"QiuYanZhiလား"
LiuChengကသူ့ဝိုင်ခွက်ကိုလှည့်ကာတခစ်ခစ်ရယ်လိုက်ပြီး
"သူ့ပုံစံကကရုဏာသက်စရာပုံပေါ်ကောင်းပေါ်နိုင်ပေမဲ့လည်း
တကယ့်ခွေးရူးပဲ"
"မင်းကဘာလို့ဒီလိုပြောနိုင်တာလဲ"
လူတစ်ယောက်ကထလာပြီးသိချင်စိတ်နဲ့မေးလိုက်သည်။
"Qiuမိသားစုရဲ့တရားဝင်သခင်လေးကသူ့ရဲ့ဂုဏ်သိက္ခာကိုစွန့်ပြစ်ဖို့ဆန္ဒရှိရုံတင်မဟုတ်ဘဲ သူ့ဘ၀တစ်ခုလုံးကိုယောက်ျား
တစ်ယောက်ဆီပုံအပ်ချင်နေတယ်လေ"
LiuChengကသူ့ရဲ့ရှည်လျားတဲ့ခြေထောက်၂ဖက်ကို
ချိတ်ထိုင်လိုက်ပြီး သူ့နောက်ကျောကိုထိုင်ခုံမှာမှီလိုက်သည်။
"ဘာကပိုသနားဖို့ကောင်းတယ်ဆိုတာမင်းသိလား။အဲ့ဒီလူက
သူ့ကိုပြန်မကြိုက်ဘူးလေ။"
"မင်းကဘယ်လိုသိတာလဲ။"
"ငါ့မျက်လုံးတွေနဲ့မြင်ခဲ့တာလေ။"
LiuChengကQiuYanZhiကိုမွေးနေ့ပွဲမှာပထမဆုံး
ဆုံခဲ့တာဖြစ်သည်။
ထိုအချိန်တုန်းကLiuChengကသူ့ကောင်လေးနဲ့အတူ
အဲ့ဒီပွဲကိုသွားခဲ့တာဖြစ်သည်။ဒါပေမဲ့သူဗီလာထဲဝင်ဝင်ချင်း
မှာပဲ လူအုပ်ထဲမှအထင်းဆုံးဖြစ်တဲ့QiuYanZhiက
သူ့အာရုံကိုဖမ်းစားနိုင်ခဲ့သည်။
သာမာန်ရိုးကျပွဲတစ်ခုတော့မဟုတ်ပေ။မီးခိုးရင့်ရောင်ခပ်မှိုင်းမှိုင်း
အခန်းကျယ်ကြီးထဲမှာ လူတန်းစားအမျိုးမျိုးပါဝင်တက်ရောက်
ကြသည်။ဆိုဖာပေါ်မှာထိုင်နေကြတဲ့လူတွေကတော့
CelebrityတွေInfluencersတွေအလှလေးတွေကို
ပွေ့ဖက်ထားတဲ့ဒုတိယမျိုးဆက်သူဋ္ဌေးသားတွေပဲဖြစ်သည်။
LiuChengကတော့ ပထမလူစုထဲမှာပါဝင်သည်။
QiuYanZhiကတမူထူးခြားတဲ့လူတစ်ယောက်ဖြစ်သည်။
သူ့ရုပ်ရည်ကကြည့်အကောင်းဆုံးဖြစ်ပေမဲ့လည်း သူ့မျက်လုံး
တွေက ကြည်လင်သန့်ရှင်းဆုံးဖြစ်သည်။သူကအဖြူရောင်
ဆွယ်တာနဲ့ဖြစ်ပြီး သူ့ပုံစံကအထက်တန်းကျောင်းသား
တစ်ယောက်က ဖျော်ဖြေရေးနယ်ပယ်ထဲကိုမှားရောက်လာ
သယောင်ထင်ရသည်။သူနဲ့စကားပြောနေတဲ့
ဒုတိယမျိုးဆက်သူဋ္ဌေးသားတွေက ညစ်ညမ်းတဲ့
စောင်းမြောင်းပြောဆိုမှုတွေကိုပဲသံယောင်လိုက်ပြောနေကြသည်။
တစ်ချက်ထဲကြည့်လိုက်ရုံနဲ့တင်ပြောနိုင်တာက သူက
ငွေဇွန်းကိုက်မွေးလာတဲ့သခင်လေးဖြစ်တယ်ဆိုတာပဲ။
အပြစ်ကင်းဖြူစင်ပြီးခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်
နေလာရတဲ့သခင်လေးမျိုးဖြစ်သည်။သူကLiuCheng
လို နိမ့်ကျတဲ့အဆင့်အတန်းနဲ့လုံးဝမသက်ဆိုင်တဲ့တစ်စုံ
တစ်ယောက်ပဲဖြစ်သည်။
သခင်လေးQiuကပျင်းရိငြီးငွေ့နေသည့်အမူအရာဖြင့်
ဆိုဖာကိုမှီနေခဲ့သည်။သူကထိုဒုတိယမျိုးဆက်သူဋ္ဌေးသား
တွေရဲ့စကားတွေကို စိတ်မပါလက်မပါပြန်ဖြေနေခဲ့ပြီး
သူ့မျက်လုံးတွေကတစ်စုံတစ်ခုကိုရှာဖွေနေသယောင်
ဟိုကြည့်သည့်ကြည့်ဖြစ်နေသည်။
QiuYanZhiရဲ့မျက်လုံးတွေကHeZhou၀င်လာတာကို
မြင်တဲ့အခါဝင်းလက်သွားခဲ့သည်။QiuYanZhiက
အရမ်းကိုရိုးဖြောင့်တဲ့စိတ်သဘောထားရှိသူတစ်ယောက်
ဖြစ်သည်။သူရဲ့ဆွဲဆောင်မှုတွေကလုံးဝကိုဖော်ပြနေခဲ့သည်။
သူ့ရဲ့မျက်လုံးတွေက ထိုပုဂ္ဂိုလ်(HeZhou)ဆီမှာ
ကပ်ညှိနေခဲ့သည်။LiuChengကထိုအရာကိုမြင်နိုင်ခဲ့သည်။
အခြားသူတွေလည်းဒါကို သိသိသာသာမြင်နိုင်သည်။
ညနေခင်းမှာLiuChengကအမူးပြေစေရန်ဗီလာအပြင်
ကိုထွက်လာခဲ့ပြီးQiuYanZhiနဲ့HeZhouတို့
ကမ်းခြေမှာမတ်တပ်ရပ်နေကြတာကိုမြင်ခဲ့သည်။
HeZhouကသူ့လက်ကိုဘောင်းဘီအိတ်ကပ်ထဲထည့်ထားပြီး
သူ့ရှေ့မှာရှိနေတဲ့QiuYanZhiကိုကြည့်လိုက်သည်။သူ့ရဲ့
နှုတ်ခမ်းကအထက်သို့ကွေးတက်နေပြီး သူကရွှတ်နောက်နောက်
အသံဖြင့်ပြောလိုက်သည်။
"မင်းကငါ့ကိုကြိုက်တယ်..ဟုတ်လား"
QiuYanZhiကတစ်ခဏလောက်ကြက်သေသေနေခဲ့သည်။
သူကHeZhouအနေနဲ့ဒီလိုတည့်တိုးကြီးပြောမယ်လို့
မထင်ထားပုံပဲ။သူ့မျက်နှာကနီရဲလာပြီး ထစ်ထစ်ငေါ့ငေါ့
ပြောလိုက်သည်။
