အဲ့ဒါကို He Zhou ကြားတာနဲ့ အံကြိတ်လိုက်ရင်း သူ့မျက်နှာကလဲမည်းမှောင်လာလေသည်။ "Qiu Yanzhi မင်းစိတ်လွတ်နေတာလား။ ငါ့ရုံးခန်းမှာ ရန်လာမစနဲ့!”
Meng Zikang ဟာသူစော်ကားခံနေရသလိုခံစားလာရသည်။ သူဟာဒေါသကြောင့်တုန်ယင်လာပြီး သူ့စကားတွေကလဲ အကြောင်းကြောင်းကြောင့် ဗလုံးဗထွေးဖြစ်လာကာ
"ငါတို့ကြားမှာ ဘာမှမဖြစ်ခဲ့ကြပါဘူး။ ငါတို့...ငါတို့က သူငယ်ချင်းတွေပါပဲ။""သူငယ်ချင်းတွေပဲတဲ့လား?" Qiu Yanzhi အော်ရယ်မိမတက်ပဲ။
"လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ကထဲက မင်းအပေါ်ထားတဲ့ He Zhou ရဲ့ခံစားချက်တွေကို မင်းမသိဘူးလို့ငါ့ကိုလာမပြောနဲ့။ မင်းပေးခဲ့တဲ့ ခေါင်းလောင်းအပျက်ကိုတောင် ခုချိန်ကိုယ်ပေါ်မှာဆောင်ထားတုန်းပဲ..""Qiu Yanzhi! ပါးစပ်ပိတ်ထားလိုက်တော့!" He Zhou ကရုတ်တရက်ခက်ထန်စွာ တားမြစ်လိုက်သည်။
"...ခေါင်းလောင်း?" Meng Qikang ကတောင့်တင်းသွားပြီး He Zhou ဖက်ကိုအံ့အားသင့်စွာ လှည့်ကြည့်လာကာ "အဲ့တုန်းကထဲက မင်းသိမ်းထားခဲ့တာလား..."
ချစ်လှစွာသော ဇာတ်လိုက်သခင်မလေးရေ။ အခုမှသိတာလား?
နောက်ဆုံးတော့ Qiu Yanzhi ဟားတိုက်ရယ်မောလိုက်သည်။ သူ့ရဲ့တစ်ခုထဲသောနောင်တကတော့ ခုချိန်မှာထိုင်ဝါးဖို့ ကွာစိတွေမရှိနေတာပဲ။
ဒါပေမယ့် သူ့ငုံ့ကြည့်လိုက်တဲ့အခါ သူ့လက်ထဲမှာ ကိုင်ထားလျက်ရှိတဲ့နေ့လည်စာထမင်းဘူးကိုတွေ့လိုက်ရသည်။
အသစ်စက်စက် နို့စိမ်းရောင် ထမင်းဘူးလေးပဲ။
သစ်လွင်ပြီးတောက်ပနေလိုက်တာ။
-Qiu Yanzhi ရဲ့ဉီးခေါင်းထိပ်ပိုင်းလိုပဲ။
သူဒီနေ့လည်စာကို ဘယ်လောက်တောင်ပျော်ရွှင်နေပြီး မျှော်လင့်ချက်အပြည့်နဲ့ စိတ်ပါလက်ပါ ပြင်ဆင်နေမိလဲဆိုတာကိုတွေးမိတာနဲ့ Qiu Yanzhi ကဒေါသအမျက်ချောင်းချောင်းထွက်လာတော့သည်။
သူထမင်းဘူးကိုကြမ်းပြင်ပေါ်ပစ်ပေါက်လိုက်သည်။
ဒါပေမယ့် ထမင်းဘူးမှာလဲ သူ့ဒေါသနဲ့သူရှိနေလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ? သူ့ကိုပစ်လိုက်တဲ့အချိန်မှာ နံရံကိုရိုက်မိပြီး Meng Qikang ရှိရာဖက်သို့ တန်းတန်းမတ်မတ်ကြီး တစ်ရှိန်ထိုးပြန်ကန်ထွက်လာလေတော့သည်။
YOU ARE READING
Today, the Foolish Scum Gong Screwed Me Over Again(mm translation)
RomanceQiu Yanzhi ကတက္ကသိုလ်ကျောင်းသာဘ၀ကိုစိတ်ကုန်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူကလူကြိုက်များတဲ့ အစစ်အမှန်ပတ်၀န်းကျင်ပုံစံဖန်တီးထားတဲ့ dating game တစ်ခုနဲ့ကြုံတွေ့လာသောအခါ..... He Zhou ဆိုတဲ့ ပစ်မှတ်ကသူ့အမြင်ကိုချက်ချင်းဖမ်းစားဆွဲဆောင်စေခဲ့တယ်။ ဒါပေမယ့် ဘာလို့...