မယုံနိုင်ဖွယ်ရာသတင်းတစ်ပုဒ်သည် နှင်းဝေတဲ့မြို့ကလေးဝယ်ပျံ့နှံ့လာခဲ့သည်..။
ကင်ဒိုစံအိမ်တော်မှ သခင် ဟာနာဇဝါရှင်းသည် သူ့ဓားကိုစွန့်လွှတ်ခဲ့လေပြီ..။
သခင်မရိုကိုစံသည် သူ့သားအား သူမအသက်နှင့်ပါအလဲအထပ်လုပ်အကျပ်ကိုင်ခဲ့ပါသော်လည်း ထည်ဝါသောနဂါးနက်ပိုးဝတ်ရုံကိုခွာ၍ ဓားရှည်ကိုချန်ရစ်ခဲ့လေပြီ..။အကြောင်းရင်းကိုမည်သူမျှမသိကြသော်လည်းစေ့စပ်ပွဲတွင်ပျောက်သွားခဲ့သည့် မွေးစားသားအငယ်နှင့်ဆက်စပ်နေမည်ဟူ၍ တွေးမိကြသည်..။
တစ်ဦးတည်းသော ဆက်ခံသူအရှင်မရှိလျှင်ကင်ဒိုအိမ်တော်၏အရေးမှာစိုးရိမ်စရာကောင်းလွန်းလှပေသည်..။
မျိုးရိုးဂုဏ်ကိုမက်မောလွန်းလှသောသခင်မကြီးရိုကိုစံသည် ရင်ကွဲလုမျှမတတ်ဖြစ်နေခဲ့ပြီ..။
ခွမ်း!!
ကွဲကျခြေမွထားခြင်းခံရသော မှန်စများ၊ လက်ရာမြောက်ပန်းအိုးများကို နှမြောခြင်းကြီးစွာဖြင့်အစေခံတို့သည်ကောက်ယူသိမ်းနေကြရသည်..။
သူတို့လေးငါးနှစ်မျှရမည့်ဝင်ငွေလောက်ရှိသည့်ကြွေအိုးတွေလေ..။
သို့သော်မျက်ဝန်းများရဲရဲနီလျက်ရှိသည့်သခင်မရိုကိုစံကိုမတားရဲကြပါ..။မဟုတ်လျှင်ကြွေအိုးတွေနေရာမှာသူတို့ရဲ့ကိုယ်ခန္ဓာတွေဖြစ်ကုန်လိမ့်မည်..။
အနီရဲရဲပိုးဝတ်ရုံကိုလွှမ်းလျက် သခင်မရိုကိုစံလက်ထဲတွင် ရှင်း..ချန်ရစ်ခဲ့သောဓားရှည်ကိုဆုပ်ကိုင်ထားခဲ့သည်..။
''အမျိုးယုတ်ရဲ့သားက ငါ့သားကိုဖျက်ဆီးသွားခဲ့ပြီ တွေ့လား!! ဟာနာဇဝါရှုရာ!! ရှင့်သားကရှင့်အကျင့်နဲ့တစ်ထပ်တည်းပဲ အဲကောင်နောက်ကိုလိုက်ပြီး ထားသွားခဲ့ပြီ
ရှင့်လိုပဲလေ ''သခင်မရဲ့ဒေါသဟိန်းဟောက်သံအောက်မှာ ကြေကွဲဖွယ်ရာဆို့နင့်သံသည်စူးရှရှကပ်ပါလာခဲ့လေရဲ့..။
''ဘာကြောင့်များ ကျွန်မကိုပဲထားရက်နိုင်ခဲ့ရတာလဲ ကျွန်မမှာဘာမရှိလို့လဲ
အလှလား အာဏာလား အချစ်ဆိုတာလား ကျွန်မမှာဘာမရှိလို့လဲ ပြောကြစမ်းပါ ရှင့်သားကပါစွန့်ပစ်သွားပြီ ရှင့်ကြောင့်ပဲ''
YOU ARE READING
မာယာသီချင်းသည် (Sakura Dancing in the Rain)
General Fictionဆာကူရာဟာ မတည်မြဲမှန်းသိပါလျက် မြတ်နိုးခဲ့သူ ကိုယ့်အတွက် မင်းဟာ Japanese / Psychosis (Own Craetion)