ဆာကူရာပန်းပွင့်လေးက ကောင်းကင်ကြီးကိုကြည့်ရင်းခပ်တိုးတိုးလေးပြောတယ်
''ကျွန်တော်မိုးစက်တွေကိုစောင့်နေတာ''
ပန်းပွင့်လေးကိုအုပ်မိုးပေးထားတဲ့တိမ်ကလေးက ရယ်တယ်
''မိုးကိုမင်းမြင်ဖူးလား''
''ကျွန်တော်ကြားဖူးတာ
မိုးရေတွေ လောကကြီးကိုရောက်ရှိလာချိန် သစ်ပင်စိမ်းလေးတွေမွေးဖွားလာတယ်တဲ့ မိုးရဲ့မေတ္တာဓာတ်ကိုမြင်ချင်တယ်''ဆာကူရာပန်းလေးရဲ့မျှော်လင့်ခြင်းပြည့်နေတဲ့ ဝတ်ဆံတောက်တောက်လေးကိုကြည့်ရင်းတိမ်လေးကတိတ်ဆိတ်နေခဲ့တယ်..။
''မိုးရွာတဲ့နေ့ရောက်တော့မှာပါ
ငါတို့အတူကြည့်ကြမယ်လေ''ပန်းကလေးကပျော်ရွှင်ခဲ့တယ်
''ဟုတ်ပြီ အဲဒီနေ့''
နွမ်းခြောက်လာတဲ့ဆာကူရာကိုကြည့်ရင်းတိမ်လေးက ပိုလို့တိတ်ဆိတ်နေခဲ့တယ်..။
ရက်တွေကြာလာခဲ့ပြီပဲ
နွေဦးကုန်ဆုံးသွားရင် ဆာကူရာတွေကြွေမှာ..ကိုတိမ်လေးကသိပါတယ်..
ဆာကူရာပန်းတွေရဲ့သက်တမ်းကသိပ်တိုတောင်းလွန်းတာလည်းသိတယ်
မုသားတွေကချိုတာကိုလည်းသိတယ်
မိုးရာသီကိုရောက်ရှိလာခဲ့တဲ့အခါ ဖြူလွလွတိမ်လေးက အုံမှိုင်းလို့ အသက်မဲ့ ပန်းခြောက်လေးကိုငေးတယ်..
''မိုးတွေရွာပြီ ဆာကူရာ
ဆာကူရာပန်းတွေကနည်းနည်းလေးဖြစ်ဖြစ် ကြာရှည်မယ်ထင်ခဲ့တာ..''နည်းနည်းလေးဖြစ်ဖြစ်..
မိုးစက်တွေနဲ့ထိတွေ့ခွင့်ရစေချင်ခဲ့တာ
ဆာကူရာပန်းလေးက မိုးစက်တွေကိုနှစ်သက်တတ်မှန်းတိမ်လေးအရင်ကမသိခဲ့ဘူး..
တစ်ခြားပွင့်ဖတ်တွေက နေရောင်နဲ့နှင်းတွေကိုကြိုက်ကြပေမဲ့
အဲဒီဆာကူရာပန်းလေးကပဲ အေးစက်စက်မိုးရေတွေကိုချစ်မြတ်နိုးနေခဲ့တာ..ဘယ်သူ့ကိုမှဂရုမစိုက်တဲ့မိုးဟာ မုန်တိုင်းတွေနဲ့အတူလာတတ်ပြီး မည်းနက်တဲ့ရာသီဥတုကိုဖန်တီးတတ်ကြောင်း
YOU ARE READING
မာယာသီချင်းသည် (Sakura Dancing in the Rain)
General Fictionဆာကူရာဟာ မတည်မြဲမှန်းသိပါလျက် မြတ်နိုးခဲ့သူ ကိုယ့်အတွက် မင်းဟာ Japanese / Psychosis (Own Craetion)