ချစ်တဲ့သူနဲ့ ပေါင်းစည်းခွင့်ရတဲ့အခါ
မနက်ခင်း မျက်လုံးပွင့်လာခဲ့ရင်
ကမ္ဘာကြီးက ကြင်နာတက်လိုက်တာလို့
တွေးမိပေမယ့်..ပြန်ဆက်ဖို့မလွယ်ကူတဲ့
သံယောဇဉ် ကြိုးတစ်ချောင်းရဲ့
ဒဏ်ရာအတိမ်အနက်ကိုတော့
တပါးသူတွေသိအောင်ရယ်ရယ်မောမောနဲ့ ပြန်ပြောပြနိုင်ဖို့
ကြိုးကြိုးစားစားနဲ့ဖြတ်သန်းရတဲ့နေ့ရက်တွေက
ကံကြမ္မာရဲ့ ရက်စက်ခြင်းဆိုတဲ့
ဇာတ်လမ်းတစ်ပုဒ်ကိုတော့ငါဟာ နှလုံးသွေးမျက်ရည်တွေနဲ့
ယဉ်ပါးခဲ့တယ်ဆိုတာ
နာကျင်ဖူးသူတွေပဲ စာနာပေးနိုင်တယ်။#shinloonngal
#သျှင်လွန်းငယ်