Episode 3(unicode)

260 60 0
                                    

"ငါတစ်နေရာရာများ ချွတ်ယွင်းနေတာလား?"
Qiu Yanzhi ကသူ့နှလုံးသားအောက်ခြေကနေ
သူ့ကိုယ်သူတစ်ကယ်ကိုစစ်မှန်စွာ မေးခွန်းထုတ်လိုက်မိသည်။
He Zhou ကသူ့ရှေ့ကလူကိုစေ့စေ့စပ်စပ်ကြည့်နေလိုက်ပြီး
သူ့ရဲ့"တရားဝင်တွဲဖက်"ကဒီထူးဆန်းတဲ့ တိရစ္ဆာန်အော်သံကို
လုပ်ပြီးတဲ့နောက်မှာ သူ့(YanZhi) မျက်နှာတစ်ခုလုံးက အရှက်ရမှုဖြင့် နီရဲနေခဲ့သည်။ ထိုသူက
သူရဲ့ခေါင်းထိပ်မှာရှိနေတဲ့ချယ်ရီသီးနဲ့ တစ်ရောင်ထဲ
တူညီနေသည်။
သူက ချစ်ဖို့ကောင်းတဲ့စိတ်ပိုင်းဆိုင်ရာချွတ်ယွင်းနေသည့်
အရူးတစ်ယောက်နဲ့တူတယ်။
He Zhou က Qiu YanZhi ရဲ့မျက်နှာကို တစ်ခါမှ
လေးလေးနက်နက်မကြည့်ခဲ့မိဖူးဘူး။ဒါပေမဲ့ အခုသူ
ကြည့်မိတဲ့အခါမှာတော့ ထိုသူကမိုက်မဲတဲ့ပုံပေါ်ပေမဲ့လည်း
ချစ်ဖို့ကောင်းတယ်ဆိုတာ သူသိလိုက်ရသည်။
ထိုသူရဲ့နက်မှောင်တောက်ပတဲ့မျက်လုံးတွေ၊သူရဲ့ရှက်သွေး
ဖြန်းနေတဲ့မျက်နှာလေး၊ပြီးတော့သူ့ရဲ့ဆံပင်အနက်ရောင်
ပေါ်မှာရှိနေတဲ့ ချိုမြပြီးရင့်မှည့်နေတဲ့ချယ်ရီသီးရယ်....
သူက အရမ်း....ကိုချစ်ဖို့ကောင်းလွန်းတယ်။
Qiu YanZhi ရဲ့မျက်နှာအသွင်အပြင်က သူ့ရဲ့အတွင်းဖက်
စိတ်နေသဘောထားလှပမှု၊ဖြူစင်ရိုးသားမှုနဲ့စက်ဆုပ်စရာ
ကောင်းမှုတို့ဖြင့် အပြည့်အ၀သက်ရောက်မှုရှိနေတယ်။
Qiu YanZhi ကHeZhou ရဲ့ရှုပ်ထွေးနေတဲ့မျက်လုံး
တွေက တဖြည်းဖြည်းရွံရှာတဲ့အမူအရာဆီကို ပြောင်းလာ
တာတွေ့လိုက်ရတယ်။
ရှက်ဖို့ကောင်းလိုက်တာ.........
အကျိုးနည်းပါပြီကွာ.......
"ဒီဆိုးရွားလွန်းတဲ့ အိမ်ထောင်သည်မိန်းမ"က မင်္ဂလာပွဲနေ့က
လူထုရှေ့မှာ တွန်းချခံခဲ့ရပြီး အခုလည်းလူတွေရှေ့မှာ
ကြောင်အော်သံလုပ်နေမိစဉ် သူ့ခေါင်းပေါ်ကို
ငှက်ချေးပါချခံလိုက်ရသည်။(HeZhou ပြောတဲ့
နီနီရဲရဲချယ်ရီသီးဆိုတာကိုသိကြပြီထင်ပါတယ်😂)
Qiu YanZhiက အဲ့ဒီနေရာမှာတောင့်တောင်ကြီး
ရပ်နေကာ သူ့ရဲ့အိတ်ကပ်ထဲမှလက်ကိုင်ပဝါကို
ရှာနေမိသလို He Zhou ရဲ့လက်ကတဖြည်းဖြည်း
မြောက်တက်လာခဲ့သည်။
တစ်စက္ကန့်....၂စက္ကန့်ကြာပြီးနောက်မှာတော့
HeZhou ရဲ့ဆန့်ထားတဲ့လက်က Qiu YanZhi ရဲ့ခေါင်း
ကိုထိမိလုနီးပါးရောက်လာခဲ့သည်။ Qiu YanZhi က
အသက်ရှူဖို့တောင် ခက်သထက်ခက်လာခဲ့သည်။
လက်က နီးသထက်နီးလာခဲ့သည်။
သူငါ့ကိုဘာလုပ်မှာလဲ?ငါ့ကိုရိုက်မှာလား?ငါဘာလုပ်သင့်လဲ?
သူငါ့ကိုရိုက်မှာကိုခွင့်ပြုလိုက်ရမလား?ဒါမှမဟုတ်
ငါထွက်ပြေးသင့်လား?အား!ငါမသိတော့ဘူး....နေပါဦး....
သူကငါ့ကိုဘာလို့ရိုက်မှာလဲ?ငါရှောင်လိုက်ရမလား?
ဒါမှမဟုတ် ပြန်ခုခံရမလား?ငါငိုလို့ရောရလား?
HeZhou ရဲ့လက်မောင်းကသူ့ပစ်မှတ်ကို
ရှာတွေ့သွားတဲ့အချိန်မှာ QiuYanZhiကတုန်လှုပ်နေခဲ့သည်။
........fuck!
He Zhouက....

Today, the Foolish Scum Gong Screwed Me Over Again(mm translation)Where stories live. Discover now