Episode 4(unicode)

246 67 2
                                    

He Zhou လဲ Qiu Yanzhi ရဲ့မျက်နှာလေးကို သူပိုင်ဆိုင်တဲ့အရာတစ်ခုလို ညင်ညင်သာသာထိကြည့်လိုက်သည်။

Qiu Yanzhi ရဲ့မျက်တောင်လေးတွေက ရုတ်တရက် တုန်ခါလာလေသည်။

He Zhou ကသူ့လက်ကိုချက်ချင်းပြန်ရုတ်လိုက်မိသည်။

ခဏအကြာ Qiu Yanzhi ရဲ့မျက်လုံးတွေ ဖွင့်ဟလာလေသည်။

မျက်တောင်အသာခတ်ပြီးနောက် He Zhou ကို ဗလာအကြည့်နဲ့ကြည့်လိုက်သည်။

"He Zhou..." လို့ Qiu Yanzhi ခေါ်လိုက်ပြီး ခဏတန့်သွားသည်။

He Zhou က Qiu Yanzhi နဲ့ဆို ဘယ်တုန်းကမှ ဒီနေ့လိုစိတ်မရှည်ဖူးဘူး။ သူက Qiu Yanzhi ကိုကြည့်ပြီးမေးလိုက်သည်။ " ဘာဖြစ်လို့လဲ။ မင်းရေသောက်ချင်လို့လား။"

" ဟင့်အင်း" Qiu Yanzhi က He Zhou ကိုပဲကြည့်နေကာ "မင်းကအရမ်းခန့်တာပဲ"

"မင်းစိတ်မဆိုးနေတဲ့အခါ ပိုတောင်မှခန့်သေး... "Qiu Yanzhi မျက်တောင်ခတ်လိုက်ကာ သူ့ကံကိုစမ်းကြည့်လိုက်သည်။ "မင်းငါ့ကိုတစ်ခါလောက်မပြုံးပြပေးနိုင်ဘူးလားဟင်..."

He Zhou: "..."

He Zhou ကပြင်းပြတဲ့ဆန္ဒကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပဲ Qiu Yanzhi ရဲ့နှာခေါင်းထိပ်လေးကို အသာထိတို့လိုက်ကာ "ငါပြုံးတာမြင်ဖို့အတွက်လေးနဲ့ မင်းငါ့ကိုကယ်ခဲ့တာလား။"

Qiu Yanzhi ကဒီအခွင့်အရေးကိုအရယူပြီး ပြန်ရုတ်သိမ်းခါနီး He Zhou ရဲ့လက်ကိုဖမ်းဆွဲလိုက်ပြီးနောက် မျက်ခုံးလေးတွေတွန့်ချိုးလိုက်ကာ "ငါမင်းကိုကယ်ခဲ့တာက မင်းကိုသဘောကျလို့ပါ"

Qiu Yanzhi ကခဏရပ်လိုက်ကာ He Zhou ရဲ့မျက်လုံးတွေကိုကြည့်ပြီး နူးညံ့စွာပြောလာလေသည်။ "မင်းအတွက်ဆို... ငါသေရမယ်ဆိုရင်တောင် သေဖို့ဆန္ဒရှိပါတယ်။"

 He Zhou က Qiu Yanzhi ကိုကြည့်နေရင်း သူ့လက်တွေပူလာသလိုခံစားရသည်။

"အမေသားကိုမွေးခဲ့တာ ယောကျာ်းတစ်ယောက်အတွက် သေဖို့အတွက်လား ဟင်။" မိန်းမတစ်ယောက်က အံကြိတ်ပြီးရုတ်တရက်ပြောလာလေသည်။ ဆေးရုံခန်းတံခါးပွင့်လာပြီး Zhong Yabai ကမျက်လုံးထဲက အနီရောင်အလင်းတန်းတွေထွက်ကာလျှောက်လှမ်းလာလေသည်။

Today, the Foolish Scum Gong Screwed Me Over Again(mm translation)Donde viven las historias. Descúbrelo ahora