🌼🌼

10 1 0
                                    

ကိုယ့်ဘက်က ဆွဲထားမှမြဲမယ့် လက်တစ်စုံကို ရင်ခုန်မိတော့ နှလုံးသားရဲ့ နာကျင်မှုကို ဥပက္ခာပြုဖူးတယ်။

တစ်ဖက်လူ မလိုလားတဲ့ ချစ်ခြင်းမေတ္တာကို ပေးကမ်းမိတော့ အပေါစားတစ်ခုလို စျေးဖြတ်ခံရဖူးတယ်။

ရိုးသားမှုကို ချပြမိတော့ လူနုံတစ်ယောက်လို လှောင်ပြောင်ခံရဖူးတယ်။

စိတ်စေရာဆုံးဖြတ်ချက်တိုင်းရဲ့  ပင်မအရင်းခံက
ခင်ဗျား ဖြစ်နေတာနဲ့တင်  တစ်ချို့သော ခံစားချက်တွေကို ခ၀ါချခဲ့ရတာ။

သေချာတာတစ်ခုကတော့ တစ်ချို့သော ချစ်ခြင်းမေတ္တာတွေက ကုန်ဆုံးမယ့်ရက်ရှိတယ်။

#သျှင်လွန်းငယ်

No ReasonWhere stories live. Discover now