🖤🖤

9 1 0
                                    

တစ်ယောက်နဲ့တစ်ယောက်
ရေစက်ပါလို့ ဆုံစည်းကြတယ်။
၀ဋ်ကြွေးကုန်တော့ ပြီးဆုံးကြတယ်။

အဆင်မပြေမှုတွေများစွာနဲ့..
လျှောက်လမ်းတွေထပ်တူမကြတော့တဲ့အခါ
ဖြူစင်သော မေတ္တာနဲ့သာ အဆုံးသတ်ချင်မိတာ
မုသားမပါတဲ့ သစ္စာတစ်ခု။

တစ်ခါမှ မသက်ဆိုင်ဖူးခဲ့သလို အပြုအမှုတွေနဲ့
ရင်းနှီးမှုတွေကို ခဝါမချချင်ခဲ့ရုံ။

ဘယ်လိုပဲ အဆုံးသတ်ရ အဆုံးသတ်ရ....

ကံကြမ္မာအလိုအရ ကျွန်တော်တို့ ‌
ပေါင်းစည်းခွင့်ရခဲ့တုန်းက အနည်းဆုံးတော့
ချစ်ခြင်းတွေ မှန်ကန်ခဲ့တယ်မဟုတ်လား။

#shinloonngal
#သျှင်လွန်းငယ်

No ReasonWhere stories live. Discover now