"ဟုတ်...ဟုတ်တယ်။ငါမင်းကိုကြိုက်တယ်"
HeZhouကကိုယ်ကိုကိုင်းညွှတ်လိုက်ပြီးQiuYanZhiရဲ့
နားဆီကို တစ်စုံတစ်ခုတိုးညှင်းစွာကပ်ပြောလိုက်တယ်။
LiuChengကသူဘာပြောလိုက်တယ်ဆိုတာရှင်းရှင်းလင်းလင်း
မကြားလိုက်ရပေမဲ့ QiuYanZhiကမျက်နှာဖြူစုတ်သွားတာကို
မြင်နိုင်ခဲ့သည်။HeZhouကအပြုံးမမည်တဲ့အမူအရာဖြင့်
ကိုယ်ကိုပြန်မတ်လိုက်ပြီး လှည့်ထွက်ဖို့ပြင်လိုက်သည်။
"ငါလုပ်နိုင်....ငါလုပ်နိုင်တယ်။"
QiuYanZhiကရုတ်တရက်ပြောလိုက်သည်။
ထို့နောက် သူရဲ့ပိန်သွယ်ပြီးဖြူဖျော့နေတဲ့လက်ချောင်းလေး
တွေက သူ့အ၀တ်ကိုစတင်ချွတ်လိုက်တာနဲ့တုန်ရီနေခဲ့သည်။
ထိုအချိန်မှာLiuChengကသူတို့၂ယောက်ရဲ့ကစားနိုင်
စွမ်းရည်ကိုချီးကျူးချင်ခဲ့သည်။သူတို့ကကမ်းခြေပေါ်ကအဲ့ဒီနေရာ
မှာ ထိုအရာ*ကိုလုပ်ဖို့ဆန္ဒရှိနေကြပုံပေါ်သည်။ဒါပေမဲ့
QiuYanZhiကသူ့အတွင်းခံကိုချွတ်ပြီးတဲ့အချိန်မှာ
ပင်လယ်ဖက်ကိုလှည့်ပြေးသွားခဲ့သည်။အဲ့အချိန်က
အရမ်းကိုအေးစိမ့်နေပြီး ပင်လယ်ပြင်ကညသဖွယ်မှောင်မဲ
နေခြင်းက လူတွေကိုကြည့်ရုံနဲ့တင်ခိုက်ခိုက်တုန်အောင်
လုပ်နိုင်စွမ်းရှိသည်။ဒါပေမဲ့QiuYanZhiကတစ်ချက်လေး
တောင်နောက်ပြန်မကြည့်ပဲ ပင်လယ်ထဲသို့တဖြည်းဖြည်း
တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။ကမ်းစပ်မှာပေါ့HeZhouက
အဲ့ဒီနေရာမှာပဲမတ်တပ်ရပ်နေပြီး စီးကရက်တစ်လိပ်ကို
သောက်နေခဲ့သည်။သူကထိုစီးကရက်ကုန်သွားမှ ထွက်သွားခဲ့သည်။
LiuChengကတော့သူ(HeZhou)လှည့်ထွက်လိုက်တဲ့
တစ်ခဏကိုရှင်းရှင်းလင်းလင်းမှတ်မိနေတုန်းပဲ။ထိုပုဂ္ဂိုလ်ရဲ့
မျက်နှာပေါ်မှာ လှောင်ပြုံးတစ်ခုရှိနေတာအသိသာကြီးပဲ။
"အဲ့ဒီနောက် QiuYanZhiကသေသွားပြီလား"
LiuChengကထိုပြောလိုက်တဲ့လူရဲ့လက်မောင်းကို
ဆတ်ခနဲထိုးလိုက်ပြီး
"မင်းရူးနေတာလား...မနေ့က ဘဏ္ဏာရေးနဲ့စီးပွားရေးက
YuXinကသူ့အကြောင်းကိုမတင်ပြဘူးလား"
LiuChengကဆက်ပြောလိုက်သည်။
"အဲ့ဒီနောက်တော့ သူကကယ်ဆယ်ခြင်းခံရတယ်တဲ့။
သူကသုံးရက်နဲ့သုံးညအဖျား၄၀ဒီဂရီထိတက်နေခဲ့တယ်တဲ့။
သူ့အတွက်ဒါကကောင်းပါသေးတယ်"
LiuChengကဘားမှစားပွဲထိုးကိုလက်ယပ်ခေါ်လိုက်ပြီး
သောက်လက်စ၀ိုင်ခွက်ဖြည့်ပေးဖို့ပြောလိုက်သည်။
သူကဒွိဟဖြစ်ဖွယ်အပြုံးဖြင့်
"တစ်ကြိမ်မှာတော့ ငါကQiuYanZhiနဲ့စကားပြောဖို့
အကြောင်းဖန်လာခဲ့တယ်။ငါကအဲ့ဒီမတော်တဆမှုဖြစ်စဉ်ကို
ထုတ်ဖော်ပြောလိုက်တယ်။အကယ်၍များHeZhouက
သူ့ကိုတိုက်ပေါ်ကခုန်ချဖို့မေးခဲ့ရင်တောင် သူခုန်ချနိုင်တာလားလို့
ငါသူ့ကိုမေးခဲ့တယ်။QiuYanZhiဘယ်လိုတုံ့ပြန်လိုက်မယ်
ဆိုတာ ခန့်မှန်းကြည့်စမ်းပါ"
"သူဘာပြောလိုက်လဲ"
"သူက 'ဘယ်အထပ်လဲ'လို့လေးနက်တဲ့အမူအရာနဲ့
ငါ့ကိုမေးခဲ့တယ်။အကယ်၍အရမ်းမြင့်လွန်းတယ်ဆိုရင်တော့
သူသေမှာကြောက်လို့ မလုပ်နိုင်လောက်ဘူးလို့တောင်
ပြောလိုက်သေးတယ်"
"သေစမ်း.....ငါဘာထပ်ပြောရမလဲဆိုတာတောင်မသိတော့ဘူး"
"...အဟက်....အကယ်၍သူသာမသန်မစွမ်းအဖြစ်နဲ့
အဆုံးသတ်သွားမယ်ဆိုရင်ဒါကတော်ပါသေးတယ်။
သူမြန်မြန်ကြီးတော့မသေနိုင်သေးဘူးပေါ့"
"ဘာကများQiuမိသားစုကိုဒီအချစ်နာကျနေတဲ့
အရူးရဲ့ဝန်ပိအောင်လုပ်လိုက်တာများလဲ"
"သူကခွေးရူးတစ်ကောင်ပါပဲ"
"သူကသာမာန်ခွေးရူးကောင်တော့မဟုတ်ဘူး။
စိတ်ပိုင်းဆိုင်ရာတရားဝင်ချို့တဲ့နေတဲ့ ခွေးရူးကောင်ပဲ"
ဘယ်သူကမှ ဦးထုပ်အနက်ရောင်ဆောင်းထားတဲ့လူက
လူအုပ်ကြားထဲကထွက်ခွာသွားတာကိုမသိလိုက်ဘူး။
သူကသူ့ဦးထုပ်နားပန်းကိုနှိမ့်အောင်ဖိလိုက်ပြီး မာဆတ်ဆတ်
တတွတ်တွတ်ပြောနေခဲ့သည်။
"...သူတို့တစ်မျိုးလုံးကသာစိတ်ပိုင်းဆိုင်ရာချို့ယွင်းနေလိုက်!
