အချစ်

5 2 0
                                    

အချစ်

အချစ်..တရား၀င် ခေါ်ခွင့်မရှိတဲ့
ခင်ဗျားရဲ့ နာမ်စားလေးတစ်ခု။

ကျွန်တော် အစပြုခဲ့တဲ့ သံဃောဇဥ်လေးထဲမှာ
ခင်ဗျား ပျော်မွှေ့ပါစေကြောင်း ဆုတောင်းမယ်။

သူ့ကြောင့်မပျော်ရွှင်ရတဲ့နေ့ရက်တွေမှာ
ခင်ဗျားတစ်ယောက် တစ်ခဏတာ သာယာစေဖို့။

သူ့အတွက်ဆို အမြဲပေးဆပ်တက်တဲ့ ခင်ဗျားအတွက်
ရယူခြင်းဆိုတာ ခင်ဗျားနဲ့လည်း ထိုက်တန်ကြောင်း
ကျွန်တော်က သက်သေထူပေးမှာ။

မျက်ရည်တွေနဲ့မလိုက်ဖက်တဲ့ ခင်ဗျားမျက်၀န်း
သုတ်ပေးဖို့ ရည်ရွယ်ထားတဲ့ ကျွန်တော့်ရဲ့လက်တစ်စုံ
အလိုမရှိလည်း ကျွန်တော်သတ်မှတ်တဲ့အချစ်က
ခင်ဗျားတစ်ယောက် ပျော်ရွှင်စေဖို့။

#သျှင်လွန်းငယ်

No ReasonWhere stories live. Discover now