Episode-6(Zawgyi)

178 18 0
                                    

သိုးသားကင်နဲ့ ဝိုင်ယူလာပြီး ၀င်လာတဲ့ Qiu Yanzhi နဲ့ Zhang Yuxuan ၀င်လာချိန်မှာပဲ  Zhao Rui ရဲ့ချစ်သူက လှည့်ပတ်ကြည့်ပြီးရယ်မောကာပြောတာကြားလိုက်ရသည်။ "မင်းရဲ့အိမ်မှာ ဒီလိုအရှုပ်တွေလုပ်နေတုန်း မင်းယောကျာ်းပြန်လာရင်ဘယ်လိုလုပ်မလဲ?”

He Zhou ကအ၀င်ဝနားမှာ ရပ်နေပြီး လမ်းလျှောက်ဝင်လာခါနီးနေပြီ။ သူအဲ့ဒါကိုကြားတာနဲ့ ရပ်လိုက်မိတော့သည်။

Qiu Yanzhi ကသူယူလာတဲ့ ဘီယာပုလင်းတွေ ဝိုင်ဖြူတွေနဲ့ နိုင်ငံခြားဖြစ်ဝိုင်တွေကို သူ့လက်ထဲကနေ စားပွဲပေါ်တင်လိုက်သည်။ ပုလင်းဖောက်တံနဲ့ အဲ့ဒါတွေအကုန်လုံးကိုဖောက်လိုက်ပြီး သူ့အတွက် ခွက်ကြီးကြီးထဲလောင်းထည့်လိုက်သည်။ သူကပြုံးကာ "စိတ်မပူပါနဲ့! သူဒီညပြန်လာမှာမဟုတ်လို့ လွတ်လွတ်လပ်လပ်ပျော်လို့ရပါတယ်!"

"သူကဘာလို့ပြန်မလာတာလဲ? မင်းတို့၂ယောက်က လက်ထပ်ပြီးခါစမဟုတ်ဘူးလား?”

"အပြင်ဖက်မှာ သူ့ဇယားအပိုလေးတွေရှိနေတာများလား? ဟားဟားဟား ငါကဒီတိုင်းနောက်လိုက်တာပါ..."

"ငါတို့ဒီခေါင်းစဉ်ကိုပြောနေတုန်း ငါသေလောက်အောင်သိချင်တဲ့အရာတစ်ခုရှိတယ်။ မင်းရဲ့မင်္ဂလာဆောင်မှာ ဘာဖြစ်သွားခဲ့တာလဲ?”

Zhang Yuxuan ကခေါင်းစဉ်က အထိမခံနိုင်လောက်တဲ့နယ်မြေထိရောက်လာတာ မြင်လိုက်တော့ ချက်ချင်းအော်လိုက်သည်။ "မင်းဘာလို့ဆောက်ရေးမပါတာတွေမေးနေတာလဲ Zhou Qi?"

Qiu Yanzhi ကသူ့ဖန်ခွက်ထဲက ဝီစကီအကုန်လုံးကိုမော့သောက်ချပလိုက်ပြီး သူ့မျက်နှာတစ်ခုလုံးက စပျစ်သီးခြောက်လို ရှုံ့တွသွားလေသည်။ သူကနောက်ဖန်ခွက်တစ်ခုကို ကိုင်မြှောက်ရင်းအော်လိုက်သည်။ "Yuzuan ရပါတယ် ငါတို့အကုန်လုံးကသူငယ်ချင်းတွေပဲ မင်းတို့ကောင်တွေကြိုက်တာမေးကြ ငါသေချာပေါက်ဖြေပေးမယ် ဒါပေမယ့် မေးမယ့်သူက အရင်တစ်ခွက်သောက်ကြေးပဲ!"

ဟက် ဘယ်လိုကိုင်တွယ်ရမလဲသူသိတာပေါ့။

He Zhou ကအဲ့နေရာမှာပဲရပ်နေလိုက်ပြီး သူအိမ်မှာမရှိတုန်း ဘယ်လောက်တောင်အရူးထနေမလဲ မြင်ချင်နေသည်။

Today, the Foolish Scum Gong Screwed Me Over Again(mm translation)Where stories live. Discover now