ငါဟာသလုပ်နေတယ်ဆိုတာကိုသူတို့မပြောနိုင်ကြဘူးလား"
ထိုလူကသူ့ခေါင်းကိုလှည့်လိုက်ပြီး သူ့ကိုတစ်ခုခုဖြစ်ခဲ့သယောင်
LiuChengကို ကြည့်လိုက်သည်။သူကစိတ်ဓာတ်ကျစွာပြောလိုက်သည်။
"အကယ်၍များ ဒီလူရဲ့ပါးစပ်ကအဲ့လောက်အာချောင်
တတ်မှန်းသိခဲ့ရင် ငါမပြောခဲ့ပါဘူး...."
သူပြောလို့မဆုံးသေးခင်မှာပဲ သူ့သူငယ်ချင်းက
၀ိုင်ခွက်ကိုတင်းတင်းဆုပ်ကိုင်ထားပြီး ခုံပေါ်ကိုဆောင့်ချလိုက်
တာကိုတွေ့လိုက်ရတယ်။သူကလူအုပ်ကြီးကိုခက်ခက်ခဲခဲ
ဖြတ်ကျော်လိုက်ပြီး LiuChengတို့ဆီသွားလိုက်သည်။
QiuYanZhiကအခြေအနေမဟန်တာကိုတွေ့လိုက်
ရတာကြောင့် သူ့သူငယ်ချင်းကိုအမြန်တားလိုက်ရတယ်။
"ZhangYuXuanမင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ"
ZhangYuXuanကသူ့လက်သီးကိုတင်းတင်းဆုပ်
ထားပြီး ဒေါသတကြီးပြောလိုက်တယ်။
"YanZhi!ဒီလူတွေကအရမ်းကိုစက်ဆုပ်စရာကောင်းလွန်း
တယ်။ဒီအဖွားကြီးကဒီလူတွေကိုဘ၀အသစ်စရအောင်
ဆုတ်ဖြဲပြစ်မယ်!"
QiuYanZhiကZhangYuXuanရဲ့သန်မာတဲ့
လက်မောင်းကိုဖက်လိုက်ပြီး ဘားရဲ့ဝင်ပေါက်ဆီကို
တရွတ်တိုက်ဆွဲသွားခဲ့သည်။
"စိတ်လိုက်မာန်ပါမလုပ်လိုက်နဲ့!စိတ်လိုက်မာန်ပါမလုပ်လိုက်နဲ့!
အပြင်ထွက်ပြီးစကားပြောရအောင်!အပြင်ထွက်ကြမယ်!
မလှုပ်လိုက်နဲ့!မင်းကတော့ချီးလိုကောင်ပဲကွာ!ငါမင်းကို
လုံလုံခြုံခြုံရှိဖို့ စကတ်အောက်မှာဘောင်းဘီခံဝတ်ဖို့
မပြောခဲ့ဘူးလား!"
"ဒီအဖွားကြီးသောက်ရမ်းစိတ်ကုန်နေပြီ!သူတို့ကိုယ်သူတို့
ဘယ်သူတွေများထင်နေတာလဲ!ဒီလိုလက်မခံနိုင်စရာ
အတင်းအဖျင်းတွေကိုဖြန့်နေကြတာပဲ!ငါတော့သည်းမခံ
နိုင်ဘူးနော်!YanYanမင်းနာမည်ကိုမင်းသန့်ရှင်းရမယ်!"
QiuYanZhiကအချိန်အတော်ကြာတိတ်ဆိတ်နေခဲ့သည်။
သူကဗလုံးဗထွေးပြောလာခဲ့သည်။
"ဘာကိုသန့်ရှင်းရမှာလဲ"
ZhangYuXuanကအရမ်းကိုစိတ်ထက်သန်နေပြီး
သူ့မျက်နှာကနီရဲနေခဲ့သည်။
"အကုန်လုံးကိုပဲလေ သေချာတာပေါ့!အဲ့ဒီမိမစစ်ဖမစစ်ကောင်
LiuChengက မင်းကိုဘယ်အခြေအနေဖြစ်အောင်လုပ်
လိုက်တယ်ဆိုတာတွေ့တယ်မလား!မင်းကအဲ့လိုမျိုး
အရှက်မရှိတဲ့လူမှမဟုတ်တာYanYan!"
QianYanZhi"......"
QianYanZhiကသူ့ခေါင်းနောက်ကိုကုတ်လိုက်ပြီး
သတိရှိရှိပြောလိုက်တယ်။
"အမ်း...တကယ်တော့လေ သူတို့ပြောသမျှအရာတိုင်းက
အလိမ်အညာတစ်ခုမှမပါပါဘူး"
"ဘာ!"
QianYanZhiကသူ့နှုတ်ခမ်းကိုသပ်လိုက်ပြီး သူ့နောက်
ပြောမယ့်စာကြောင်းကိုဂရုတစိုက်စဉ်းစားပြောလိုက်သည်။
"ငါပင်လယ်ထဲကိုသွားခဲ့တယ်..ဒါပေမဲ့ ငါ့မှာအဲ့လိုလုပ်ဖို့
အရမ်းကောင်းတဲ့အကြောင်းပြချက်ရှိနေလို့ပါ"
ZhangYuXuanကစိတ်သက်သာရာရသည့်သက်ပြင်း
တစ်ချက်ကိုဖြည်းဖြည်းချင်းချလိုက်သည်။မဆိုးပါဘူး။
အနည်းဆုံးတော့ သူကအတင်းအဖျင်းတွေထဲကလို
သနားစရာကောင်းမနေပါဘူးလေ။
"အကြောင်းပြချက်ကဘာလဲ။မင်းကရေထဲကိုမတော်တဆ
ပြုတ်သွားတာပဲဖြစ်ရမယ်....."
QiuYanZhiကျခေါင်းခါလိုက်သည်။
"ဒါဆို...မင်းကရေထဲတွန်းချတာခံရတာလား!ဒီမြေနိုးကောင်။HeZhouကတော့ သောက်ရမ်းနှလုံးသားမဲ့လှချည်လား!
သူဒီလိုအရာကိုဘယ်လိုများလုပ်နိုင်ခဲ့တာလဲ!အားးး!"
"အဲ့လိုတော့မဟုတ်ပါဘူး။HeZhouကငါသူ့ကို
ကြိုက်နေတာလားဆိုပြီးမေးတာကြောင့် ငါလည်း
ခေါင်းငြိမ့်လိုက်တာ။သူကငါသာရေထဲသွားလိုက်မယ်ဆို
သူကငါနဲ့အတူရှိနေပေးမယ်လို့ပြောခဲ့တယ်"
ZhangYuXuan:".....ပြီးတော့ရော..အဲ့ဒီနောက်မှာရော"
QiuYanZhiကချောကလက်တောင့်တစ်ခုကိုသူ့ပါးစပ်ထဲ
ပြစ်ထည့်ပြီး ပုခုံးတွန့်ပြလိုက်သည်။
"ငါသဘောတူလိုက်တယ်လေ။ဒါပေါ့!ဒီလောက်ကြည့်ကောင်း
တဲ့ တစ်စုံတစ်ယောက်ကို ငါဘယ်လိုများမလုပ်နိုင်ဘူးလို့
ပြောရက်မှာလဲ"
ZhangYuXuanကYanZhiရဲ့နောက်ကျောကို
မထုရိုက်ရသေးခင် တစ်ခဏလောက်ဗလာသက်သက်
ဖြစ်သွားခဲ့သည်။သူကအံကြိတ်လျက် အော်ငေါက်လိုက်သည်။
"မင်းရူးနေတာလား!မင်းတကယ်ကြီးရေထဲခုန်ဆင်းခဲ့တာပေါ့လေ!
