" ကိုယ်သွားတော့မယ် " တဲ့
အနားမှာ နေပေးပါလို့ပြောဖို့ကျတော့
ကမ်းထားတဲ့လက်တစ်စုံက
ကျွန်တော့်ဘက်ကသာ။
" ကိုယ်မရှိလို့ အရင်လိုမဆိုးနဲ့နော် " တဲ့
စိတ်မချရင် ထားမသွားနဲ့ ပြောဖို့ကျတော့
ချစ်ခြင်းဆိုတဲ့ သံဃောဇဥ်က
ကျွန်တော့ဘက်ကသာ။
လူနှစ်ယောက်ကြားက သံဃောဇဥ်က
အစပျိုးပုံခြင်းမတူတော့
နောက်ဆုံး နာကျင်ရသူက ကျွန်တော်သာ။
ခင်ဗျားအပေါ်ယိုင်လဲနေတဲ့ စိတ်ကို
သိသိရက်နဲ့ ဥပက္ခာပြုရက်တယ်လို့တော့မဆိုချင်
နောက်ဆုံးခွဲခွာချိန်ထိ ကျွန်တော်မှ
ခင်ဗျားကို အမုန်းနဲ့မလွမ်းချင်တာ။
သျှင်လွန်းငယ်
