွေ ငိုခဲ့ရတယ်။အစမကောင်းတဲ့ နွေဦး
အမှတ်တရတွေဆိုး၀ါးကုန်ပြီ။
အိပ်မက်လိုက်တိုင်း ခြောက်လှန့်နေဆဲ
နိုးထချင်ပြီ၊ ငိုကြွေးသံတွေရပ်ချင်ပြီ
နောက်ဆုံး အောင်ပွဲသံကြီး ကြားချင်ပါပြီ။သျှင်လွန်းငယ်