မင်းဘာတွေတွေးနေတာလဲ!"
QiuYanZhiကနာကျင်မှုဖြင့်ညည်းညူအော်ဟစ်
လိုက်သည်။
"သတိထားစမ်းပါZhangYuXuanရ!မင်းဘယ်လောက်
တောင်သန်မာတယ်ဆိုတာ မင်းသိရဲ့လား!မင်းအဖေငါ့ကို
မင်းသတ်လိုက်မိရင်ဘာဖြစ်သွားမလဲ!မင်းအဖေငါက
အချစ်အတွက်လုပ်ခဲ့တာကွ!အချစ်အတွက်!မင်းနားလည်ရဲ့လား!
မင်းနားမလည်နိုင်ဘူးမလား ဘာလို့ဆိုမင်းကတစ်ကိုယ်တည်း
သမားခွေးရူးကောင်လေ!"
"တစ်ကိုယ်တည်းသမားခွေးရူးကောင်က အမြှီးတနှံ့နှံ့နဲ့
နောက်လိုက်ခွေးထက်တော့ပိုသာတယ်ကွ!"
"နောက်လိုက်ခွေးဆိုတော့ရောဘာဖြစ်လဲ!ငါပျော်တယ်လေ
မဟုတ်သေးဘူး...ငါလူတွေရဲ့မျက်နှာကိုတောင်
တက်တက်ကြွကြွတက်ဟက်လို့ရတယ်ကွ!ငါကမင်းနဲ့
လုံးဝမတူဘူးကွ!မင်းကနှစ်၂၀လောက်တစ်ဖက်သတ်
ချစ်နေရတဲ့စီနီယာကိုတောင် အခုထိဝန်မခံရဲဘူးလေ!
ငကြောက်ကောင်!"
ZhangYuXuanကသူ့စီနီယာအကြောင်းပြောသံ
ကြားတော့ ညှိုးငယ်သွားခဲ့သည်။သူကလှေကားထစ်တစ်ခုကိုတွေ့
သွားပြီးမျှော်လင့်ချက်ပျောက်နေသယောင် ကြမ်းပြင်ပေါ်သို့ထိုင်ချ
လိုက်သည်။သူကခေါင်းငိုက်စိုက်ကြနေခဲ့သည်။QiuYanZhiက
သူ့အနောက်မှာမထိုင်ချခင် စက္ကူတစ်ရွက်ကိုခုထိုင်ဖို့ယူလိုက်သည်။
"အချစ်လေးYuရေ မင်းအနေနဲ့စကတ်ဝတ်ထားတဲ့အချိန်မှာ
ခြေထောက်ကားပြီးမထိုင်လိုက်ပါနဲ့...ဒါမှမဟုတ် မင်းရဲ့
Patrick Starအတွင်းခံကို လူတိုင်းမြင်စေဖို့ စိတ်အား
ထက်သန်နေတာများလားကွာ။"
*ဒီနေရာကPatrick StarကThe Patrick Star Show
ဆိုတဲ့ကလေးအကြိုက်ကာတွန်းဇာတ်လမ်းတွဲမှာပါတဲ့
ဇာတ်ကောင်ပုံလေးတွေပါသည့်အတွင်းခံကိုပြောတာပါ*
ZhangYuXuanကသူ့ခြေထောက်ကိုရုတ်ချည်းစိလိုက်ပြီး
"၀ိုး ဒါသီသီလေးလွတ်သွားတာပဲ....ဒီအဖွားကြီးကတော့
လျှို့ဝှက်ချက်ကိုဖော်ထုတ်မိတော့မလို့"
YanZhiကZhangYuXuanရဲ့1.93မီတာရှိတာရှည်လျားတဲ့
အရပ်၊တုတ်ခိုင်တဲ့လက်မောင်းတွေ၊အမွှေးအမျှင်တွေနဲ့ရွဲ့စောင်း
နေတဲ့ဆံပင်တုကိုကြည့်လိုက်ပြီး သက်ပြင်းချမိသည်။
အချစ်လေးYuကတကယ်ကြီးသူ့ကို လူတိုင်းကမိန်းမ
တစ်ယောက်နဲ့မှားထင်လိမ့်မယ်လို့ ထင်နေခဲ့တာလား။
ဟင်း......
သူကတော့ ဒီရိုးဖြောင့်တဲ့စိတ်သဘောထားရှိတဲ့
သူ့ရဲ့ကလေးလေးနဲ့ဘယ်လိုလုပ်ရပါ့မလဲ။
မင်းကတော့ မင်းရဲ့ဖေဖေကိုခက်ခဲအောင်လုပ်နေတာပဲ။
"ငါ့စီနီယာကနိုင်ငံခြားကနေ ပြန်လာတော့မယ်"
ZhangYuXuanကခေါင်းငုံ့ထားပြီး ရေရွတ်လိုက်သည်။
QiuYanZhiကသူ့မျက်ခုံးကိုပင့်လိုက်ပြီး
"ဒါဆို ဘယ်အချိန်လောက်မင်းဖွင့်ဟ၀န်ခံဖို့အစီအစဉ်ရှိလဲ"
ZhangYuXuanကသူ့ခေါင်းကိုပို၍တောင်ငုံ့လျှိုးလိုက်ပြီး
"ငါ မ၀န်ခံရဲဘူး....."
"ဘာကြောက်စရာရှိလို့လဲ"
ZhangYuXuanကသူ့နှုတ်ခမ်းကိုစူလိုက်ပြီး
"ငါကရုပ်ဆိုးတယ်....."
QiuYanZhiကသူ့ပုခုံးကိုပုတ်ပေးပြီးနှစ်သိမ့်လိုက်သည်။
"မင်းကအပြင်ဖက်မှာရုပ်ဆိုးပေမဲ့လည်း မင်းနှလုံးသားက
လှတယ်လေ"
"ငါ့ဦးဏှောက်က....."
"မင်းက ဉာဏ်ထိုင်းတယ်ဆိုပေမဲ့လည်း မင်းရဲ့စိတ်ထားက
ကောင်းတယ်လေ"
"ငါ့မှာမရှိဘူး...."
"မင်းကယဉ်ကျေးမှုမရှိပေမဲ့လည်း မင်းမှာပိုက်ဆံရှိတယ်လေ"
"ဒါပေမဲ့ငါ့စီနီယာကပြန်ကြိုက်မှာမဟုတ်လောက်ဘူး...."
"အဲ့လောက်စိတ်ဓာတ်မကျလိုက်ပါနဲ့ ဘယ်သူပြောနိုင်မလဲ
အဲ့စီနီယာက ကန်းနေရင်ကန်းနေမှာပေါ့"
"ငါ့စီနီယာကမကန်းဘူး!"
