📬📬

10 1 0
                                        

ပိုင်ဆိုင်ခွင့်မရှိလည်း
ငေးကြည့်ရုံနဲ့ ကျေနပ်ပါတယ်ဆိုတဲ့ ချစ်ခြင်းအတွက်
နာကျင်နေတဲ့ နှလုံးသားကို
ကြံ့ခိုင်အောင် ပုံသွင်းရသေးတယ်။

မပတ်သက်တော့ဘူးဆိုပြီး
ရှောင်ဖယ်နေပေမယ့်
သူ့ဆီဦးတည်နေတဲ့ ခြေလှမ်းတွေကို
ရုတ်သိမ်းဖို့ ကြိုးစားရသေးတယ်။

လှည့်မကြည့်တော့ဖို့
ဆုံးဖြတ်ထားပေမယ့်
သူ​ငိုကြွေးရင် မှီခိုဖို့
ပခုံးတစ်ဖက်ကို ပြင်ထားမိသေးတယ်။

နောက်ဆုံး အဆုံးသတ်ဖို့ကြံရွယ်လိုက်တိုင်း
သူပြိုလဲရင် အလိုက်သင့်ဖေးမနိုင်ဖို့
ဒီလူရဲ့ရင်ခွင်နွေးနွေးလေးကို
ဖွင့်ဟမိသေးတယ်။

ခင်ဗျားနဲ့ပတ်သက်လို့နောက်ဆုံးပါပဲ၊
အဆုံးသတ်ပါပဲဆိုတဲ့စိတ်က
ကျွန်တော် တစ်ခြားကမ္ဘာကိုကူးပြောင်းဖို့
နောက်ဆုံးအငွေ့သက်တစ်ခုလည်းဖြစ်နိုင်တယ်။

#သျှင်လွန်းငယ်

No ReasonWhere stories live. Discover now