နွေး

13 2 0
                                    

နွေး

ခင်ဗျားကို ချစ်ကြောင်းတင်စားဖို့စဥ်းစားမိတော့
ရင်ထဲမှာ တစ်အုံနွေးနွေး၊
ခင်ဗျားဆိုတာ ကျွန်တော့်အတွက်
အဲ့လိုဖြစ်တည်မှုမျိုး။

ကျွန်တော့်အပေါ် အေးစက်မှုတွေနဲ့
အစပြုတဲ့ခင်ဗျားဆီက
ကြင်နာယုယမှုနဲ့နွေးထွေးမှုတွေ
လိုချင်မိသား။

တစ်ခါတစ်လေ အမိန့်ဆန်တဲ့ထိန်းချုပ်မှုတွေ
စိုးရိမ်သံနဲ့ နှိမ့်သိမ့်စကားတွေကို
ဘယ်လိုခေါင်းစဥ်ထဲထည့်သွင်းရမလဲ လူကြီး။

အမှတ်မထင် တိုး၀င်မိတဲ့ ခင်ဗျားရဲ့
နွေးထွေးလှတဲ့ရင်ခွင်ကြီးကိုပိုင်ဆိုင်နိုင်ဖို့
ကျွန်တော့်ရဲ့မာနကို ချနင်းခဲ့ရုံ။

ခင်ဗျားနဲ့ပတ်သက်လာရင်
အရာရာတိုင်း လောဘကြီးပေမယ့်
လတ်တလောလိုချင်မိတာ
အေးစက်မှုတွေကင်းကွာနေတဲ့
နွေးထွေးလှတဲ့ မျက်၀န်းတစ်စုံရယ်သာ။

#သျှင်လွန်းငယ်

No ReasonWhere stories live. Discover now