ep-5

1.7K 132 1
                                    

Unicode <<<

တစ်မနက်လုံး..ကုမ္မဏီကိစ္စတွေနဲ့ ခေါင်းရှုပ်နေခဲ့
ရုံးဆင်းချိန်ရောက်မှပဲသက်ပြင်းချနိုင်သည်။ စည်းကမ်း ပျက်တဲ့ ဝန်ထမ်းတစ်ချို့နဲ့ အကျင့်ပျက်ခြစားနေတဲ့ ဝန်ထမ်းကိစ္စတွေ တစ်မနက်လုံးရှင်းနေရတာ လူကအတော်ပင် ပင်ပန်းနေပြီ ဖြစ်သည်။

အချိန်တန်ဘဝမှန်ကို ပြန်မှတ်မိတဲ့အခါ
ထွက်သွားဖို့ဆုံးဖြတ်ထားပေမဲ့ အသက်သခင်ကျေးဇူးရှင်ဖြစ်သည့် အပြင်မိမိ ကိုလဲညီအရင်းတစ်ယောက်လိုပြုစုစောက်ရှောက်ပျိုးထောင်
ပေးခဲ့တဲ့ Lay hyung ကိုတတ်နိုင်တဲ့ဘက်က ကူညီပြီးကျေးဇူးပြန်ဆပ်ရဦးပေမည်။

လွန်ခဲ့သော 4နှစ်ခန့် ⏪⏪⏪

တဆစ်ဆစ်ကိုက်နေသော ခေါင်း၊မှုန်ဝါးနေသော အမြင်အာရုံတွေနဲ့၊တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလိုမျိုးလှုပ်မရအောင် နာကျင်သော..ခံစားမှု အချို့တွေနဲ့အတူ ကျတော် နိုးထလာခဲ့တယ်။

အနဲငယ် မူးဝေနေပြီ..မပီ မသကြားလိုက်ရတဲ့ အသံတစ်ခုက <အဆင်ပြေ ရဲ့လား..>တဲ့။
အသံပိုင်ရှင်ကို မကြည့်လိုက်မိခင်မှာပဲ ကျတော်လောကကြီးနဲ့ ခန အဆက်သွယ် ပျက်သွားရပြန်ပါသည်။
       
ဘယ်ကလာမှန်း မသိ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ ကျတော့ကိုကယ်တင်ခဲ့တာက..Lay hyung
အက်စီးဒန့်ကြောင့်..မှတ်ဉာဏ်ပျောက်ဆုံးနေတဲ့အပြင်..မျက်နှာပါ ပျက်စီးနေလို့ Baekhyun လို့ခေါ်တဲ့ သူရဲ့ မျက်နှာနဲ့ ဘဝကို ပေးခဲ့ တဲ့ Lay hyung ကို ကျတော် တကယ် ကျေးဇူးတင်ပါသည်။

Baekhyun ဆိုတာက Lay hyungရဲ့ ပျောက်ဆုံးနေတဲ့ တစ်ဦးတည်းသော..ညီလေး။

ပျောက်နေတဲ့ ညီလေးကို မတွေ့ခင်အထိဟန်
ဆောင်ပေးပါလို့ အကူညီတောင်းလာတဲ့ hyung ကြောင့် Byun ဖေဖေနဲ့ Byun မေမေတို့ရဲ့ သားငယ်လေး အနေနဲ့ သက်သောင့်သက်သာ နေခဲ့ရသည်။
********************
ကုမ္ဗဏီမှ ထွက်လိုက်သည်နှင့် အောက်မှာရောက်နှင့်နေပြီဖြစ်သော ပြိုင်ကားအနီလေး။ကျွန်တော်သဘောကျ ပြုံးမိသည်။အရမ်းဂရုစိုက်တတ်လွန်းသည်မှာ Lay hyungရဲ့အကျင့်ပင်။လူကိုယ်တိုင်လိုက်မလာနိုင်သေးပေမဲ့ လိုလေသေးမရှိ အကုန်ဖြည့်ဆည်းပေးတတ်သည်။တစ်ခါတစ်လေ ကျွန်တော်လောဘ ကြီးမိသည် Lay hyungသာ ကျွန်တော့်အကို ဖြစ်ခဲ့ရင်ဘယ်လောက်ပင်ကောင်းလိမ့်မလဲလို့။

💔Masochism💔(Completed) Where stories live. Discover now