ZhangYuXuanကဒီအကြောင်းအရာကိုပြန်မဆက်ချင်
တော့တာကြောင့် အတန်ကြာအောင်တိတ်ဆိတ်နေခဲ့သည်။
သူကလှေကားထစ်တွေပေါ်မှာ လက်ညှိုးဖြင့်စက်ဝိုင်း
ဆွဲနေရင်း မေးလိုက်သည်။
"မင်းရေထဲဆင်းသွားပြီးနောက်ရော ဘာဖြစ်သွားလဲ။
အဲ့ဒီHeမျိုးရိုးကောင်က သူကတိပေးခဲ့သလိုမင်းနောက်ကို
လိုက်လာရဲ့လား"
QiuYanZhiရဲ့မျက်လုံးတွေကမှေးသွားပြီး
ZhangYuXuanရဲ့နားနားကပ်သွားပြီး တိုးတိုး
ပြောလိုက်သည်။
"ငါတို့မင်္ဂလာဆာင်ကနောက်အပတ်လေ"
ZhangYuXuanကကြက်သေသေသွားပြီး အချိန်အတော်ကြာ
မလှုပ်နိုင်ခဲ့ဘူး။QiuYanZhiကမျက်လုံးပင့်လိုက်ပြီး
အနည်းငယ်ဂုဏ်ယူဝင့်ကြွားသံဖြင့်ပြောလိုက်သည်။
"စကားမစပ် အချစ်လေးယွီရေ ငါနဲ့HeZhouရဲ့မင်္ဂလာ
ဆောင်ကိုတိုက်ရိုက်ထုတ်လွှင့်ပေးနိုင်မယ့် တစ်ယောက်ယောက်
ကို ရှာတွေ့နိုင်မယ်လို့မင်းထင်ရဲ့လား။ငါတကယ်ကြီး
ဒီအခမ်းအနားကို လူတွေတစ်သက်မမေ့နိုင်အောင်လုပ်လိုက်
ချင်တာ။သူတို့အားလုံးကိုသင်ပေးချင်တာက အချိန်အကြာဆုံး
ရှိနေပေးနိုင်တဲ့နောက်လိုက်ခွေးကလည်း အသိအမှတ်ပြုခံ
ရနိုင်တယ်ဆိုတာပဲ"
တစ်ပတ်ကြာပြီးနောက်.......
[ရာစုနှစ်တစ်ခုရဲ့လိင်တူလက်ထပ်ပွဲအခမ်းအနားကြီး!
HeZhouနဲ့QiuYanZhiတို့ရဲ့လက်ထပ်ပွဲတိုက်ရိုက်
လွှင့်နေပါပြီ!]
ဒီသတင်းက များစွာသောဖျော်ဖြေရေးပလက်ဖောင်းတွေကို
လှုပ်ခတ်သွားခဲ့သည်။
HeZhouကတိုက်ရိုက်ထုတ်လွှင့်မှုမှာ အံ့သြသင့်ဖွယ်
ကြည့်ကောင်းနေသည်။သူစခရင်မျက်နှာပြင်မှာ ပေါ်ထွက်လာ
တိုင်း ကောမန့်တွေကသူ့ရဲ့အသွင်အပြင်ကိုချီးကျူးပြော
ဆိုနေကြသည်။ထိုအနက်ရောင်ကော်လာထောင်
အနောက်တိုင်းဝတ်စုံက သူ့ရဲ့ပြီးပြည့်စုံလှတဲ့ခန္ဓာကိုယ်
အချိုးအစားကို ပို၍ကြည့်ကောင်းအောင်ထောက်ပံ့ပေးနေသည်။
သူကကင်မရာအရှေ့မှာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
အာရုံစိုက်ခံရဆုံးသူဖြစ်သည်။
အထူးသဖြင့် သူ့ဘေးမှာရှိတဲ့လူရဲ့မျက်လုံးတွေကHeZhou
ဆီမှ မခွာနိုင်အောင်ကပ်နေခဲ့သည်။ထိုလူရဲ့မျက်လုံးထဲမှာ
ပျော်ရွှင်ဝမ်းမြောက်မှုနှင့်အချစ်ရဲ့ရောင်ခြည်လေးတွေက
ပြည့်လျှံမတတ်ဖြစ်နေသည်။
ဒါပေမဲ့လည်း QiuYanZhiရဲ့မျက်လုံးတွေက
ဘယ်လောက်ပဲယုယကြင်နာနေပါစေ ဘယ်လောက်ပဲ
ပျှော်ရွှင်နေပုံပေါ်နေပါစေ သူ့ဘေးကခန့်ညားတဲ့လူရဲ့
မျက်နှာကတော့ဗလာသက်သက်သာဖြစ်နေခဲ့သည်။
အတင်းအဖျင်းစကားဝိုင်းမှကောမန့်တွေက
တဖြည်းဖြည်း မညီမညွှတ်ဖြစ်လာကြသည်။
"ဒါသာမာန်စုံတွဲတစ်တွဲရဲ့လက်ထပ်ပွဲပါပဲ....ဘယ်နေရာ
ကများ'မသေမျိုးအလှလေး'ဆိုပြီး ထင်မြင်နေကြတာတုန်း အာ?"
"အားးး!မစ္စတာHeကအရမ်းချောတာပဲ!ငါသူ့ကိုလိုချင်တယ်!"
"ငါ့အမြင်မှာHeZhouပုံစံကဘာလို့ မလိုလားတဲ့အရိပ်
အယောင်ပေါ်နေတာလဲ....သူ့ကြည့်ရတာပြန်ပေးဆွဲခံထား
ရပုံပေါ်နေတယ်"
"ဟမ်....QiuYanZhiကသူ့ခင်ပွန်းရဲ့အမူအရာကို
တစ်စွန်းတစ်စလေးတောင်မတွေ့ရတာလား....သူကသာ
လျှင်ပြုံးနေတဲ့တစ်ဦးတည်းသောသူပဲ"
"......"
"......."
"HeZhouပြောတဲ့'ကျွန်တော်လက်ခံတယ်'ဆိုတဲ့အသံက
အရမ်းကိုသတ်ချင်ဖြတ်ချင်နေပုံမဟုတ်ဘူးလား"
"ငါ့မှာပြောစရာတောင်မရှိတော့ဘူး...QiuYanZhiက
ဒီလက်ထပ်ပွဲကိုအတင်းအကျပ်လုပ်ထားတာဟုတ်တယ်
မလား"
"Qiuဥက္ကဋ္ဌနဲ့သူ့ဇနီးတို့၂ဦးတစ်လုံးလည်း ပျော်နေပုံ
ပေါ်မနေဘူး"
"အာရုံစိုက်ကြပါ ငါ့ကောင်တွေရေ!သူတို့နမ်းကြတော့မယ်"
"QiuYanZhiအတွက်အဲ့လိုခြေဖျားထောက်ပြီး မတ်တပ်
ရပ်ရတာအဆင်ပြေရဲ့လား"
"သူတို့၂ယောက်လုံးကယောက်ျားတွေပဲလေ....ဘယ်သူ့
ဖက်ကအရင်စစ အရေးမှမကြီးတာ"
"သေစမ်း!HeZhouကသူ့ကိုတွန်းလိုက်ပြီး ဒေါသတကြီး
ထွက်သွားပြီဟ"
"ကြားဖြတ်သတင်း!အတင်းအကျပ်တွန်းအားပေးခံရတဲ့
လက်ထပ်ပွဲရဲ့အကျိုးဆက်!"
"QiuYanZhiကအခုလိုအတွန်းခံရတာတောင်မှ
သူ့နောက်ကိုလိုက်နေတုန်းပဲ...ဘယ်လိုအရူးကောင်တုန်း!"
"ဟမ်...စခရင်မျက်နှာပြင်ကဘာလို့မဲမှောင်သွားတာလဲ"
"တိုက်ရိုက်ထုတ်လွှင့်ခြင်းပြီးသွားတာလား"
"ငါ့ကိုကြည့်ခွင့်ပေးပါ!ကြည့်ခွင့်ပေးပါ!ငါတိုက်ရိုက်ထုတ်လွှင့်
မှုကိုဆက်ကြည့်ချင်သေးတယ်!အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်!"
