ပန်းကလေး

7 1 0
                                    

ပန်းကလေး

ပန်းကလေး...
ဟုတ်တယ် ကျွန်တော့်အတွက်တော့ ခင်ဗျားက ပန်းကလေးပဲ။

၀ါသနာကိုအရင်းခံရင်း ခင်ဗျား ဒီလောကထဲကို ၀င်ရောက်လာခဲ့သလို...
ပန်းကလေးတွေကလည်း သူတို့ရဲ့မျိုးစေ့လေးတွေကို ခွဲထွက်လို့ လောကကြီးထဲကိုရောက်လာခဲ့တယ်။

ကံကြမ္မာရဲ့တိုက်ဆိုင်မှုတစ်ခုကြောင့် ခင်ဗျားကိုတွေ့လိုက်ရတယ်၊ ထူးခြားတဲ့ ခင်ဗျားရဲ့အပြုမှုတွေက ကျွန်တော့်ကိုမှင်သတ်စေတယ်။

အ​ေ၀းကနေသာလှမ်းကြည့်ခွင့်သာရှိတဲ့ ခင်ဗျားက ကျွန်တော့်အတွက်တော့ တန်ဖိုးထားရတဲ့ ပန်းကလေးတစ်ပွင့်လိုပါပဲ။

ခင်ဗျားက ပန်းကလေးသာဆို ကျွန်တော်က ဥယျာဥ်မှူးတစ်ယောက်ပဲ ဖြစ်ချင်တယ်။

ကျွန်တော် တန်ဖိုးထားတဲ့ပန်းကလေး ကောင်းစွာပေါက်ဖွားပြီး မွှေးရနံ့တွေထုံလွှမ်းအောင် ရေလောင်းပေါင်းသင်ပေးသလို၊
ခင်ဗျားလည်း ပျော်ရွှင်ပြီး ပြီးပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်အောင် တစ်ဖက်တစ်လမ်းက အားပေးချင်တယ်။

ပန်းကလေးတွေက ရေလောင်းပေါင်းသင်နေတဲ့ကြားထဲက အကောင်ပလောင်တွေရဲ့တိုက်ခိုက်ချင်းကို ခံရတာမို့ အရင်ကထက် ပိုဂရုစိုက်ရတယ်။
ခင်ဗျားကိုလည်း မနာလိုသူတွေ ​ေ၀ဖန်တိုက်ခိုက်ကျတဲ့အခါ  အရင်ကထက် အားပေးနှိမ့်မှုတွေပေးချင်ပေမယ့် ကျွန်တော် တန်ဖိုးထားမိတဲ့ ပန်းကလေးက ငေးကြည့်နေခွင့်ပဲရှိတာပါ။

လူတစ်ချို့က ပြောကျတယ် ၊ ပိုင်ဆိုင်ခွင့်လည်းမရ သူတို့က သိတောင်မသိပဲနဲ့ ကြိုက်နေရလားလို့မေးရင် ဖြေစရာတစ်ခုပဲရှိတယ်။

ဥယျာဥ်မှူးတိုင်းက သူတို့စိုက်ပျိုးတ့ဲပန်းကလေး ကောင်းစွာရှင်သန်နေရင် ကျေနပ်တာပဲလေလို့...။

ကျွန်တော့်ရဲ့ အားပေးမှုတွေကို ခင်ဗျား တွေ့ချင်မှတွေ့လိမ့်မယ်၊
ခင်ဗျားအတွက် ကျွန်တော့်ရဲ့ပေးဆပ်မှုတွေကို ခင်ဗျားသိချင်မှသိလိမ့်မယ် ၊ ပတ်၀န်းကျင်ရဲ့စကားတွေကိုတောင် လွန်ဆန်ရဲလောက်တဲ့အထိ ခင်ဗျားရဲ့ဖြစ်တည်မှုက ကြီးမားပါတယ်။

ကျွန်တော် တန်ဖိုးထားတဲ့ပန်းကလေး ပင်ယံမြင့်မှာ အနှောက်အယှက် ကင်းကင်းနဲ့လှပနေဖို့က ကျွန်တော့်ရဲ့ ရည်မှန်းတစ်ခုဖြစ်ခဲ့တယ်။

တစ်ချိန်ကျရင်တော့ ထိုပန်းကလေးကို ထိတွေ့ခွင့် ရပါစေလို့ ဆုတောင်းမိတယ်။

တစ်ခြားသူတွေတင်စားတဲ့ ပန်းကလေးဆိုတာက
ဘယ်လို အဓိပ္ပာယ်ရှိလဲမသိပေမယ့်
ကျွန်တော်တင်စားတဲ့ ပန်းကလေးဆိုတာကတော့
​မွှေးရနံ့ကုန်လို့ ကြွေကျသွားရင်တောင်မှ
စာအုပ်ကြားလေးထဲထည့်ပြီး
အမြတ်တနိုးသိမ်းထားရမယ့်
ပန်းလေးတစ်ပွင့်အဖြစ် တည်ရှိနေမှာပါ။

#သျှင်လွန်းငယ်

No ReasonWhere stories live. Discover now