Fei Sihao ကလူကောင်းတစ်ယောက်ပါပဲ။
သူက perfect boyfriend တစ်ယောက်ဖြစ်ဖို့ စံနမူနာယူစရာ အကောင်းဆုံးဥပမာလို့တောင်ပြောလို့ရတယ်။
သူက ခန့်ညားတယ်၊ ယုံကြည်မှုရှိတယ်၊
ကြင်နာတတ်တယ်၊ romanticလည်းဆန်ပြီးတေ့ာဟာသဉာဏ်လည်း ရွှင်သေးတယ်လေ။သူက ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာ
ကိုလည်း သိတယ်။ သူက တစ်ဖက်လူကိုလည်း စိတ်ကျေနပ်အောင်ပြောတတ်ပြီးတော့ သူ့ဆီပါလာအောင် ဆွဲဆောင်တတ်တယ်။သူက သာမာန်လူတစ်ယောက် အလွယ်တကူချစ်မိသွားနိုင်လောက်တဲ့ ကာရိုက်တာမျိုးဖြစ်လေတယ်။
ဒါပေမယ့် သူက Qiu Yanzhi အတွက်တော့အရမ်းကို ချိုလွန်းနေတယ်လို့ခံစားရတဲ့ကာရိုက်တာမျိုးပဲဖြစ်တယ်။
Fei Sihao က Qiu Yanzhi ကိုငြီးငွေ့စေတယ်။
Qiu Yanzhi အနေနဲ့ ဘယ်အချိန်ကလဲတော့မသိဘူး သူ့ရဲ့ဘဝကြီးကငြီးငွေ့စရာကောင်းမှုတွေကြီးပဲထပ်နေသလိုပဲ။
လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကတော့ အက်လိုမဟုတ်ခဲ့ဘူး။ သူဆော့နေတဲ့ အဲ့ဂိမ်းက ငြီးငွေ့စရာတွေထပ်တလဲလဲဖြစ်နေတဲ့ သူ့ရဲ့ကမ္ဘာကို ပြန်လည်အသက်၀င်လာစေခဲ့တယ်။
ဒါပေမဲ့လည်း သူကဂိမ်းထဲကထွက်လာပြီး
နောက်မှာတော့ သူ့ဘဝကြီးက တဖြေးဖြေး
မှောင်မိုက်လာပြန်တယ်။Fei Sihao ကသူ့ကိုညစာစားဖို့ခေါ်တဲ့အချိန် သူသွားခဲ့တာပဲ။ Fei Sihao ကညရှုမျှော်ခင်းကိုသူနဲ့ အတူကြည့်ချင်တယ်ဆိုလည်း ကြည့်လိုက်တာပဲ။ Fei Sihao က သူ့လက်ကိုကိုင်ချင်တယ်ဆိုလည်း ပေးကိုင်လိုက်ပြန်တာပဲ။
Fei Sihao သူနဲ့တွဲဖို့ဖွင့်ပြောတုန်းကလည်း...
Qiu Yanzhi ကပြုံးပြပြီး သဘောတူလိုက်တာပဲ။
သူမှာ ဒီထက်ပိုကောင်းအောင်လုပ်ဖို့တခြားနည်းမရှိဘူးလေ။
ထပ်ပြီးပြောရရင်တော့ သူက Qiu XiCheng
အနေနဲ့ သူတို့နှစ်ယောက်ကို ဒီလောက်ဒုက္ခခံမိတ်ဆက်ပေးပြီး ဘာတွေကြံစည်နေတယ်ဆိုတာ သိချင်ရုံသက်သက်ပဲ။အနည်းဆုံးတော့ သူဒီ relationship ထဲကို
ဝင်ရောက်လာကထဲက Qiu Yanzhi ဂိမ်းထဲကို လဝက်လောက်မဝင်ဖြစ်ခဲ့ဘူး။
YOU ARE READING
Today, the Foolish Scum Gong Screwed Me Over Again(mm translation)
RomanceQiu Yanzhi ကတက္ကသိုလ်ကျောင်းသာဘ၀ကိုစိတ်ကုန်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူကလူကြိုက်များတဲ့ အစစ်အမှန်ပတ်၀န်းကျင်ပုံစံဖန်တီးထားတဲ့ dating game တစ်ခုနဲ့ကြုံတွေ့လာသောအခါ..... He Zhou ဆိုတဲ့ ပစ်မှတ်ကသူ့အမြင်ကိုချက်ချင်းဖမ်းစားဆွဲဆောင်စေခဲ့တယ်။ ဒါပေမယ့် ဘာလို့...