"ဘယ်လိုအရူးမျိုးကဒီလိုတိုက်ရိုက်ထုတ်လွှင့်ဖို့သောက်ကျိုးနည်းအကြံရသွားတာတုန်း!ဒီလိုအတွဲတွေရဲ့
အတင်းအကျပ်တွန်းအားပေးလက်ထပ်ပွဲကို ထုတ်လွှင့်
နိုင်တဲ့လူက တစ်ခန်းလွတ်နေတာများလား......"
QiuYanZhiကHeZhouတွန်းတာခံရပြီးနောက်
သူ့နောက်သို့ သူကအရူးတစ်ယောက်လိုလိုက်နေတုန်းပဲ"
ဧည့်သည်တွေကြားမှာလဲ တီးတိုးပြောဆိုမှုများရှိလာခဲ့သည်။
အဆုံးမှာတော့ မင်္ဂလာပွဲအခမ်းအနားတိုင်းက ထူးခြားအံ့သြ
စရာတွေ မမျှော်လင့်ထားတဲ့ဇာတ်ကြောင်းတိုးတက်မှု
တွေအမြဲပါ၀င်မနေတတ်ဘူးမလား။
QiuYanZhiကဒီအာမေဋိတ်သံတွေ မှတ်ချက်တွေကို
မြင်ပုံမပေါ်ဘူး။သူကHeZhouနောက်ကိုလိုက်ဖို့ကိုပဲ
စိတ်အားထက်သန်နေခဲ့သည်။သူ့အမေကသူ့လက်ကို
လာမဆွဲလိုက်ခင်အထိပေါ့။
ZhongYaBaiကဒေါသဖြင့်တုန်ယင်နေခဲ့သည်။
"QiuYanZhi!မင်းဘာလို့များ တစ်စုံတစ်ယောက်ကို
အခုလိုလက်ထပ်နိုင်ဖို့ အသည်းအသန်ဖြစ်နေရတာလဲ!
မင်းမှာမာနမရှိဘူးလား!"
QiuYanZhiရဲ့နှုတ်ခမ်းကခပ်တင်းတင်းစိနေခဲ့သည်။
သူတကယ်ကိုရူးသွားတာပဲ!အကျိုးနည်းရူးမိတာပဲ!
သူကသူ့ကိုနောက်လိုက်ခွေးဆိုပြီးသမုတ်နေတဲ့လူ
တွေကို လက်စားချေဖို့အတွက် တိုက်ရိုက်ထုတ်လွှင့်မှု
လုပ်ဖို့ ဆုံးဖြတ်လိုက်တာလေ။ဒါပေမဲ့ သူမေ့သွားတာက
ဒီတိုက်ရိုက်ထုတ်လွှင့်မှုကပဲ ကမ ္ဘာတစ်၀န်းလုံးကို
သူ့ရဲ့နောက်လိုက်ခွေးဆိုတဲ့ အမည်နာမကြီးကိုထုတ်ဖော်
လိုက်မိတယ်ဆိုတာပဲ။
ဒါကဟွန်းအကြီးကြီးနဲ့သုံးဘီးဆိုင်ကယ်ကို လမ်းလယ်ခေါင်မှာ
စီးလာပြီး အော်ပြောလိုက်တာနဲ့တူသည်။
"လမ်းသွားလမ်းသားတို့ရေ ဒီဟာသကိုမလွတ်စေနဲ့နော်!
လာပြီး ချောင်းကြည်လှည့်ပါ!တစ်ချက်လောက်ကြည့်လိုက်
ရုံနဲ့ များပြားတဲ့ဖရဲသီးဖျော်ရည်တွေကိုမင်းတို့ပါးစပ်ထဲ
အရောက်ပို့ပေးမှာနော်!မင်းတို့အူလှိုက်သဲလှိုက်ကိုရယ်ရမယ်
ဆိုတာ အာမခံတယ်နော်!Qiuမိသားစုနောက်လိုက်ခွေးရဲ့
သနားစရာကောင်းတဲ့အတင်းအကျပ်တွန်းအားပေးလက်ထပ်ပွဲ
ကိုလာကြည့်လှည့်ပါ!"
အခုအချိန်မှာတော့QiuYanZhiကမျက်နှာပူလာခဲ့မိသည်။
သူကထွက်ပြေးလိုက်ပြီး သူ့ကျန်ရှိတဲ့ဘ၀တစ်လျှောက်လုံး
ဘုန်းကြီး၀တ်လိုက်ချင်မိသည်။
ဒါပေမဲ့QiuYanZhiကသူ့နှလုံးသားထဲကနေ မန္တာန်တစ်ခုကို
၁၀ကြိမ်လောက်ထပ်ခါထပ်ခါရွတ်ဆိုနေခဲ့သည်။
ရွက္စရာမလိုဘူး!ရွက္စရာမလိုဘူး!ရွက္စရာမလိုဘူး!
သူတို့အားလုံးကNPCဇာတ်ကောင်တွေပဲ!NPCတွေ!NPCတွေ!
(NPC=Non Player Character
RPG gameဆော့ဖြစ်ကြတဲ့သူတွေဆိုသိမှာပါ
Playerတွေကိုmissionပေးတာမျိုးပေါ့
အိုင်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးကVR Game Worldထဲ
ရောက်နေတယ်ဆိုတာDescriptionမှာသိပြီးကြမှာပါ
ဒီနေရာမှာတော့NPCကိုဂိမ်းဇာတ်ကောင်လို့ပဲ
သိပေးကြပါ)
သူကအနည်းငယ်ပြန်တည်ငြိမ်လာအောင် လုပ်လိုက်ပြီးနောက်
မိုးကောင်းကင်ကို ၄၀ဒီဂရီစောင်း၍ မော့ကြည့်လိုက်မိသည်။
၂ပိုင်းက၀မ်းနည်းကြေကွဲစရာကောင်း၊၃ပိုင်းကအထီးကျန်
နေရပြီး၅ပိုင်းကနာကျင်မှုတွေနဲ့ပြည့်နေရတဲ့Arcထဲမှာ
သူကမဲ့ပြုံးပြုံးလိုက်မိသည်။သူကသူ့အမေရဲ့လက်ဖဝါးလေးကို
တို့ထိလိုက်ပြီး ၀မ်းနည်းစိတ်ပျက်ကာတုန်လှုပ်နေသည့်
အသံဖြင့်ပြောလိုက်သည်။
"အမေ....အမေ သားကိုကတိပေးထားတယ်လေ...
သားနဲ့HeZhouတို့ရဲ့ကြားက ကိစ္စတွေမှာဘယ်တော့မှ
မနှောင့်ယှက်ပါဘူးလို့...."
ZhongYaBaiက သူမရဲ့ရင်ထဲမှာစိတ်လှုပ်ရှားမှုတွေနဲ့
ပြည့်နေပြီး QiuYanZhiကိုမကျေမနပ်ကြည့်လိုက်သည်။
"YanZhi....အမေ မင်းယောက်ျားတွေကိုကြိုက်တာ
လက်ခံပေးနိုင်ပါတယ်။ဒါပေမဲ့ကမ ္ဘာပေါ်မှာယောက်ျားတွေ
အများကြီးရှိပါတယ်ကွယ်....မင်းသူ့ကိုရွေးရမှကိုဖြစ်မှာလား"
"အမေ!"QiuYanZhiကZhongYaBaiကိုကြား၀င်
ဖြတ်ပြောလိုက်သည်။သူ့အသံကအနည်းငယ်တုန်နေခဲ့သည်။
"ကျွန်တော်သူ့ကိုပဲလိုချင်တာ!ကျွန်တော်သူ့ကိုပဲချစ်တာ!"
