''ရှင်း မေမေ ပြောပြမယ်''''တော်လိုက်ကြရအောင် ''
''ဘာ ''
တော်လိုက်ကြရအောင်ဆိုသောစကားသည် ကိစ္စတော်တော်များများရဲ့အဆုံးသတ်ဖြစ်သွားခဲ့ပုံရသည်..။
မပြီးမြောက်လိုက်သောစေ့စပ်ပွဲ
ရပ်တန့်လိုက်ရတဲ့ အော်ဟစ်သံတွေ
အမေတစ်ယောက်အနေနဲ့ တည်ရှိမှုတွေ စသဖြင့်ပေါ့..။ဆာဝါမူရာကိုရော ခဲတကိုပါလှည့်မကြည့်ခဲ့..ရှင်းသည် ဖြည်းညင်းစွာထွက်သွားခဲ့သည်..။
တီးတိုးပြောနေရင်းမှဆူညံလာသည့်ပရိသတ်တွေကြား..
တစ်ဖက်မှသတို့သမီးလောင်းလေးသည် သူဖြုတ်ချခံလိုက်ရသောလက်ကိုငုံ့ကြည့်ရင်း လက်စွပ်လေးနှစ်ကွင်းကိုသိမ်းဆည်းလိုက်တာ ဆာဝါမူရာမြင်လိုက်ရသည်..။
တစ်ခါတလေ ငါတို့ဟာငါတို့အတွက်မဟုတ်တဲ့နေရာမှာ ခံစားချက်အစစ်ကြီးတွေထည့်ပြီးကပြ နေခဲ့ကြဖူးတာပဲ..။
ငါတို့အတွက်မဟုတ်တဲ့နေရာမှန်းသိရက်နဲ့လေ..။
....
''ဘယ်ကိုမောင်းရမလဲ သခင်''
''ဆေးရုံ''
''ဟုတ်ကဲ့ပါ..''
ဟားခနဲအော်ရယ်လာသည့် သခင့်ရဲ့ရယ်မောသံတွေကြား ကားမောင်းနေရင်းပင်လက်တောင်တုန်လာသည်..။
သူထုပ်ပိုးထားခဲ့သောအမုန်းတရားများနှင့်နာကြည်းချက်သည် ဘာမှမဟုတ်တော့သည့်ဟာသတစ်ခုသာဖြစ်နေခဲ့သတဲ့
လူပြိန်းတစ်ယောက်ရဲ့ဘယ်သူမှမရယ်ရတဲ့
ခပ်ပေါပေါဟာသတစ်ခုလူစိမ်းအထိခံရမှာပင်ကြောက်ရွံ့နေသောကလေးငယ်၏ပုံရိပ်ကိုသူနားလည်ခဲ့ပြီ..။ အမှောင်ထဲတွေမနေဝံ့သောအပြုအမူများ ကိုကို့ကိုကျွန်တော်မမုန်းပါဘူးဟုဆိုသော စကားသံလေးတွေ
ကွဲကြေသွားသောအရုပ်လေးအကြောင်းကိုသူမသိခဲ့ပါ..သူသိသည်ကအရုပ်လေးသူ့ကိုထားသွားခဲ့ခြင်းဟုသာ..
''ဟာနာဇဝါရှင်း မင်းကစောက်ရူးပဲ''
အမေဖြစ်သူရဲ့အလိမ်အညာတွေအောက်မှာရက်စက်မှုတွေကြားမှာ သူက အရူးတစ်ယောက်ဖြစ်ခဲ့သည်.
DU LIEST GERADE
မာယာသီချင်းသည် (Sakura Dancing in the Rain)
Aktuelle Literaturဆာကူရာဟာ မတည်မြဲမှန်းသိပါလျက် မြတ်နိုးခဲ့သူ ကိုယ့်အတွက် မင်းဟာ Japanese / Psychosis (Own Craetion)