Qiu Yanzhi အိမ်ကိုပြန်ရောက်လာတော့ သူ့ဖုန်းကိုအားသွင်းပြီး ဖွင့်လိုက်သည်။
သူ့အမေ၊ အဖေ၊ အိမ်ထိန်းနဲ့ Zhang Yuxuan တို့ဆီက missed call တွေနဲ့တန်းတိုးတော့သည်။...
ဒါပေမယ့် သူအသေးစိတ်ကြည့်လိုက်တဲ့အခါမှာ တစ်ခုခုတော့ထူးဆန်းနေတာကို သတိပြုမိလိုက်သည်။
ဒီဖုန်းခေါ်ဆိုမှုတွေက သူပျောက်သွားပြီး ပထမရက်နဲ့ဒုတိယရက်တွေကပဲ။
အဲ့ဒါပြီးတဲ့နောက် တစ်ချို့ spam နံပါတ်တွေကလွဲရင် ဘယ်သူမှသူ့ကိုမဖုန်းခေါ်ထားဘူး။
Qiu Yanzhi က Zhong Yabai ကိုထပ်ခေါ်လိုက်သည်။ ကံကောင်းစွာနဲ့ ဒီတစ်ခါမှာတော့ တစ်ယောက်ကလာဖြေလေသည်။
"Yanyan? Yanyan သားလား?"
"အမေ-"
Zhong Yabai ရဲ့အသံကိုကြားလိုက်ရတာနဲ့ Qiu Yanzhi သူ့မျက်လုံးတွေစပ်ဖျင်းဖျင်းဖြစ်လာပြီး တမင်လုပ်ယူထားခြင်းမဟုတ်ပဲ နှာတရှုံ့ရှုံ့ဖြစ်လာတော့သည်။ သူငိုချင်းချမိလုနီးပါပဲ။
"အမေ၊ အမေတို့ဘယ်သွားကြတာလဲ? သားပြန်လာပြီလေ"
Zhong Yabai ကပြောလာတယ်။ "အမေတို့ Hongming ကျွန်းကိုအပန်းဖြေခရီးထွက်နေတာလေ။ ဘာတြွေဖစ်လို့လဲ။ He Zhou မင်းကိုမပြောပြဘူးလား?"
Qiu Yanzhi သူ့မျက်ရည်တွေကို အားတင်းပြီးမျိုသိပ်လိုက်သည်။
"...အမေတို့ အပန်းဖြေခရီးသွားတယ်လား?"
"ဟုတ်တယ်လေ မင်းအဲ့ကျွန်းကိုကြိုက်တယ်မဟုတ်ဘူးလား? မင်းအဖေနဲ့ငါ ဒီကျွန်းကိုဝယ်ဖို့ အရောင်းအ၀ယ်ကိစ္စညှိနှိုင်းဖို့ရောက်နေတာလေ။ ... သားရဲ့စာတမ်းကရော ဘယ်လိုလဲ? အမေကြားတာ ပြီးခါနီနေပြီဆို။ အိုက်ယား၊ He Zhou ပြောတာက မင်းအဲ့စာတမ်းအပေါ်အခုတလော စိတ်နှစ်ထားနေတယ်ဆိုလို့ မင်းအဖေနဲ့ငါ သားကိုအနှောင့်အယှက်မပေးချင်တာနဲ့…”
"...စာတမ်း?"
"အင်းလေ။ He Zhou ပြောတာက သားကသားအတန်းဖော်တွေ ပါမောက္ခတွေနဲ့ ဒီပရောဂျက်ကိုလုပ်ဖို့ Great Northwest ဖက်ကို လေ့လာရေးခရီးထွက်သွားတယ်တဲ့လေ။ အမေသူ့ဆီကကြားတာက အဲ့နားကပတ်ဝန်းကျင်ကသိပ်မကောင်းလို့ သားဖုန်းကွဲသွားတာတောင် အသစ်ဝယ်ဖို့မပြေဘူးတဲ့။ … ဟူး သားဘာလို့အမြဲခေါင်းမာနေရတာလဲ? အဲ့လိုနေရာမျိုးမှာသားသာထိခိုက်မိသွားရင် အမေဘယ်လိုလုပ်ရမလဲ? ဒါဆိုသားအခုဘယ်မှာလဲ? သားပြန်ရောက်ပြီလား?”
KAMU SEDANG MEMBACA
Today, the Foolish Scum Gong Screwed Me Over Again(mm translation)
RomansaQiu Yanzhi ကတက္ကသိုလ်ကျောင်းသာဘ၀ကိုစိတ်ကုန်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူကလူကြိုက်များတဲ့ အစစ်အမှန်ပတ်၀န်းကျင်ပုံစံဖန်တီးထားတဲ့ dating game တစ်ခုနဲ့ကြုံတွေ့လာသောအခါ..... He Zhou ဆိုတဲ့ ပစ်မှတ်ကသူ့အမြင်ကိုချက်ချင်းဖမ်းစားဆွဲဆောင်စေခဲ့တယ်။ ဒါပေမယ့် ဘာလို့...