ZhongYaBaiရဲ့ရင်ကွဲနာကျပြီး အသက်မရှူနိုင်တဲ့
အမူအရာကိုကြည့်လျက် QiuYanZhiကသူ့ကိုယ်သူ
တိတ်တဆိတ်ချီးကျူးလိုက်မိသည်။
တကယ်တော့QiuYanZhiကခန်းမအပြင်ထွက်လာပြီး
HeZhouကိုလိုက်ရှာနေတာမဟုတ်ခဲ့ဘူး။
ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် သူကသတို့သား၀တ်စုံဖြင့်ဂင်ဂိုပင်အောက်မှာ ရပ်နေခဲ့သည်။
QiuYanZhiကအဲ့မှာရပ်ပြီးနောက် တစ်ခဏလောက်
တုန့်ဆိုင်းနေခဲ့သည်။ဒါပေမဲ့ အဆုံးမှာတော့သူကHeZhou
ဆီကိုလျှောက်သွားခဲ့သည်။ပြောကိုပြောရမည့်အရာတစ်ခု
ရှိသည်။HeZhouရဲ့မျက်နှာကအရမ်းကိုချောမောလွန်း
တာကြောင့် ဥပဒေကိုတောင်ချိုးဖျက်နိုင်စွမ်းရှိသည်။
သူ့မျက်နှာအစိတ်အပိုင်းတိုင်းက QiuYanZhiရဲ့အကြိုက်နဲ့
လုံး၀ကိုကိုက်ညီမှုရှိသည်။
သူ့(HeZhou)ကိုကြည့်မိလေ သူ(YanZhi)ပျော်ရွှင်လေ
ဖြစ်သည်။QiuYanZhiကတိတ်တဆိတ်ထိုအကြောင်းကို
တွေးလိုက်မိသည်။အခုချက်ချင်းသာHeZhouကသူ့ကို
ပြုံးပြမယ်ဆိုရင် သူတို့ရဲ့ဆိုးရွားတဲ့မင်္ဂလာပွဲအခမ်းအနားမှ
ဒေါသတွေကိုမေ့ပျောက်လိုက်မိမှာဖြစ်သည်။
ဒါပေမဲ့HeZhouကပြုံးမပြပါ။
အရင်ဆုံးအနေဖြင့်HeZhouကQiuYanZhiကို
သတ်မိကောင်းသတ်မိနိုင်သည်။HeZhouကဖုန်းပြော
နေတုန်းဖြစ်သည်။သူကQiuYanZhiရောက်လာတာကို
တောင်သတိမပြုမိဘူး။သူ့ရဲ့မျက်ခွံကညင်သာစွာညွှတ်ကိုင်းနေပြီး သူ့နှုတ်ခမ်းကစုဝိုင်းဝိုင်းလေးဖြစ်နေသည်။
QiuYanZhiရဲ့သရုပ်ဆောင်ရာတွင်အိုဗာဖြစ်လွန်း
လှသည့်စိတ်ကူးနိုင်စွမ်းကလက်တွေ့ဘ၀ကိုပြန်ရောက်လာသည်။
HeZhouရဲ့နှုတ်ခမ်းတွေလှ လှပတဲ့ပုံစံဖြစ်သော်ငြားသေးလွန်း
လှသည်။
QiuYanZhiကြားဖူးတာက ဒီလိုနှုတ်ခမ်းအမျိုးအစားနဲ့
နမ်းမိပါက သွားချင်းတိုက်မိဖို့လွယ်တယ်တဲ့။ဒါပေမဲ့အခုလေးတင်
နမ်းလိုက်ရတဲ့ခံစားချက်ကိုမှတ်မိနိုင်သည်။ဒါကမထင်ရ
လောက်အောင်နူးညံ့ပုံပေါ်သည်။QiuYanZhiကသူ့
နှုတ်ခမ်းကိုသပ်လိုက်သည်။ကျစ်!အမှန်တိုင်းပြောရရင် သူတကယ်ကြီးသူ့ကိုထပ်နမ်းချင်နေတယ်။
ဒါပေမဲ့ သူမလုပ်ရဲပါဘူး။အကယ်၍များသူသာအခုနမ်းလိုက်
မိမယ်ဆိုရင်HeZhouကသူ့ကိုရိုက်ဖို့လုပ်နိုင်တယ်။
အထိုးခံရပြီး မျက်ကွင်းညိုကြီးနဲ့လှည့်ပတ်သွားလာနေတာက
အတော်လေး အရှက်ရစေသည်။ဒါကြောင့် သူမေ့ပြစ်
လိုက်တာကပိုကောင်းမည်။
ဒါပေမဲ့သူကHeZhouဆီကိုတစ်လှမ်းချင်းလျှောက်သွား
ခဲ့သည်။HeZhouကသူလာနေတာကိုမြင်တော့
မဲမှောင်နေတဲ့အမူအရာနဲ့ဖုန်းချလိုက်သည်။
သူကဖုန်းကိုသူ့အိတ်ကပ်ထဲထည့်လိုက်ပြီး တစ်ခုခုကို
ထုတ်ဖို့ကြိုးစားလိုက်သည်။ဒါပေမဲ့သူရှာမတွေ့တော့ဘူး။
"ငါ့မှာ စီးကရက်ရှိတယ်"
QiuYanZhiကစီးကရက်တစ်ဘူးကိုထုတ်လိုက်ပြီး
HeZhouကိုလှမ်းပေးလိုက်သည်။
"ဒါမင်းအကြိုက်ဆုံးတံဆိပ်ဆိုတာ ငါမှတ်မိသေးတယ်..
ဟုတ်တယ်မလား"
သူ့ရဲ့မျက်လုံးတွေကတောက်ပပြီးအရည်လဲ့နေခဲ့သည်။
သခင်ကိုတစ်စုံတစ်ခု ကူညီကောက်ယူပေးနိုင်ခဲ့ပြီးနောက်
သခင်ချီးမြှောက်မှာကိုစောင့်နေတဲ့ အိမ်မွေးခွေးလေး
တစ်ကောင်လိုပဲ။
QiuYanZhiကHeZhouကစီးကရက္ဘူးကိုမယူတာ
ကိုတွေ့လိုက်သည်။သူကရုတ်တရက်တစ်စုံတစ်ခုကို
စဉ်းစားမိပြီး မီးခြစ်ကိုထုတ်ပေးလိုက်သည်။သူက
မျက်တောင်ခတ်လိုက်ပြီး မျက်လုံးလေးတွေကို
လခြမ်းသဖွယ်ကွေးလိုက်ပြီး ရယ်ပြောလိုက်သည်။
"ငါ့မှာ မီးခြစ်လည်းရှိတယ်"
HeZhouကဒေါသမထွက်အောင်သည်းခံနေရပုံဖြင့်
QiuYanZhiကိုစိုက်ကြည့်လိုက်သည်။
သူက အံကြိတ်လိုက်ပြီး ပြောလိုက်သည်။
"QiuYanZhi....မင်းအခုကျေနပ်သွားပြီလား"
QiuYanZhiကတုန်လှုပ်သွားခဲ့သည်။
".....HeZhou?"
