👣👣

7 0 0
                                    

ခင်ဗျားရဲ့ မေတ္တာတရားက
ကျွန်တော့်ဘက် အလေးမသာတဲ့အခါ။
ခင်ဗျား မျှော်လင့်နေတဲ့ လက်တစ်စုံက
ကျွန်တော် မဟုတ်ခဲ့တဲ့အခါ။
နာကျင်နေပြီဖြစ်တဲ့ နှလုံးသားကို
အနားပေးလိုက်ပြီ။

၀မ်းနည်းစရာတွေကြုံတိုင်း
စိတ်အလိုကျ တိုး၀င်ချင်တဲ့
ရင်ခွင်တစ်စုံက သူလိုလားတဲ့
အရပ်ဒေသမှာ ပျော်မြူးလို့။

ထပ်တူမကျတဲ့ နှလုံးသားကို
အလိုလိုက်ရင်း နာကျင်မှုကို အနားပေးလို့
ငေးကြည့်ခွင့်နဲ့တင် ရောင့်ရဲမှုဆိုတာနဲ့လည်း
အသားကျနေခဲ့ပြီ။

မမြတ်နိုးတာမဟုတ် တန်ဖိုးထားနိုင်ပေမယ့်
ဂရုတစ်စိုက်နဲ့ ထွေးပွှေ့ထားချင်ပေမယ့်
ကိုယ်တိုင်မစိုက်ပျိုးခဲ့ရတဲ့ပန်းမို့
တယုတယနဲ့ နမ်းရှိုက်ခွင့်မရှိသည်လား။

#သျှင်လွန်းငယ်

No ReasonWhere stories live. Discover now