ep-36

1K 77 4
                                    

Unicode <<<

"အခြေနေ ဘယ်လိုလဲ.."

"အခုထိတော့ အေးဆေးပဲ Boss ပြစ်မှတ်က အိမ်မှာပဲ ရှိနေပါတယ်"

Chanyeol ရဲ့ ခြံရှေ့မှာရပ်ထားသော ဆိုင်ကယ် တစ်စီး။ အမှတ်တစ်မဲ့ လှမ်းကြည့်လိုက်ရင် မမြင်ရလောက်ပေမဲ့ ခြံအကွယ်နားမှာ အိမ်ထဲကို စောင့်ကြည့်နေသည့်သူတစ်ဦး။ all black ဝတ်ထားသည့်အပြင် မျက်နှာတစ်ဝက်ကို ပါ ဖုံးထားသောကြောင့် မည်သူ မည်ဝါ ဆိုတာ မသိရပေ။

အလုပ်ရှင် ဖြစ်ဟန်သူသော လူတစ်ယောက်နှင့် ph ပြောနေသည့် ထိုသူသည် Park Chanyeol တို့ ခြံထဲကို မသိမသာ တစ်ချက် တစ်ချက် လှမ်းလှမ်းကြည့်နေတတ်သည်။

"အင်းသေချာစောင့်ကြည့်ထား ငါ့ဘက်က ဘာမှ မပြောမခြင်းမလှုပ်ရှားနဲ့ "

"ဟုတ်ကဲ့ Boss"

"ပြီးတော့..သူ့ကိုအမြဲစောင့်ကြည့်ထား တစ်ခုမကျန် အကုန်ငါ့ကို သတင်းပို့"

"စိတ်ချပါ boss ကျွန်တော် သူကို မျက်စိအောင်က အပျောက်မခံစေရပါဘူး"

လျှို့ဝှက်သော ph ခေါ်ဆိုမှုအပြီးမှာကောက်ကျစ်စွာ ပြုံးလိုက်သည့် အသက်အလတ်ပိုင်လူတစ်ဦး။

"ဟက်..Park Chanyeol... Park Chanyeol...
မင်းပြောတော့ မင်းမှာ အားနည်းချက်ဆိုတာ မရှိဘူးဆို ကြည့်ရတာ ငါမင်းရဲ့ အကြီးမားဆုံးအားနည်းချက်ကြီးကို ရှာတွေ့ ပြီ ထင်တယ်"

Ph Screen မှာ ပေါ်နေတဲ့ Baekhyun နဲ့ ကလေးနှစ်ယောက် ပုံကိုကြည့်ပြီး ကျေကျေနပ်နပ်ကြီး အော်ရီ လိုက်သည်။ လှောင်ပြောင်မှု၊ မက်မော မှု တွေနဲ့ လူယုတ်မာဆန်တဲ့ အငွေ့သက်တွေ ကိန်းအောင်းနေတဲ့ ထိုလူသား..

"သိပ်မကြာခင်..Park လုပ်ငန်းစု က ငါ့ဆီ ရောက်လာတော့မှာပါ..အဟား.."

.....

Chanyeol ၏ မွေးနေ့ တစ်နည်းအားဖြင့် တစ်ပတ်မှာ နှစ်ရက်ပဲ ကုမ္မဏီ သွားတတ်သော သူ၏ ကုမ္မဏီ သို့သွားရမည့် နေ့။ အခု ထိ လုပ်ငန်းရှင်ကြီးက တော့ အိပ်ယာထဲ မှာ ကွေးလို့ကောင်းတုန်း။" ဒါလား..CEO သိပ်ကို ဝီရိယ ကောင်းလွန်းတယ်" ဟု Baekhyun တစ်ယောက်ထဲ ရီရွတ်ရင်း..Chanyeol ကို နိုးရတော့သည်။

💔Masochism💔(Completed) Hikayelerin yaşadığı yer. Şimdi keşfedin