မိုးမိမှာစိုးတယ်။

16 3 0
                                        

My Dear..

သို၀ှက်ထားတဲ့ တစ်ဖက်သတ်အချစ်တွေကိုဖွင့်ချဖို့အတွက်
ဒိုင်ယာရီဆိုတဲ့စာအုပ်လေးကိုအသက်သွင်းခဲ့တယ်။
ခင်ဗျားနဲ့ပတ်သက်သမျှခံစားချက်တွေအားလုံးကို ဒီစာအုပ်လေးကခံယူခဲ့တယ်။
တုန့်ပြန်မှုမရှိတဲ့ သံဃောဇဥ်ကိုအစပျိုးခဲ့မိတာ ခင်ဗျားဆိုတဲ့လူသားကို မြတ်နိုးမိလို့။
ချစ်မိတော့လည်း အသေးစိတ်ကအစဂရုစိုက်နေမိတာ နှလုံးသားရဲ့ စေညွှန်ရာအတိုင်းသာ။

အိပ်မက်တွေအကောင်အထည်ဖော်ချင်လို့ ကြိုးစားနေတဲ့ခင်ဗျားရဲ့ဘ၀လမ်းမှာ အချစ်ကိုကိုးကွယ်ချင်တဲ့ ကျွန်တော်ကိုယ်တိုင်ကခင်ဗျားဘ၀ရဲ့ ဆူးညှောင့်ခလုတ်အဖြစ်မခံနိုင်။
ကျွန်တော့်ကမ္ဘာကြီးဖြစ်တဲ့ ခင်ဗျားရဲ့ဘ၀လေး မိုးမမိပဲ သာသာယာယာလေးရှိနေစေချင်တာ ကျွန်တော့်ရဲ့မှန်ကန်တဲ့တောင်းဆုလေးတစ်ခု။

ဘယ်လိုကုသိုလ်တရားတွေနဲ့ပါရမီဖြည့်ရင် ကျွန်တော့်ရဲ့ဆုတောင်းတွေက ခင်ဗျားထံသက်ရောက်နိုင်မလဲ။
မသေချာတဲ့တောင်းဆုတွေကို အသက်မသွင်းချင်တော့ပေမယ့် ခင်ဗျားနဲ့ပတ်သက်တာတွေကိုတော့ ချရေးနေဦးမှာ။

ပိုင်ဆိုင်ခွင့်မရပေမယ့် ငေးမောနေခွင့်ရှိနေသမျှကာလပတ်လုံးကျွန်တော်ဆိုတဲ့လူတစ်ယောက်က ခင်ဗျားမျက်၀န်းထဲကကျဆင်းလာမယ့်ရေကြည်တစ်ပေါက်ကိုတောင်မနာလိုတာမို့ ခင်ဗျားနှုတ်ခမ်းကအပြုံးတွေကြာရှည်ခံအောင် ခင်ဗျားအပေါ်ကျရောက်မယ့်မိုးစက်တွေကိုကာကွယ်ပေးမယ့်ထီးတစ်ချောင်းဖြစ်ပေးမှာ။

No ReasonWhere stories live. Discover now