🤜🤛

13 0 0
                                        

လောကကြီးထဲ ဖြတ်သန်းလာတဲ့အခါ
စွှန့်လွှတ်တက်ဖို့ကိုလည်း ကျင့်ကြံရသေးတယ်။

ငါ့စိတ် အဆင်မပြေဖြစ်နေရင်တောင်မှ
အပြုံးတုတစ်ခုကိုဖော်ပြဖို့ အားမွေးရသေးတယ်။

ကိုယ့်ဘက်ကိုယ်သာရှိတဲ့ ရပ်၀န်းတစ်ခုကို ထူထောင်နိုင်ဖို့ ရိုက်ချက်ပြင်းပြင်းတွေလည်း ခံယူရသေးတယ်။

ငါ့အတွက် စစ်မှန်ခြင်းမရှိတဲ့ မေတ္တာတရားတွေကြောင့်
အချိန်တစ်ခုထိပြိုလဲခဲ့ပေမယ့် ငါအခုထိကြိုးစားနေသေးတယ်။

ပြိုလဲချင်ပေမယ့် မှီခိုရာပခုံးတစ်ဖက်မရှိတဲ့အခါ
ငိုကြွေးချင်ပေမယ့် ခိုလှုံရာရင်ခွင်တစ်ခု ပျောက်ရှနေတဲ့အခါ
ငါနေထိုင်ရာ အခန်းကျဥ်းလေးက ငါ့အတွက်ရှိနေပေးတယ်။

ဘယ်သူ့ကိုမှ မချပြတဲ့ ငါ့ရဲ့တစ်ဖက်ခြမ်းကို ငါ့ရဲ့အခန်းကျဥ်းလေးက နားလည်ပေးတယ်။
ငါ့ရဲ့ ငိုကြွေးသံ၊ ကျရှုံးသံတွေကို  ထိုအခန်းကျဥ်းလေးက တိတ်တဆိတ်နားထောင်ပေးတယ်။

နောက်ဆုံး ငါစိတ်ချလက်ချနဲ့ ရင်ဖွင့်ရာ၊ ခုံလှုံရာ၊
ငါ့ရဲ့ dark side တွေကို လက်ခံပေးရာ ကမ္ဘာငယ်လေးတစ်ခုက ခြောက်ကပ်နေတဲ့ ငါ့ရဲ့အခန်းလေးသာဖြစ်တယ်။

#သျှင်လွန်းငယ်

No ReasonWhere stories live. Discover now