HeZhouကအရှေ့ကိုတိုးလာခဲ့သည်။ပြောပလောက်
စရာမရှိသောအရပ်ကွာခြားချက်ကQiuYanZhiကို
တစ်လှမ်းချင်းစီ ဆုတ်ခွာရန်တွန်းအားပေးခဲ့သည်။
HeZhouကQiuYanZhiကိုအေးစက်စွာငုံ့ကြည့်
လိုက်ပြီး သူကထပ်ပြောလိုက်သည်။
"QiuYanZhi...မင်းအခုကျေနပ်ပြီလားလို့ငါမင်းကို
မေးနေတယ်လေ"
QiuYanZhiရဲ့ခန္ဓာကိုယ်ကအနည်းငယ်တုန်လှုပ်လာ
ခဲ့သည်။သူရဲ့မျက်လုံးတွေကမျက်ရည်တွေနဲ့ပြည့်လာပြီး
သူ့သူငယ်အိမ်တောင်မှတင်းကျပ်လာခဲ့သည်။သူပါးစပ်
ထောင့်မှာတော့ ကသိကအောင့်ဖြစ်စရာအပြုံးတစ်ခုကို
ချိတ်ဆွဲထားသည်။သူက စွန့်ပြစ်မခံရဖို့အသည်းအသန်
ကြိုးစားနေတဲ့သနားစရာခွေးကလေးတစ်ကောင်နဲ့
တူနေခဲ့သည်။
"HeZhou.....ငါက....ငါက...မင်းကိုကြိုက်မိရုံလေးပါ...
ငါကမင်းနဲ့နည်းနည်းလောက်ပဲနီးစပ်ချင်မိတာပါ....
နည်းနည်းလောက်ပါပဲ....."။HeZhouကရုတ်တရက်လက်လှမ်းလာပြီးQiuYanZhiရဲ့
မေးစေ့ကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး
"မင်းကငါ့ကိုကြိုက်တယ်?"
သူ့ရဲ့လက်က ရုတ်တရက်ပိုတင်းလာခဲ့သည်။တစ်ခဏလောက်
QiuYanZhiကသူ့ရဲ့ခေါင်းကိုဖိညှစ်ခံရမှာကို ကြောက်လန့်
နေမိသည်။အဲ့ဒီနောက်တစ်ဖက်လူကလှောင်ရယ်လိုက်တာကို
သူကြားလိုက်ရသည်။
"မင်းနဲ့ငါကတန်လို့လား?"
QiuYanZhiရဲ့မျက်လုံးတွေကကျယ်လာပြီး
အလန့်တကြားဖြစ်သွားခဲ့သည်။သူ့မျက်နှာမှာ မျက်ရည်ပေါက်
ကြီးငယ်ကျဆင်းလာခဲ့သည်။သူ့ရဲ့ပါးစပ်က ဘာမှမပြောနိုင်
တော့ပဲ ဟစိဟစိဖြစ်နေခဲ့သည်။သူ့မျက်နှာကနာကျင်မှုတစ်ဝက်
ကြောက်စိတ်တစ်ဝက်ဖြင့်ပြည့်နေခဲ့သည်။HeZhouက
သူ့မေးစေ့ကိုကိုင်ထားတဲ့လက်ကိုမလွှတ်ရသေးခင်မှာပဲ
သူက ကြိုးပြတ်သွားတဲ့ရုပ်သေးရုပ်လိုမျိုးမြေပြင်ပေါ်ကို
ပြိုလဲကျသွားခဲ့သည်။သူ့ခန္ဓာကိုယ်တစ်ခုလုံးကတုန်ရီနေခဲ့သည်။
သူက လုံးဝကိုဒုက္ခရောက်နေပြီး တစ်ချိန်တည်းမှာပဲ
သနားစရာကောင်းပုံပေါ်နေသည်။HeZhouကသူ့ကို
ဒုတိယမြောက်အကြည့်တစ်ချက်တောင်မပေးတော့ပဲ
သူ့ခေါင်းကိုမော့လိုက်ပြီးထွက်သွားခဲ့သည်။HeZhou
လုံးလုံးမကွယ်ပျောက်သွားခင် QiuYanZhiကမြေမြင်ပေါ်မှ
ထရပ်လိုက်သည်။သူ့ရဲ့ခေါင်းကိုငိုက်စိုက်ချပြီးသူ့မျက်နှာကို
ပွတ်လိုက်သည်။အဲ့အချိန်မှာသူ့အမူအရာက
ဘယ်လိုရှိတယ်ဆိုတာပြောဖို့ခက်တယ်။သူ့ပတ်ပတ်လည်
ပတ်ဝန်းကျင်က ရုတ်ချည်းဆိုသလိုအဝေးတစ်နေရာမှ
တောင်ပံရိုက်ခတ်ခံဖြင့် ပြည့်သွားခဲ့သည်။အဖြူရောင်
မြူထုကလဲထူးဆန်းစွာထွက်ပေါ်လာပြီး ဖြည်းဖြည်းချင်း
ပျံ့ နှံ့လာခဲ့သည်။နီဝါရောင်ဘောလုံးလေးကလဲပေါ်ထွက်
လာခဲ့သည်။ဘောလုံးလေးကသေးငယ်တဲ့အတောင်ပံလေး
၂ဖက်ကိုရိုက်ခတ်နေပြီးလHeZhouထွက်သွားရာဖက်ကို
ငေးကြည့်နေခဲ့သည်။ထို့နောက် မျက်လွှာချထားပြီး
တိတ်ဆိတ်နေတဲ့QiuYanZhiကိုကြည့်လိုက်ပြီး
တစ်စုံတစ်ခုကိုစိုးရိမ်နေသယောင်မေးလိုက်သည်။
"YanZhi....အဆင်ပြေရဲ့လားဗျ"
"BigYellow....."
QiuYanZhiကလက်သီးဆုပ်ထားပြီး တုန်လှုပ်နေခဲ့သည်။
သူ့အသံကအနည်းငယ်အက်ကွဲနေခဲ့သည်။
BigYellowကအနည်းငယ် ထိပ်ပျာသွားပြီး
"မင်း ငိုနေခဲ့တာလား...အိုက်ယား ၀မ်းမနည်းပါနဲ့
HeZhouကဇာတ်ကောင်သက်သက်ပါပဲဗျာ။
ဘာဆက်ဖြစ်မယ်ဆိုတာ မသိတာတော့မဟုတ်ပါဘူးနော်
မင်း...."
QiuYanZhiရဲ့အသံကတုန်ခါနေခဲ့သည်။
"ငါ့ရဲ့သရုပ်ဆောင်စကေးကတော့ သောက်ရမ်း
အံ့သြသင့်စရာပဲ....မင်းအဖေငါက သောက်ကျိုးနည်း
ဉာဏ်ကြီးရှင်ပဲကွ!"။
YOU ARE READING
Today, the Foolish Scum Gong Screwed Me Over Again(mm translation)
RomanceQiu Yanzhi ကတက္ကသိုလ်ကျောင်းသာဘ၀ကိုစိတ်ကုန်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူကလူကြိုက်များတဲ့ အစစ်အမှန်ပတ်၀န်းကျင်ပုံစံဖန်တီးထားတဲ့ dating game တစ်ခုနဲ့ကြုံတွေ့လာသောအခါ..... He Zhou ဆိုတဲ့ ပစ်မှတ်ကသူ့အမြင်ကိုချက်ချင်းဖမ်းစားဆွဲဆောင်စေခဲ့တယ်။ ဒါပေမယ့် ဘာလို့...