Big Yellow: "..."
Qiu Yanzhi လဲမတတ်နိုင်စွာနဲ့ လှည့်ပတ်ကနေလိုက်ကာ "မင်းအခုလေးတင် တွေ့လိုက်လား? ငါ့မျက်ရည်တွေ ဖြတ်ခနဲထွက်လာပြီး ရွှတ်ခနဲပြန်၀င်သွားတာကိုလေ။ အတိအကျနဲ့ကိုအချိန်ကိုက်ပဲ! မင်းအဲ့ဒါကို မှတ်တမ်းတင်ထားလိုက်တယ်မလား? ငါ့ကိုပြန်ဖွင့်ပြပေးစမ်းပါ! ငါ့ရဲ့ပြောင်မြောက်လှတဲ့သရုပ်ဆောင်စကေးတွေကိုပြန်ကြည့်ချင်လို့... TV show တွေထဲမှာပါတဲ့ ဗီလိန်တွေထက် ငါကပိုတော်တဲ့သရုပ်ဆောင်ပဲ။ ငါဒီနေရာမှာ ဆောက်ရမ်းတော်တာပဲ။ ငါအရင်တုန်းက ပြဇာတ်မေဂျာကိုအဓိကယူခဲ့ရမှာ။ တခြားကြောင့်တော့မဟုတ်ပါဘူး Laozi မှာရှိနေတဲ့ ဘုရားသခင်ကောင်းချီးပေးတဲ့ ပင်ကိုစွမ်းရည်ကြောင့်ပါ hahahaha..."
Big Yellow: .......
Big Yellow သတိလက်လွတ်ငေးနေတာကိုမြင်ပြီးနောက် Qiu Yanzhi ကမေးလိုက်သည်။ "မင်းဘာတွေငေးမောကြည့်နေတာလဲ? မြန်မြန် ငါ့ကို ဗီဒီယိုပြလေ။ ဒါငါပွဲဦးထွက်ခွင့်ရမယ့်အခွင့်အရေးတစ်ခုဖြစ်လာနိုင်တယ်..."
Big Yellow: "ကျွန်တော်တို့ ကုမ္ပဏီမှာ screen recording လုပ်ပေးနိုင်တဲ့ function ကခုထိမထွက်သေးပါဘူး..."
Qiu Yanzhi စိတ်နည်းနည်းပျက်သွားကာ သူ့နှုတ်ခမ်းကိုကိုက်လိုက်ရင်းနဲ့ "ကျစ် screen record လေးတောင်မလုပ်နိုင်ပဲနဲ့ သူ့ကုမ္ပဏီကို ကမ္ဘာ့အဆင့်အမြင့်ဆုံးနည်းပညာကုမ္ပဏီလို့ပြောနေသေးတယ်... မင်းတို့ကုမ္ပဏီကထုတ်လိုက်တဲ့ဒီဂိမ်းကလဲ ဒီလိုပါပဲလေ။"
"ဒီလိုပါပဲ?" Big Yellow နာကျင်မှုမျက်ရည်အပြည့်နဲ့ "ဒီသစ်ပင် ဒီပန်း ဒီကျူပင်တွေကိုကြည့်ပါဦး။ မင်းကဒီလိုအသေးစိတ်ကျတဲ့အဆင့်ကို ဒီလိုပါပဲလို့ပြောတယ်ပေါ့လေ?"
Qiu Yanzhi ကစိတ်မ၀င်စားဟန်ဖြင့် ပုခုံးတွန့်လိုက်ကာ ပတ်၀န်းကျင်ကိုလှည့်ပတ်လျှောက်ကြည့်လိုက်သည်။
"ငါဒီလို VR ဂိမ်းထဲလုံး၀နစ်မြုပ်ပြီးဆော့ရတာမျိုးမှမဆော့ဖူးတာ။"
Big Yellow ကသူ့နောက်လိုက်လာကာ ခဏလောက်ပွစိပွစိပြောနေလိုက်သည်။ "ဒါဆိုမင်းတခြားဂိမ်းတွေဆော့ဖူးရင် သိမှာပါ။ အဲ့ဒါတွေနဲ့ယှဥ်လိုက်ရင် ကျွန်တော်တို့ဂိမ်းက ဒီလုပ်ငန်းထဲမှာ အကောင်းဆုံးပဲ။ ဒါကတကယ့်ကမ္ဘာအစစ်နဲ့ ခွဲခြားလို့မရနိုင်လောက်အောင်ပဲ။ ကျွန်တော်ချဲ့ကားပြောနေတာမဟုတ်ဘူးနော်..."
![](https://img.wattpad.com/cover/275064588-288-k688381.jpg)
आप पढ़ रहे हैं
Today, the Foolish Scum Gong Screwed Me Over Again(mm translation)
रोमांसQiu Yanzhi ကတက္ကသိုလ်ကျောင်းသာဘ၀ကိုစိတ်ကုန်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူကလူကြိုက်များတဲ့ အစစ်အမှန်ပတ်၀န်းကျင်ပုံစံဖန်တီးထားတဲ့ dating game တစ်ခုနဲ့ကြုံတွေ့လာသောအခါ..... He Zhou ဆိုတဲ့ ပစ်မှတ်ကသူ့အမြင်ကိုချက်ချင်းဖမ်းစားဆွဲဆောင်စေခဲ့တယ်။ ဒါပေမယ့် ဘာလို့...